What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 June 2018 14:21

အမောက်စလင်(Amoxicillin) ပိုးသတ်ဆေး ဆိုတိုင်းသောက်လို့ရလား

အမောက်စလင်(Amoxicillin) ပိုးသတ်ဆေး ဆိုတိုင်းသောက်လို့ရလား Google.com

Amoxicillin ကို ဘက်တီးရီးယားရောဂါများ ကုသရန်အသုံးပြုကြသည်။ ပင်နီဆလင်အမျိုးအစားတစ်မျိုးလည်း ဖြစ်ပါတယ်။

ဘက်တီးရီးယားပိုးမွှား၏ ကြီးထွားမှုကို တားဆီးပေး ပါတယ်။ Amoxicillin ကို ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါများအတွက်သာအသုံးပြု ပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးမိခြင်းစသည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါများအတွက်အသုံးမ၀င်ပါဘူး။ မှားယွင်းအသုံးပြုမိပါက ဆေး၏အစွမ်းသတ္တိကို လျော့နည်းစေပါသည်။

Amoxicillin ကို ဘက်တီးရီးယားရောဂါကြောင့်ဖြစ်သော အစာအိမ်နာ ၊ အူနာရောဂါများကို ကုသရန်နှင့် အနာထပ်မဖြစ်အောင်ကာကွယ်ရန်အသုံးပြုကြ ပါတယ်။ Amoxicillin ကို ဆရာဝန်ညွှန်ကြားချက် အတိုင်းအသုံးပြုရန် အရေးကြီးပါတယ်။

Amoxicillin ကိုနှလုံးရောဂါများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ သွားမနုတ်ခြင်း ၊ သွားဖုံးခွဲစိတ်မှုမလုပ်မီ နှလုံးအဆို့ရှင်ရောဂါသည်များအတွက် ရောဂါပိုးမွှားများမ၀င်အောင် ကြိုတင်ကာကွယ်ရန် အသုံးပြုကြတယ်။

Amoxicillin ၊ Penicillin ၊ Cephalosporin နှင့် အခြားသောဆေးများနှင့် ဓာတ်မတည့်မှုရှိပါက ဆရာဝန်သို့ကြိုတင် အကြောင်းကြားထားပါ။ Amoxicillin မသောက်မီ မိမိသောက်သုံးနေသော တိုင်းရင်းဆေးနှင့် အခြားသောဆေးများနဲ့လည်း တွဲသောက်လို့ မရပါဘူး။ အထူးသဖြင့် Chloramphenicol (Chlormycetin) နှင့် အခြားသောပိုးသတ်ဆေးများ ၊ probenecid (benemid)တို့ဖြစ်ပါတယ်။ ဆရာဝန် သည် မိမိ၏အခြေအနေပေါ်မူတည်၍ ဆေးပမာဏအတိုးအလျော့ လုပ်သွားမည်ဖြစ်ပါတယ်။

မိမိတွင် ကျောက်ကပ်ရောဂါ၊ ဓာတ်မတည့်မှုများ၊ ပန်းနာရင်ကျပ် အစရှိသည့်ရောဂါများရှိလျှင် ဆရာဝန်ကိုကြိုတင်အကြောင်းကြားရမှာလည်း ဖြစ်ပါတယ်။မိမိသည် ကိုယ်ဝန်ဆောင်ဖြစ်လျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ပြီး ဆေးကို သောက်သုံးရမှာဘဲ ဖြစ်ပါတယ်။

Amoxicillin ဆေးနှင့် ဓာတ်မတည့်သောရောဂါလက္ခဏာများကတော့ အရေပြားတွင် အကွက်များဖြစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ရောင်ရမ်းခြင်းဖြစ်လာလျှင် အရေးပေါ်ကုသမှုခံယူပါ။
ပါးစပ်တွင် အဖြုကွက်များပေါ်လာခြင်း ၊ ဖျားခြင်း ၊ ပြန်ရည်ကျိတ်များရောင်ခြင်း ၊ အနီကွက်ပေါ်ခြင်း ယားခြင်း ၊ အဆစ်အမြစ်ကိုက်ခြင်းများဖြစ်ပေါ်လာခြင်း ၊ အသားဝါခြင်း ၊ ဆီးရောင်ရင့်ခြင်း၊ ဖျားခြင်း၊ မူးခြင်း ပင်ပန်းနှုံးချိခြင်းများဖြစ်ခြင်း ၊ ကျဉ်ခြင်း ၊ထုံခြင်း၊ နာကျင်ခြင်း ကြွက်သားများ အားနည်းခြင်း ၊ သွေးခြည်ဥလွယ်ခြင်း ၊နှာခေါင်း၊ ပါးစပ၊် ယောနိ အူမကြီးတွင်သွေးထွက်ခြင်း၊ အရေပြားပေါ်တွင် ခရမ်းရောင် သို့မဟုတ် အနီစက်များပေါ်ခြင်း တို့ ဖြစ်တက်ပါတယ်။ Amoxicillin ပိုးသတ်ဆေးဆိုတိုင်းလည်း အလွယ်တကူ သောက်ဖို့ မသင့်လျော်ပါဘူး။

source:hellosayarwon

Read:ကိုယ်ဝန်ဆောင်ကာလမှာ မိန်းမကိုယ်မှိုစွဲခြင်းဆိုတာ ဘာလဲ

ကိုယ်ဝန်ဆောင်ကာလမှာ မိန်းမကိုယ်မှိုစွဲခြင်းဆိုတာ ဘာလဲ

Read times Last modified on Thursday, 05 July 2018 08:58
Rate this item
(2 votes)