What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 22 August 2021 20:38

အိန္ဒိယတွင် ကမ္ဘာ့ပထမဆုံး DNA ကိုဗစ်ကာကွယ်ရေး ထိုးဆေး အတည်ပြု

အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က Covid-19 ကိုကာကွယ်ဖို့ကမ္ဘာ့ပထမဆုံး DNA ကာကွယ်ဆေးကိုအတည်ပြုလိုက်ပါသည်။

သုံးကြိမ်ထိုး ZyCoV-D ကာကွယ်ဆေးသည်ကာကွယ်ဆေးထိုးသူ ၆၆% တွင်ရောဂါလက္ခဏာများကိုကာကွယ်ပေးကြောင်းကာကွယ်ဆေးထုတ်လုပ်သူ Cadila Healthcare မှ ယာယီလေ့လာမှုတစ်ခုအရ သိရပါသည်။

ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် ပြည်တွင်းဖွံ့ဖြိုးထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ရေး ထိုးဆေးကို နှစ်စဉ်သန်း ၁၂၀ အထိ ထုတ်လုပ်ရန် စီစဉ်ထားသည်။

ယခင် DNA ကာကွယ်ဆေးများသည် တိရိစ္ဆာန်များတွင် ကောင်းစွာ အလုပ်လုပ်သော်လည်း လူများတွင်မူ အလုပ်မလုပ်ချေ။

Cadila Healthcare က ၎င်းသည်အိန္ဒိယတွင် ကာကွယ်ဆေးအတွက် အကြီးမားဆုံးလက်တွေ့စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးစင်တာ ၅၀ ကျော်၌ စေတနာ့ဝန်ထမ်း ၂၈၀၀၀ ပါဝင်ခဲ့သည်။

ကုမ္ပဏီမှ ပြောကြားခဲ့သည်မှာ Covid-19 ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လူငယ်များတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ အသက်အပိုင်းအခြား ၁၂ နှစ်မှ ၁၈ နှစ်ကြား လူ ၁,၀၀၀ ပါဝင်ခဲ့သည်။ ထိုးဆေးထိုးနှံခြင်းကို အသက်အုပ်စုတွင် ကောင်းစွာခံနိုင်ရည်ရှိပြီး ဘေးကင်းသည်ကို တွေ့ရှိခဲ့သည်။

လက်တွေ့စမ်းသပ်မှုများ၏ ပဓာနကျသော တတိယအဆင့်ကို ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု များပြားနေခဲ့သော ဒုတိယလှိုင်း၏ အထွတ်အထိပ်ရောက်ချိန်တွင် ပြုလုပ်ခဲ့သည်။ ကာကွယ်ဆေးထုတ်လုပ်သူက ထိုးဆေးသည် ဇီဝမျိုးကွဲများကို ထိရောက်စွာ ဆန့်ကျင်တိုက်ခိုင်နိုင်စွမ်း ရှိကြောင်း အတည်ပြုပြောကြားသည်။ အထူးသဖြင့် အလွန်ကူးစက်တတ်သော Delta မူကွဲကို ဆန့်ကျင်တိုက်ခိုက်နိုင်ကြောင်း ထပ်မံအတည်ပြုသည်။

 

ဒီကာကွယ်ဆေးက ဘယ်လိုအလုပ်လုပ်သလဲ

DNA နှင့် RNA တို့သည် အသက် တည်ဆောက်သည့် ဘလောက်များ ဖြစ်သည်။ ၎င်းတို့သည် မိဘများမှ ကလေးများသို့လက်ဆင့်ကမ်းသော မျိုးရိုးဗီဇဆိုင်ရာ သတင်းအချက်အလက်များကို သယ်ဆောင်သေ ာမော်လီကျူးများ ဖြစ်သည်။

အခြားကာကွယ်ဆေးများနည်းတူ DNA ကာကွယ်ဆေးသည် ဆေးထိုးပေးလိုက်ပြီးသောအခါ ခန္ဓာကိုယ်၏ခုခံအားစနစ်ကို တကယ့်ဗိုင်းရပ်စ်ကို တိုက်ထုတ်ရန် သင်ကြားပေးသည်။

ZyCoV-D သည် အရေပြား၏ အလွှာနှစ်လွှာကြားသို့ ဆေးထိုးသည့်အခါ မျိုးရိုးဗီဇ အချက်အလက် ပါ၀င်သည့် DNA ကွင်းငယ်များ ဖြစ်သော plasmids များကို အသုံးပြုသည်။ ယင်း plasmids သည် ဆဲလ်များကို ဗိုင်းရပ်က ချိတ်တွယ်ပြီး လူ့ဆဲလ်ထဲ ဝင်ရန်သုံးစွဲသည့် "spike protein" တစ်ခုလုံး ပြုလုပ်ရန် အချက်အလက်များ သယ်ဆောင်ထားသည်။

Covid-19 ကာကွယ်ဆေးအများစုသည် ခန္ဓာကိုယ်မှ spike protein အပိုင်းအစတစ်ခု ပြုလုပ်ရန် ညွှန်ကြားချက်ပေးခြင်းအားဖြင့် ၎င်းသည် လူတစ်ဦး၏ ခုခံအားစနစ်ကို antibodies များ ထုတ်လုပ်စေပြီး ဗိုင်းရပ်စ်ကိုတိုက်ခိုက်ရန် ၎င်းတို့ဘာသာ ၎င်းတို့ သင်ယူစေခြင်း ဖြစ်သည်။

