What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 August 2021 10:43

ကိုဗစ် ကာကွယ်ရေး ထိုးဆေး ဘူစတာထိုးနှံခြင်းအဖြစ် တတိယအကြိမ် ထိုးနှံရန် လိုအပ်

ကူးစက်မှု အားကောင်းတဲ့ ကိုဗစ် delta ဇီဝမျိုးကွဲ ကူးစက်ခံရသူဦးရေ အချက်အလက်များအရ

အမေရိကန်အစိုးရက ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသား အမေရိကန်နိုင်ငံသားတွေကို တတိယအကြိမ် ထပ်မံထိုးတဲ့ အရှိန်တင်ခြင်း လိုအပ်ကြောင်း ကြေညာလိမ့်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ အရှိန်ပြန်မြှင့်တင်ပေးဖို့ booster shot ထိုးကြရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးတဲ့နောက် ရှစ်လအကြာမှာ booster shot ကို ထိုးရမှာ ဖြစ်ပြီး စက်တင်ဘာလလယ်လောက်မှာ စတင်ထိုးနှံပေးမယ်လို့ ဆိုပါတယ်။ ဘူစတာထိုးနှံခြင်းကို Pfizer နဲ့ Moderna နှစ်မျိုးကိုသာ အသုံးပြုမယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ရေး ထိုးဆေး နှစ်ကြိမ်ထိုးထားပြီးသားဖြစ်ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကိုယ်ခံအား ပြန်လည်လျော့ကျသွားပြီး ကူးစက်မှုတွေ ဖြစ်ပွားတာကြောင့် ယခုလို တတိယအကြိမ်အဖြစ် ဘူစတာ ထိုးနှံ့ခြင်း ပြုရမှာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှ ထုတ်ပြန်တဲ့ အချက်အလက်များအရ အသက် ၆၅ နှစ်နှင့် အထက် ကိုဗစ်ကာကွယ်ရေး ထိုးဆေး နှစ်ကြိမ်ကို ဇန်နဝါရီလမှာ ထိုးပြီးထားသူတွေမှာ ကိုယ်ခံအားစနစ် အားပြန်လျော့ကျနေပြီး ကူးစက်ခံရတဲ့အခါ ရောဂါပြင်းထန်ခြင်းနဲ့ ဆေးရုံတင်ရခြင်း တို့ကို ကာကွယ်ပေးနိုင်စွမ်းက ၅၅% မျှသာ ထိရောက်မှု ရှိတော့တာကို သိကြရပါတယ်။ ထိရောက်စွာ ကာကွယ်နိုင်စွမ်း ကျဆင်းသွားခြင်းကြောင့် အစ္စရေးနိုင်ငံမှာ အသက် ၅၀ နှစ်နှင့် အထက် ရှိသူများကို တတိယအကြိမ် ဆေးစထိုးပေးနေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလို ချမ်းသာတဲ့နိုင်ငံတွေက တတိယအကြိမ် ကိုဗစ်ဆေးထိုးကြတာကို ဝေဖန်ပါတယ်။ ကျန်းမာရေးရှုထောင့်အရ ဝေဖန်ခြင်း မဟုတ်ဘဲ လူမှုရေး ရှုထောင့်မှ ဝေဖန်နေတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် မထိုးရသေးတဲ့ နိုင်ငံတွေမှာ နေထိုင်နေသူတွေအတွက် ထိုးဆေး နှစ်ကြိမ်စာ ရရှိစေဖို့ ချမ်းသာတဲ့နိုင်ငံတွေကို အနည်းဆုံးအနေဖြင့် စက်တင်ဘာလအထိ စောင့်ဖို့ တိုက်တွန်းပြောကြားပါတယ်။

washingtonpost.com

Read times Last modified on Wednesday, 18 August 2021 10:45
Rate this item
(0 votes)