What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 26 July 2021 17:27

ပြည်တွင်းဖြစ် ကိုဗစ်ကုသဆေး Favipiravir ဆေးပြား အသုံးပြုဖို့ ထိုင်း FDA အတည်ပြုလိုက်ပြီ

ကိုဗစ်ကူးစက်မှု ပြန်မြင့်လာနေတဲ့ ထိုင်းနိုင်ငံမှာ COVID-19 လူနာ ကုသရေး အသုံးပြုဖို့ ၊ ထိုင်းအစိုးပိုင် ဆေးဝါးဖေါ်စပ်ရေးဌာန GPO က ထုတ်တဲ့

Favipiravir ဆေးပြားကို အသုံးပြုနိုင်ပြီလို့ ထိုင်းနိုင်ငံရဲ့ အစားအသောက်နဲ့ဆေးဝါး စီမံခန့်ခွဲရေးဌာန FDA က အတည်ပြု ပေးလိုက်ပါတယ်။

ထိုင်းပြည်တွင်းထုတ် Favipiravir ဆေးပြားဟာ သူ့နဲ့ အာနိသင်ခြင်းတူပြီး နိုင်ငံခြားကသွင်းရတဲ့ ဆေးတွေထက် ဈေး ထက်ဝက်လောက် သက်သာတယ်လို့ ထိုင်းဆေးဝါးထုတ်အေဂျင်စီ GPO က ကျွမ်းကျင်သူ Nantakarn Suwanpitakkun က ပြောပါတယ်။

လတ်တလော ထိုင်းနိုင်ငံရဲ့ ကိုဗစ်ကုသရေးမှာ နေ့စဉ် Favipiravir ဆေးပြား (၃)သိန်းလောက် လိုအပ်နေပြီး တလစာအတွက် ဆေးပြား(၉)သန်းလောက် သုံးနေရတာပါ။ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းမှာ စတင်လာခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-တတိယလှိုင်း နောက်ပိုင်း ကိုဗစ်ကုသရေးအပိုင်းမှာ ဆေးဝါးလိုအပ်ချက်ရှိတာကြောင့် ထိုင်းအစိုးရက ပြည်ပကနေ ဆေးပြား(၅.၅)သန်း တင်သွင်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အသစ်တွေ နေ့စဉ်တိုးလာနေတာပါ။ ဇူလိုင်လ(၂၅)ရက်နေ့ မနက် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ (၂၄)နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၁၅,၀၀၀ ကျော် ရှိတာကြောင့် အခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း (၄၉၇,၀၀၀) ကျော် ရှိလာပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့ တရက်ထဲမှာ ကိုဗစ်ကြောင့်သေဆုံးသူ (၁၂၉)ဦးရှိတာကြောင့် ၊ ထိုင်းမှာ ခုချိန်ထိ ကိုဗစ်ကြောင့်သေဆုံးသူ (၄,၀၅၉)ဦး ရှိသွားပြီဖြစ်ပါတယ်။ လူဦးရေ သန်း(၇၀)နီးပါးရှိတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး(၁၅)သန်းကျော် ထိုးနှံထားပြီး ဖြစ်ပါတယ်။
VOA

အဆိုပါ Favipiravir ဆေးပြားကို မြန်မာနိုင်ငံတွင်လည်း AA Medical Products Ltd. က FAVIPAC (Favipiravir 200mg) အမည်ဖြင့် ထုတ်လုပ်ပါသည်။

 

thai_aa.jpg

Read times Last modified on Monday, 26 July 2021 17:59
Rate this item
(0 votes)