What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 July 2018 11:13

အသက်သေဆုံးနိုင်သည့် အန္တရာယ်ရှိတဲ့ သွေးတိုးကျဆေးနှစ်မျိုး

အသက်သေဆုံးနိုင်သည့် အန္တရာယ်ရှိတဲ့ သွေးတိုးကျဆေးနှစ်မျိုး Google.com

သွေးတိုးရောဂါသည် နှလုံးရောဂါဖြစ်စေသော အဓိကအန္တ ရာယ်ဖြစ်ပြီး အမေရိကန်တွင် လူသေဆုံးမှုအများဆုံး ဖြစ်စေသည့် ရောဂါဖြစ်တစ်ဖြစ်ပါတယ်။

သို့သော် လေ့လာမှုအသစ်တစ်ရပ်အရ သွေးတိုး ကျရန် လူအများအသုံးပြုနေသည့် ဆေးဝါးနှစ်မျိုးကြောင့် အသက် သေဆုံးနိုင်ကြောင်း သိရပါတယ်။

ယူတားပြည်နယ် ဆော့တ်လိတ်ခ်စီးတီးမြို့ရှိ အင်တာမောင်း တိန်း ဆေးဘက်ဆိုင်ရာစင်တာ နှလုံးရောဂါအဖွဲ့အစည်းမှ သုတေ သီများ၏ လေ့လာမှုအရ Alpha Blockers နှင့် Alpha-2 agonists ဆေးနှစ်မျိုးကို သွေးတိုးကျရန်သုံးသော သွေးတိုးရောဂါသည်များ တွင် သွေးတိုးလာနိုင်ပြီး အသက်သေဆုံးနိုင်သည့်အန္တရာယ် မြင့်မားလာနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

သွေးကြောများ၏ နံရံကိုတွန်းသော သွေး၏အင်အားကို သွေး ပေါင်ဟု သတ်မှတ်သည်။ အမေရိကန်နှလုံးရောဂါကုသရေးအဖွဲ့ နှင့် အမေရိကန်နှလုံးပညာကောလိပ်တို့၏ လမ်းညွှန်မှုများအရ လူ တစ်ဦး၏ အပေါ်သွေး ၁၃၀ နှင့် အထက်ရှိပြီး အောက်သွေး ၈၀ နှင့် အထက်ရှိသော အခြေအနေကို သွေးတိုးသည်ဟု မှတ်ယူနိုင် ပါတယ်။

အပေါ်သွေးပေါင်သည် နှလုံးခုန်ချိန်၌ သွေးကြောနံရံကို တွန်း သော အင်အားဖြစ်ပြီး အောက်သွေးပေါင်သည် နှလုံးခုန်ချက်များ ကြား သွေး၏အင်အားကို ဆိုလိုပါတယ်။

ယခုလမ်းညွှန်ချက်အသစ်အရ အမေရိကန်တွင် အရွယ်ရောက်ပြီးသူ ထက်ဝက်ခန့်သည် သွေးတိုးရှိနေပြီး ၎င်းတို့သည် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် အခြားကျန်းမာရေးပြဿနာများ ကြုံနိုင်ခြင်းမြင့်မားကြောင်း ပညာရှင်များကပြောပါတယ်။

သွေးတိုးရောဂါ ကုသရာတွင် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ ကျန်းမာရေးနှင့်ညီသော အစားအစာစားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် အရေးကြီးသည်။ သွေးတိုးရောဂါသည်များသည် အထက်ပါဆေးနှစ်မျိုးကို ရှောင်ရှားသင့်ကြောင်း သုတေသီများကပြောပါတယ်။
source:7days

Read: ခေတ်မီဓာတ်မှန်စက်ကြီးများအတွက် အမေရိကန်ဒေါ်လာ၎မီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ပင်လုံဆေးရုံး

ခေတ်မီဓာတ်မှန်စက်ကြီးများအတွက် အမေရိကန်ဒေါ်လာ၎မီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ပင်လုံဆေးရုံး

Read times Last modified on Tuesday, 31 July 2018 11:59
Rate this item
(0 votes)