What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 August 2021 10:44

တရုတ်ကာကွယ်ဆေး မြန်မာနိုင်ငံမှာ ထုတ်ဖို့ စီစဥ်

မြန်မာနိုင်ငံအတွင်းမှာ တရုတ်နိုင်ငံက ဆိုင်နိုဖမ်း ကိုဗစ် ကာကွယ်ဆေးထုတ်တဲ့ ကုမ္မဏီအုပ်စုနဲ့ ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေး နည်းပညာအသုံးပြုပြီး

စက်မှုဝန်ကြီးဌာနကနေ ကာကွယ်ဆေးထုတ်ဖို့‌ ဆောင်ရွက်နေတယ်လို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်းဘီဘီစီကို ပြောပါတယ်။

ရုရှ နိုင်ငံက စပွတ်နစ်ဗီ နဲ့ လည်း ပူးပေါင်းပြီး ကာကွယ်ဆေးထုတ်ဖို့လည်းစီစဥ်နေပြီး မြန်မာနိုင်ငံက ဆေးဝါးထုတ်လုပ်တဲ့စက်ရုံတွေမှာ ထုတ်လုပ်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ ရုရှ ခရီးစဥ်မှာ သဘောတူခဲ့ပါတယ်။

တရုတ်နိုင်ငံက ဆိုင်နိုဖမ်း ကိုဗစ် ကာကွယ်ဆေးထုတ်တဲ့ ကုမ္မဏီနဲ့ ထုတ်လုပ်မှာကတော့ ဒီမှာအဆင့်သင့်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို တင်သွင်းပြီး ထုတ်လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ရုရှ စပွတ်နစ်ဗီ နဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ကာကွယ်ဆေး ၅ သန်းထုတ်လုပ်ဖို့ မျှော်မှန်းဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ဘီဘီစီကိုပြောခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ထုတ်လုပ်မဲ့ အစီအစဥ်နဲ့ ပတ်သက်လို့ တစ်နှစ်ကို ဘယ်လောက်ထုတ်မယ်ဆိုတာကိုတော့ ကျန်းမာရေးဦးစီးဌာန ဘက်ကို မေးလို့မရသေးပါဘူး။

တရုတ်သံရုံးကတော့ မြန်မာနိုင်ငံကို တရုတ်က ကာကွယ်ဆေး ၂.၅ သန်းအထိ ထောက်ပံ့ခဲ့ပြီးဖြစ်ပြီးတော့ အခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေနဲ့ မြန်မာနိုင်ငံမှာ ဇီဝလုံခြုံမှု အဆင့် (၃) ဓာတ်ခွဲခန်း တည်ဆောက်ရန်လည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်လို့ ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

Read times Last modified on Wednesday, 11 August 2021 10:48
Rate this item
(0 votes)