What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 August 2021 14:20

ထိုင်းဘီလျံနာ ကိုဗစ်အတွက် တိုင်းရင်းဆေး ရက် ၁၀၀ အတွင်း ထုတ်လုပ်မည်

ဖတလီဂျုံးဘယဆေးပင် ဖတလီဂျုံးဘယဆေးပင်

ထိုင်းဘီလျံနာ ကိုဗစ်အတွက် တိုင်းရင်းဆေး ရက် ၁၀၀ အတွင်း ထုတ်လုပ်မည်။


ကိုဗစ်တိုက်ဖျက်ရေးအတွက် တိုင်းရင်းဆေးကို ရောဂါမပြင်းထန်သူများ သုံးစွဲရန်အတွက် ရက်ပေါင်း ၁၀၀ အတွင်း စက်ရုံတည်ဆောက် ထုတ်လုပ်မယ်လို့ CP Group ဘီလျံနာ Dhanin Chearavanont က ကတိကဝတ်ပြုလိုက်တယ်။ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Dhanin Chearavanont ဟာ ထိုင်းမဟာလုပ်ငန်းစုကြီး Charoen Pokphand Group ရဲ့ ဝါရင့်ဉက္ကဋ္ဌကြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ကျန်းမာရေးစနစ်အပေါ် ဝန်ပိနေတဲ့ COVID-19 တွန်းလှန်နိုင်ဖို့ ဘယဆေးပင်ဖြင့် တိုင်းရင်းဆေး ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီတိုင်းရင်းဆေးက ရောဂါမပြင်းထန်တဲ့ ကိုဗစ်ကူးစက်ခံ လူနာတွေကို ရောဂါသက်သာအောင် ကူညီပေးမှာ ဖြစ်ပါတယ်။

အသုံးပြုမယ့် ဘယဆေးပင်က ဖတလီဂျုံး fah talai jone လို့ အမည်တွင်တဲ့အပင်ဖြစ်ပြီး လုပ်ငန်းစုပိုင် မြေ ၁၆ ဧကမှာ စိုက်ပျိုးထုတ်လုပ်သွားမယ်။ ဘန်ကောက်မြို့မှ မြောက်ဘက် ကီလိုမီတာ ၁၀၀ ‌အကွာမှာ စိုက်ခင်းနေရာ တည်ရှိပါတယ်။

အပင်က ရင့်ပြီး ဆေးထုတ်လို့ ရတဲ့အဖြစ်ရောက်ဖို့ ရက် ၁၀၀ ကြာမြင့်တယ်လို့ Dhanin Chearavanont က ပြောပါတယ်။

Fah talai jone ရဲ့ အင်္ဂလိပ်အမည်က green chiretta သို့မဟုတ် creat ဖြစ်ပါတယ်။ အိန္ဒိယနဲ့ သီရိလင်္ကာတို့မှာ ပေါက်ရောက်တယ်။ ထိုင်းနိုင်ငံမှာ ချောင်းဆိုးရင် သောက်တဲ့ဆေး အဖြစ်သုံးစွဲကြတယ်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ရင် ကုသဖို့၊ လေပြွန်ရောင်တာ လျော့ကျစေဖို့အတွက်လည်း သုံးစွဲပါတယ်။

fah talai joneဟာ ထိုင်းရိုးရာ ဆေးဘက်ဝင်အပင်ဖြစ်ပြီး ကိုဗစ်ရောဂါလက္ခဏာတွေကို ကုသပေးတယ်။ လေလောဆယ်မှာ fah talai jone အပင်မှ ထုတ်တဲ့ တိုင်းရင်းဆေးကို ကိုဗစ်လူနာတွေ ကုသဖို့ ကျန်းမာရေး ဝန်ကြီးဌာနမှ အတည်ပြုပေးထားပြီးပြီ ဖြစ်ပါတယ်။

ရောဂါမပြင်းထန်ကိုဗစ်လူနာတွေကို ကုသပေးတဲ့အခါ ရောဂါမပြင်းသူ လူနာ ၁၁,၈၀၀ ဦးဖြင့် စမ်းသပ်ခဲ့ရာ ၉၉% ပြန်ကောင်းသွားခဲ့လို့ ထိုင်းအစိုးရက ဇူလိုင်လမှာ ကိုဗစ်လူနာတွေကုသတာမှာ fah talai jone ဆေး သုံးစွဲခွင့် အတည်ပြု ခွင့်ပြုခဲ့ပါတယ်။ အခုလို တိုင်းရင်းဆေးဝါးဖြင့် တစ်ဖက်တစ်လမ်းမှ ကုသပေးတဲ့အတွက် မနိုင်မနင်းဖြစ်နေတဲ့ လူထုကျန်းမာရေးစနစ် သက်သာရာ ရရှိမှာ ဖြစ်လို့ အစိုးရက တိုက်တွန်းအားပေးပါတယ်။

အစိုးရက အတည်ပြုပေးလိုက်တဲ့အတွက် သုံးစွဲသူ များပြားသွားရာမှ Fah talai jone ဆေးဝါး ပြတ်လပ်သွားပါတယ်။ အဲဒါကြောင့် CP Group ဘီလျံနာ Dhanin Chearavanont က Fah talai jone ဆေးဝါးကို ကုမ္ပဏီကိုယ်တိုင် အပင်တွေစိုက်၊ စက်ရုံတည်ပြီး ကက်စူးဆေးတောင့်တွေ ထုတ်လုပ်၊ အခမဲ့ဖြန့်ဝေမယ့် အစီအစဉ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။
CP Group အနေဖြင့် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ လပိုင်းအတွင်းမှာ fah talai jone capsule တွေကို ထိုင်းလူထု ရရှိကြမှာ ဖြစ်ပါတယ်။

ဆေးကို ကက်ပ်စူးဆေးတောင့် ထုတ်လုပ်ဖို့ စက်ရုံတစ်ခုကို တည်ဆောက်မယ်။ ထုတ်လုပ်တဲ့ ဆေးတွေကို လူထုသုံးစွဲဖို့ အခမဲ့ ဖြန်ဝေပေးမှာ ဖြစ်ပါတယ်။

ပထမလှိုင်းမှာ မတ်စ်တွေပြတ်လပ်ခဲ့လို့ CP Group က ဘတ်သန်း ၁၀၀ သုံးစွဲပြီး မတ်စ်စက်ရုံ တည်ဆောက်ခဲ့ပါတယ်။ ၂၀၂၀ မတ်လကစလို့ ကျန်းမာရေးဝန်ထမ်းတွေကို မတ်စ်တွေ ပေးဝေနေတာ အခုဆိုရင် မတ်စ် ၃ သန်းနီးပါး ရှိနေပါပြီ။

Read times Last modified on Friday, 06 August 2021 14:28
Rate this item
(0 votes)