What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 July 2021 20:23

COVID-19 ရောဂါရှာဖွေစစ်ဆေးရာသည့် Test Kits များ တင်သွင်းခြင်းအတွက် အသိပေးကြေငြာချက် FDA မှ ထုတ်ပြန်

COVID-19 ရောဂါရှာဖွေစစ်ဆေးရာတွင် အသုံးပြုသော  Test Kits များ တင်သွင်းခြင်းအတွက် ဖြေလျော့ပေးသည့် အသိပေးကြေငြာချက်ကို FDA မှ ထုတ်ပြန်ထားပါသည်။

အသိပေးကြေငြာချက်

COVID-19 ရောဂါရှာဖွေစစ်ဆေးရာတွင် အသုံးပြုသောဆေးပစ္စည်းများနှင့်ပတ်သက်၍ ဖြေလျော့ဆောင်ရွက်ပေးမည့်ကိစ္စ

COVID-19 ရောဂါရှာဖွေစစ်ဆေးရာတွင် အသုံးပြုသော
SARS-CoV-2 antigen diagnostic tests,
SARS-CoV-2 serology/ antibody tests,
Molecular Diagnostics Tests
များတွင် ယခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Emergency Use Listing (EUL) စာရင်းတွင် ပါဝင်သော ဆေးပစ္စည်း
များကိုသာ လျှောက်ထားခွင့်ပြုခဲ့ရာမှ ယခုအခါထပ်မံဖြေလျော့မှုအနေဖြင့် အောက်ဖော်ပြပါ Stringent Regulatory Authorities များမှ ခွင့်ပြုထားသော ဆေးပစ္စည်းများကို ဆေးပစ္စည်းတင်သွင်းခြင်း မှတ်တမ်းတင်ခြင်းထောက်ခံချက်အတွက် လျှောက်ထားခွင့်ပြုမည်ဖြစ်ပါသည်။ ထိုသို့လျှောက်ထားရာတွင်
လိုအပ်သောစာရွက်စာတမ်းများကို ပြည့်စုံမှန်ကန်စွာ တင်ပြရန်လိုအပ်ပါသည်-
(m) US FDA ၏ (EUA)
(a) Australia (Therapeutics Goods Administration-TGA)
(n) Singapore (Health Science Authority-HSA)
၂။ ဖြေလျော့မှုဖြင့်တင်သွင်းလာသော အဆိုပါဆေးပစ္စည်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည်ရှိမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုတို့အတွက် ဆေးပစ္စည်းတင်သွင်းဖြန့်ဖြူးသူနှင့် ထုတ်လုပ်သူတို့မှ အစစတာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

 

test.jpg

Read times Last modified on Thursday, 22 July 2021 20:41
Rate this item
(0 votes)