What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 August 2021 08:14

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး တစ်သန်း ထပ်မံရောက်ရှိ

သြဂုတ်လ ၈ ရက်မှာ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ၁ သန်းလေကြောင်းဖြင့် ထပ်ရောက်လာပါတယ်။

အဲဒီ Sinovac ကိုဗစ်ကာကွယ်ဆေးဟာ တရုတ်ဆီကနေ ဝယ်ထားတဲ့ အလုံးရေ ၂ သန်းထဲက ဒုတိယအသုတ် ရောက်လာခြင်း
ဒီဆေးတွေကို ရန်ကုန်၊ မင်းဓမ္မလမ်းမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်က ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှာ ထားပြီး လူဦးရေ၊ ရောဂါဖြစ်ပွားမှုပေါ်မူတည်ပြီး ပြည်သူ့ဆေးရုံတွေနဲ့ ကာကွယ်ဆေးထိုး စုရပ်တွေကနေ ထိုးနှံပေးသွားမှာဖြစ်ပြီး ဆေးထိုးခံဖို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ထောက်ခံစာ ယူဖို့ လိုအပ်တယ်လို့ သိရပါတယ်။
အသက် (၆၅)နှစ်အထက်အသက်ကြီးသူတွေ၊ အစိုးရသာမက ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကိုဗစ်ထိန်းချုပ်ရေးအတွက် ပါဝင်နေတဲ့ ပရဟိတသမားတွေကို ဦးစားပေး ကာကွယ်ဆေးထိုးပေးမယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၂ ရက်မှာ တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေး အလုံးရေ သုံးသိန်းခြောက်သောင်းကျော် လေကြောင်းဖြင့် ရောက်ရှိထားပြီးပြီလို့ သိရပါတယ်။

Read times
Rate this item
(0 votes)