What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 09 July 2022 08:26

စင်ကာပူတွင် စတုတ္ထမြောက် မျောက်ကျောက်လူနာ အတည်ပြု

စင်ကာပူတွင် စတုတ္ထမြောက် မျောက်ကျောက်လူနာ အတည်ပြု

ဇွန်လမှစ၍ ယနေ့အထိ စင်ကာပူတွင် မျောက်ကျောက်လူနာ ၄ ဦးအတည်ပြုထားပြီးဖြစ်သည်။

စတုတ္ထမြောက်လူနာကို သောကြာနေ့ (ဇူလိုင် ၈) တွင် အတည်ပြုခဲ့သည်။ ၎င်းလူနာသည်အသက် ၃၀ ၊ အိန္ဒိယလူမျိုး၊ အမျိုးသားဖြစ်ပြီးမကြာသေးခင်က ဂျာမနီမှ ပြန်ရောက်လာသူ ဖြစ်သည်။

BI1.jpg

ဇွန် ၃၀ တွင် ပေါင်ခြံမှာ အနာဖု ပေါက်သဖြင့် ဆေးကုသမှု ခံယူခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ဖျားသဖြင့် ဆေးကုသမှုခံယူရာ ကူးစက်ရောဂါကု ဆေးရုံ တက်ရပြီး ဆေးစစ်ချက်တွင် အတည်ပြု ရလဒ် ရရှိခဲ့သည်။

စင်ကာပူတွင် အတည်ပြုခဲ့သည့် လူနာ ၄ ဦးစလုံး အမျိုးသားများ ဖြစ်ပြီး ၃ ဦးမှာ ပြည်ပမှ ပြန်ရောက်လာသူများဖြစ်ပြီး တစ်ဦးမှာ ပြည်တွင်းကူးစက်မှု လူနာ ဖြစ်ပါသည်။

ယခုအခါ ၅၉ နိုင်ငံတွင် မျောက်ကျောက်လူနာ ဦးရေ ၆,၀၀၀ ကျော် အတည်ပြုပြီးပြီဖြစ်သည်။

#MyanmarHealthGuide 

Telegram Channel

https://t.me/Guid4U

BI.jpg

Read times Last modified on Friday, 15 July 2022 11:33
Rate this item
(0 votes)