What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 October 2021 12:27

ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ သောက်ဆေးတောင့် ဟောင်ကောင်ဝယ်ယူရန် ပြင်ဆင်

ဆေးပတ်ကြိမ်ရေ ရာချီစာအတွက် ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ သောက်ဆေးတောင့်ဖြစ်လာမည့် molnupiravir ဆေးတောင့်များကို ဝယ်ယူရန် ပြင်ဆင်နေကြောင်း ဟောင်ကောင်မှ ဆေးရုံအာဏာပိုင်က ထုတ်ဖော်ပြောကြားသည်။


molnupiravir အမည်ရှိ ကိုဗစ်-၁၉ သောက်ဆေးတောင့်ကို နိုင်ငံပေါင်း ၂၀ မှအရွယ်ရောက်ပြီးသူ ဆီးချို၊ အဝလွန်ခြင်း၊ နှလုံးရောဂါ စသဖြင့် ရောဂါအခံ ရှိသည့် ကိုဗစ်လူနာများထဲမှ ကျပန်း ရွေးချယ်ထားသော လူနာ ၇၇၅ ဦးဖြင့် စမ်းသပ်ခဲ့ရာ ဆေးစွမ်းထက်သည့် ရလဒ်များ ရရှိခဲ့သည်။
ဆေးပတ်လည်ရန် လူနာတို့သည် ၅ ရက် ဆက်တိုက် molnupiravir ကို နေ့စဉ် သတ်မှတ်ထားသည့်အတိုင်း ဆေးသောက်ရသည်။ ဆေးတိုက်ထားသူတို့တွင် ၂၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇.၃% သာ ဆေးရုံတင်ရသည်။
ဟောင်ကောင်မှ Hospital Authority က လူနာ ၅၀၀ ကုသရန်အတွက် ဆေးပတ်လည်အောင် ဆေးတိုက်နိုင်မည့် ပမာဏကို ပထမအသုတ်အနေဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Merck အမည်ဖြင့် ဆေးဝါးများ မြောက်အမေရိကဈေးကွက်တွင် ရောင်းချနေသာ အမေရိကန် ဆေးကုမ္ပဏီ MSD နှင့် ဆွေးနွေးညှိနှိုင်းနေကြောင်းလည်း ထုတ်ဖော်ပြောကြားသည်။ လိုအပ်သော စာရွက်စာတမ်းများ လက်မှတ်ရေးထိုးပြီးသည့် အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။
Merck က ကိုဗစ်-၁၉ သောက်ဆေးတောင့် molnupiravir သည် ကိုဗစ်လူနာကို ဆေးရုံးတက်ရခြင်းနှင့် သေဆုံးခြင်းတို့မှ ကာကွယ်ရန် ထိရောက်မှု ၅၀ % ရှိသည်ဟု ထုတ်ပြန်ကြေညာထားသည်။ အမေရိကန် FDA ထံသို့ အရေးပေါ် အနေဖြင့် သုံးစွဲရန် ခွင့်ပြုချက် ရရှိရန် အချက်အလက်များ တင်ပြလျှောက်ထားပြီးပြီ ဖြစ်သည်။ လာမည့် နှစ်ပတ်အတွင်း အတည်ပြု ခွင့်ပြုချက် ရနိုင်ဖွယ် ရှိကြောင်း MSD က ပြောကြားသည်။ အခြားနိုင်ငံများရှိ FDA အသီးသီးထံသို့လည်း အလားတူ အတည်ပြု ခွင့်ပြုချက် ရရှိအောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားသည့် ပထမအပတ်တွင် molnupiravir ကို 400 သို့မဟုတ် 200 milligram တိုက်ခြင်းအစား 800 milligrams နေ့စဉ်တိုက်ပေးပါက အကောင်းဆုံး ရလဒ်များ ထွက်ပေါ်သည်ဟု ဆိုသည်။

Read times Last modified on Monday, 04 October 2021 12:34
Rate this item
(0 votes)