What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 October 2021 14:50

ကနေဒါတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအတွက် ကာကွယ်ဆေး အသုံးပြုခွင့်ရရှိရန် Pfizer ကုမ္ပဏီ လျှောက်ထား

ကနေဒါတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအတွက် ကိုဗစ်ကာကွယ်ဆေး အသုံးပြုခွင့်ရရှိရန်

အောက်တိုဘာ ၁၈ ရက်တွင် Pfizer-BioNTech ကုမ္ပဏီက ကနေဒါ ကျန်းမာရေး အာဏာပိုင်များထံ လျှောက်ထားခဲ့သည်ဟု သက်ဆိုင်ရာကုမ္ပဏီများနှင့် ကနေဒါအစိုးရက ပြောကြားသည်။

“ဒါဟာ အဲဒီအသက်အရွယ် အပိုင်းအခြားအတွက် ကိုဗစ်ကာကွယ်ဆေး အသုံးပြုခွင့်ရရန် ကနေဒါကျန်းမာရေး အာဏာပိုင်အဖွဲ့က ပထမဆုံး လက်ခံရရှိခဲ့သည့် လျှောက်ထားမှု ဖြစ်တယ်” ဟု ကနေဒါအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အသက်အရွယ် အပိုင်းအခြားတွင်ရှိသော ကလေးငယ်၂,၂၆၈ ဦးအား လက်တွေ့စမ်းသပ်မှုများမှ အချက်အလက်များကို အခြေခံကာ ယခုကဲ့သို့ ခွင့်ပြုချက် တောင်းခံခဲ့ခြင်းဖြစ်သည်။ ၎င်းအရွယ် ကလေးငယ်များကိုမူ ပုံမှန်ပမာဏထက် သုံးဆလျှော့ချထားကာ တစ်ကြိမ်ထိုးနှံရာတွင် ကာကွယ်ဆေး ၁၀ မိုက်ခရိုဂရမ်သာ ထိုးနှံပေးမည်ဖြစ်သည်။ Pfizer ကုမ္ပဏီက ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအတွက် ယင်းပမာဏသည် သင့်တော်သည့်ပမာဏ ဖြစ်သည်ဟု ဆိုသည်။

ကနေဒါတွင် အသက် ၁၂ နှစ်နှင့်အထက် အရွယ်များတွင် Pfizer ကာကွယ်ဆေး အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။

တင်သွင်းလာသော အချက်အလက်များကို စေ့စပ်သေချာစွာဖြင့် သီးခြားဆန်းစစ်လေ့လာမှုမှ ၎င်းကာကွယ်ဆေးသည် ယင်းအသက်အရွယ် ကလေးငယ်များတွင် ဆိုးကျိုးထက် ကောင်းကျိုးပိုများကြောင်း အတည်ပြုနိုင်မှသာလျှင် အသုံးပြုခွင့်ပေးသွားမည် ဖြစ်သည်ဟု ကနေဒါကျန်းမာရေးအာဏာပိုင်အဖွဲ့က ပြောကြားသည်။

အခြားကာကွယ်ဆေး ထုတ်လုပ်သူများသည်လည်း အသက်အရွယ်အုပ်စုမတူညီသည့် ကလေးငယ်များတွင် ၎င်းတို့၏ကာကွယ်ဆေးကို စမ်းသပ်နေကြောင်း ကနေဒါ အာဏာပိုင်များက အရိပ်အမြွက် ပြောကြားသည်။


ယခုလ အစောပိုင်းတွင်လည်း Pfizer-BioNTech ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအတွက် အသုံးပြုခွင့်လျှောက်ထားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးမှုများနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ ရှိနေသည်။ နိုင်ငံအများအပြားတွင် အသက် ၁၂ နှစ်နှင့်အထက် ဆယ်ကျော်သက်များအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသော်လည်း ၎င်းအသက်အရွယ်ထက် ငယ်ရွယ်သည့် ကလေးငယ်များကို ထိုးနှံပေးမှုသည် အလွန်နည်းပါးနေသည်။

ချမ်းသာကြွယ်ဝသည့် နိုင်ငံများတွင် ကလေးငယ်များနှင့် ဆယ်ကျော်သက်များကို ကာကွယ်ဆေး ထိုးနှံပေးခြင်းထက် ဆင်းရဲသော နိုင်ငံများတွင် အရွယ်ရောက်သူများကို ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မကြာသေးမီလများတွင် ပြောကြားခဲ့သည်။

ကနေဒါ၏ လူဦးရေ ၁၀ ရာခိုင်နှုန်းခန့်သည် အသက် ၅ နှစ်နှင့် ၁၄ နှစ်ကြားအရွယ် ကလေးငယ်များ ဖြစ်သဖြင့် လူထုအတွင်း လုံလောက်သော ခုခံအားရရှိစေရန်နှင့် ဗိုင်းရပ်စ်ကူးစက်မှုကိုလျှော့ချနိုင်ရန် ကလေးငယ်များကိုပါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် အရေးတကြီး လိုအပ်နေသည်။

news-eleven.com

 

 

Read times
Rate this item
(0 votes)