 


ဒီကာကွယ်ဆေးကဘာကိုထူးခြားစေတာလဲ။

၎င်းသည် Covid-19 ကိုကာကွယ်ရန်ကမ္ဘာ့ပထမဆုံးလူသား DNA ကာကွယ်ဆေးဖြစ်သည်။

အမေရိကန်တွင် အတည်ပြုထားသော DNA ကာကွယ်ဆေးများစွာရှိသည်။ တိရိစ္ဆာန်များတွင် သုံးရန်အတွက် ဖြစ်သည်။
မြင်းအတွက် ရောဂါကာကွယ်ဆေးနှင့် ခွေးအတွက် အရေပြားကင်ဆာ ကာကွယ်ဆေးများ ရှိသည်။

အမေရိကန်မှာ လူအတွက် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်လျက် ရှိရာ ကွဲပြားသည့် DNA ကာကွယ်ဆေး ၁၆၀ ကျော်ကိုစမ်းသပ်နေသော်လည်း အများစုသည် လက်ရှိကင်ဆာများကို ကုသရန် အာရုံစိုက်နေပြီး ကာကွယ်ဆေး အမျိုးမျိုးတို့တွင်သုံးပုံတစ်ပုံသည် ကိုယ်ခံအားနည်းရောဂါ HIV ကုသရန် ဖြစ်သည်။

ZyCov-D သည် အိန္ဒိယ၏ ပထမဆုံးဖြစ်သော ဆေးထိုးအပ် မပါသော Covid-19 ထိုးဆေး ဖြစ်သည်။

၎င်းကို ဆေးထိုးအပ်မပါသော တစ်ခါသုံ;ဆေးထိုးတံကို အသုံးပြုပြီး ကျဉ်းမြောင်းသောအရည်စီးဆင်းမှုဖြင့် အရည်ပြားထဲ ထိုးဖောက်ဝင်ရောက်စေပြီး ဆီလျော်သည့် တစ်ရှူးထံ ရောက်ရှိစေမည် ဖြစ်သည်။

 


DNA ကာကွယ်ဆေး၏ အားသာချက်များကား အဘယ်နည်း။

DNA ကာကွယ်ဆေးများသည် စျေးသက်သာပြီး ဘေးကင်းသည်။ တည်ငြိမ်သည်။

၎င်းတို့ကို (-)၂ ဒီဂရီမှ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားသောအပူချိန်တွင် သိုလှောင်နိုင်သည်။

Cadila Healthcare ၏အဆိုအရ ၎င်းတို့၏ ကာကွယ်ဆေးသည် ၂၅ ဒီဂရီစင်တီဂရိတ်တွင် အနည်းဆုံးသုံးလကြာမြင့်သည်အထိ ဆေးစွမ်း မပျက်ပြယ်ပေ။ သို့ဖြစ်ရာ ကာကွယ်ဆေးကို သယ်ယူရန်နှင့်သိုလှောင်ရန် လွယ်ကူစေသည်။

 

DNA ကာကွယ်ဆေး၏ အားနည်းချက်များမှာ အဘယ်နည်း။

Pfizer နှင့် Moderna ကဲ့သို့သော mRNA ကာကွယ်ဆေးများသည် သတင်းပို့ဆက်သား ဖြစ်သည့် RNA မော်လီကျူးကို ပရိုတိန်းများ ပြုလုပ်ရန် သုံးစွဲသည်။ ယင်းသည် ဆဲလ်၏နျူးကလိယ ဝတ်ဆံအထိ ရောက်ဖို့ မလိုအပ်ချေ။ ထိုသို့ မရောက်သော်လည်း ထိရောက်မှုရှိစေပြီ ပိုမိုမြင့်မားသောထိရောက်မှုကို ပေးစွမ်းနိုင်သည်။ ကြာရှည်ခံနိုင်ရည်ကို မြင့်တက်စေနိုင်သည်။

plasmid DNA သည် ဆဲလ်၏ နျူးကလိယပ် ဝတ်ဆံထဲသို့ ရောက်ဖို့ လိုအပ်သည်။ ထိုသို့ ရောက်ရှိရန် ခဲယဉ်းနေတတ်သည်။

အခြား ကာကွယ်ရေး ထိုးဆေးများသည် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ထိုးရသော်လည်း ZyCov-D သည် သုံးကြိမ်တိုင်တိုင် ထိုးဖို့ လိုအပ်သည်။

အိန္ဒိယသည် ယခင်က အတည်ပြုထားသော ကာကွယ်ဆေးသုံးမျိုးဖြစ်သည့် Covishield, Covaxin နှင့် Sputnik V တို့ဖြင့် ကြိမ်ရေ သန်း ၅၇၀ ကျော် ဆေးထိုးပေးခဲ့ပြီးပြီ ဖြစ်သည်။

အရွယ်ရောက်ပြီးသူ ၁၃ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီး ၄၇ ရာခိုင်နှုန်းသည် ဇန်နဝါရီလ ဆေးထိုးမှု စတင်ချိန် မှစ၍ အနည်းဆုံးတစ်ကြိမ်သာ ဆေးထိုး ထားရသေးသည်။

bbc.com

 

VACCINE_COMPARE.jpg

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read times
Rate this item
(0 votes)