What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 July 2022 17:40

ကလေး မရသဖြင့် သားအိမ်အစားထိုသေား မိခင်များ အောင်မြင်စွာ ကလေးမွေးဖွားခဲ့ကြ

ကလေး မရသဖြင့် သားအိမ်အစားထိုသေား မိခင်များ အောင်မြင်စွာ ကလေးမွေးဖွားခဲ့ကြ

 

လေ့လာမှုအသစ်တစ်ခုအရ သားအိမ်အစားထိုးမှုဖြင့် သားအိမ်ရရှိခဲ့သော အမေရိကန်အမျိုးသမီး ထက်ဝက်ကျော်သည် အောင်မြင်သော ကိုယ်ဝန်ကို ရရှိခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၆ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီး ၃၃ဦး သားအိမ်အစားထိုးကုသမှုခံယူခဲ့ပြီး ယခုအချိန်အထိ ၎င်းတို့ထဲမှ (ရာခိုင်နှုန်းအားဖြင့် ၅၈ %) ၁၉ ဦး  ကလေး စုစုပေါင်း ၂၁ ဦးကို မွေးဖွားခဲ့ကြောင်း JAMA  Surgery. တွင် သုတေသီများက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၆) တွင် ဖော်ပြခဲ့သည်။

youtube1.jpg

သားအိမ်အစားထိုးမှုဖြင့် သားအိမ်လက်ခံရရှိသူများ၏ ၇၄ ရာခိုင်နှုန်းတွင် သားအိမ်သည် အစားထိုးကုသမှုပြီးနောက် တစ်နှစ်ကြာသည်အထိ  ပုံမှန်အလုပ်လုပ်ဆောင်ဆဲဖြစ်သည်။ ဤအုပ်စု၏ ၈၃ ရာခိုင်နှုန်းတွင် အသက်ရှင်သောကလေးငယ်များ ရှိကြောင်း သုတေသီများက ဖော်ပြသည်။

 

အစားထိုးကုသမှုပြီးနောက် ပျမ်းမျှအားဖြင့် ၁၄ လအကြာတွင် သန္ဓေသားတိုင်းကို  ဗိုက်ခွဲ (Cesarean section) မွေးဖွားခဲ့သည်။ ထက်ဝက်ကျော်သည် ကိုယ်ဝန် ၃၆ ပတ်အကြာတွင် ဗိုက်ခွဲ မွေးဖွားခဲ့သည်။

လက်ခံသူသည် ကလေးမွေးဖွားပြီးနောက်တွင်  အစားထိုးထားသော သားအိမ်အား ဖယ်ရှားသည်။ သားအိမ်ကို ထားရှိနေသေးသရွေ့  ခုခံအားထိန်းဆေးများကို တစ်သက်တာအသုံးပြုရန် လိုအပ်နေသည်ကို မလိုလားသောကြောင့် သားအိမ်ကို အပြင်ပြန်ထုတ်ပေးလိုက်ကြခြင်း ဖြစ်သည်။

 

အစားထိုးမှု၏ သုံးပုံနှစ်ပုံတွင် သားအိမ်ကို အသက်ရှင်လျက် ရှိနေသော အလှူရှင်ထံမှ ရယူခဲ့ကြပါသည်။ 

 

ကုန်ကျစရိတ် မည်ရွေ့မည်မျှဆိုသည်ကိုမူ ဖော်ပြထားခြင်း မရှိပါ။

#MyanmarHealthGuide

Telegram Channel
https://t.me/Guid4U

youtube.jpg

Read times Last modified on Friday, 15 July 2022 11:35
Rate this item
(1 Vote)