What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 August 2021 20:37

Remdesivir အပါအဝင် ကိုဗစ်ဆေးဝါးများ ပြင်ပပေါက်စျေးထက် လျော့နည်းကာ ရောင်းချပေးနေ

Remdesivir အပါအဝင် ကိုဗစ်ဆေးဝါးများ ပြင်ပပေါက်စျေးထက် လျော့နည်းကာ ရောင်းချပေးနေပါသည်။

COVID-19 ဆေးဝါး Remdesivir အပါအဝင် အခြားကိုဗစ်ဆေးဝါးများကို ပြင်ပပေါက်စျေးထက် လျော့နည်းကာ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များမှ အလုံမြို့နယ်တွင် ရောင်းချပေးလျှက်ရှိသည်။

အလုံမြို့နယ်၊ ကမ်းနားလမ်း၊ အမှတ် ၁၀၄/၁၀၈ တွင် ရောင်းချပေးလျှက်ရှိပြီး ယနေ့ (သြဂုတ် ၁၈ ရက်) မှာ တတိယရက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီ ပေါင်း ၃၀ ကျော်နဲ့ ရောင်းချပေးနေပါတယ်။ ငါးရက် ရောင်းချနေတာပါ။ အွန်လိုင်းမှာ ဟော့သွားတဲ့ဆေးတွေကို ဆရာဝန်ထောက်ခံချက်ပါရင် ဝယ်လို့ရပါတယ်။ နောက်ရက်တွေ ဆက်ရောင်းမရောင်းက အစည်းအဝေးထိုင်ပြီး ထုတ်ပြန်ပေးပါမယ်” ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဝင်းမော်ဖြိုးက ပြောကြားသည်။

အဆိုပါနေရာတွင် COVID-19 နှင့်ပတ်သတ်သည့် ဆေးဝါးပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် လက်လီ/လက်ကား ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များမှ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအနေဖြင့် COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့် သက်ဆိုင်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများအား ဝယ်ယူရန် လိုအပ်သော မိဘပြည်သူများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးမှတ်ပုံတင်လက်မှတ် (DRC) ရရှိထားသော အရည်အသွေး မှန်ကန် စိတ်ချ ကောင်းမွန်သည့် ဆေးဝါးများအား တစ်နေရာတည်းတွင် တစ်စုတပ်တည်း လိုအပ်သလိုရှာဖွေဝယ်ယူရရှိရန် ရည်ရွယ်၍ ဩဂုတ် ၁၆ ရက်မှ သြဂုတ် ၂၀ ရက်အထိ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးဝါးများ လက်လီ/လက်ကား ရောင်းချသည့် အစီအစဉ်ကို မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက စီစဉ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ပါဝင်ပြသ ရောင်းချလိုသည့် ဆေးနှင့် ဆေးပစ္စည်း တင်သွင်းသည့် ကုမ္ပဏီများ အသိပေးအကြောင်းကြားခဲ့သည်။

းကို ပြင်ပပေါက်စျေးထက် လျော့နည်းကာ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များမှ အလုံမြို့နယ်တွင် ရောင်းချပေးလျှက်ရှိသည်။

အလုံမြို့နယ်၊ ကမ်းနားလမ်း၊ အမှတ် ၁၀၄/၁၀၈ တွင် ရောင်းချပေးလျှက်ရှိပြီး ယနေ့ (သြဂုတ် ၁၈ ရက်) မှာ တတိယရက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီ ပေါင်း ၃၀ ကျော်နဲ့ ရောင်းချပေးနေပါတယ်။ ငါးရက် ရောင်းချနေတာပါ။ အွန်လိုင်းမှာ ဟော့သွားတဲ့ဆေးတွေကို ဆရာဝန်ထောက်ခံချက်ပါရင် ဝယ်လို့ရပါတယ်။ နောက်ရက်တွေ ဆက်ရောင်းမရောင်းက အစည်းအဝေးထိုင်ပြီး ထုတ်ပြန်ပေးပါမယ်” ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဝင်းမော်ဖြိုးက ပြောကြားသည်။

အဆိုပါနေရာတွင် COVID-19 နှင့်ပတ်သတ်သည့် ဆေးဝါးပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် လက်လီ/လက်က္ကား ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များမှ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအနေဖြင့် COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့် သက်ဆိုင်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများအား ဝယ်ယူရန် လိုအပ်သော မိဘပြည်သူများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးမှတ်ပုံတင်လက်မှတ် (DRC) ရရှိထားသော အရည်အသွေး မှန်ကန် စိတ်ချ ကောင်းမွန်သည့် ဆေးဝါးများအား တစ်နေရာတည်းတွင် တစ်စုတပ်တည်း လိုအပ်သလိုရှာဖွေဝယ်ယူရရှိရန် ရည်ရွယ်၍ ဩဂုတ် ၁၆ ရက်မှ သြဂုတ် ၂၀ ရက်အထိ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးဝါးများ လက်လီ/လက္ကား ရောင်းချသည့် အစီအစဉ်ကို မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက စီစဉ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ပါဝင်ပြသ ရောင်းချလိုသည့် ဆေးနှင့် ဆေးပစ္စည်း တင်သွင်းသည့် ကုမ္ပဏီများ အသိပေးအကြောင်းကြားခဲ့သည်။

Eleven Media Group

 

 

 

Read times Last modified on Wednesday, 18 August 2021 20:44
Rate this item
(0 votes)