What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 11 May 2019 14:12

ေသြးက်ေဆး၏ ေဘးထြက္ဆိုးက်ိဳးမ်ား

သင့္တြင္ ေသြးတုိးေရာဂါရွိပါက ေသြးက်ေဆးမ်ား ေသာက္သုံးရႏုိ္င္ပါတယ္။

ထုိေဆးမ်ားတြင္ ေကာင္းက်ိဳးမ်ားရွိေသာ္လည္း ေဘးထြက္ဆုိးက်ိဳးမ်ားလည္း ျဖစ္ေစပါတယ္။ ေဘးထြက္ဆုိးက်ိဳးမ်ားမွာ အေပ်ာ့စားမွ ျပင္းထန္အဆင့္ထိ ရွိပါတယ္။ အျဖစ္မ်ားေသာ ဆုိးက်ိဳးမ်ာကိုု ေဖာ္ျပေပးလိုက္ပါတယ္။ ဆီးေဆးမ်ား- ဆီးေဆးမ်ား၏ ေဘးထြက္ဆုိးက်ိဳးမ်ားမွာ မၾကာခဏ ဆီးသြားျခင္းျဖစ္ပါတယ္။ ထုိနည္းျဖင့္ ခႏၶာကိုယ္တြင္းရွိ အရည္မ်ားႏွင့္ ဆားဓါတ္မ်ားကို စြန္႔ပစ္ျပီး ေသြးေပါင္က်ေစပါတယ္။

 

အခ်ိဳ႕ဆီးေဆးမ်ားသည္ ခႏၶာကုိယ္မွ ပုိတက္စီယမ္ဓါတ္ ဆုပ္ယူမွဳကိုု က်ဆင္းေစပါတယ္။ ထုိအခါ ၾကြက္တက္ျခင္း၊ အားနည္းျခင္း၊ ပင္ပန္းႏြမ္းနုယ္ျခင္း တုိ႔ကို ျဖစ္ေစပါတယ္။ ထုိ႔ေၾကာင့္ ပုိတက္စီယမ္ဓါတ္ပါေသာ အစားအစာမ်ား စားသုံးျခင္းျဖင့္ ထုိ လကၡဏာမ်ား ကာကြယ္ေပးပါတယ္။ ဆီးေဆးမ်ားကို ေရရွည္ အသုးံျပဳပါက အဆစ္ေရာင္ျခင္းလကၡဏာမ်ား ျဖစ္တတ္ပါတယ္။ သုိ႔ေသာ္ ရွားပါတယ္။ ျဖစ္ခဲ့ပါကလည္း ဆရာ၀န္မွ ေကာင္းစြာ ကုသေပးႏုိင္ပါတယ္။ သင့္တြင္ ဆီးခ်ိဳရွိပါက ဆီးေဆးမ်ားဟာ ေသြးတြင္း သၾကားဓါတ္ကို ပုိုတက္ေစႏုိင္ပါတယ္။ သုိ႔ေသာ္ အမ်ားစုဟာ က်န္းမာေသာ စားေသာက္ေနထိုင္မွဳ၊ ဆရာ၀န္မွ ေဆးပမာဏ အတုိးအေလွ်ာ့ ထိန္းညွိျခင္း တုိ႔ျဖင့္ ထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။

 

အခ်ိဳ႕ေသာ အမ်ိဳးသားမ်ားတြင္ လိင္တံ မေထာင္မတ္နုိင္ျခင္းကို ၾကံဳေတြ႕ၾကရပါတယ္။ Beta blockers- ထုိေဆးမ်ားရဲ႕ ဆုိးက်ိဳးမ်ားမွာ ေျခ၊လက္မ်ား ေအးစက္ျခင္း ျဖစ္ပါတယ္။ ရင္ၾကပ္ျခင္းရဲ႕ လကၡဏာမ်ားျဖစ္တဲ့ ေခ်ာင္းဆုိးျခင္း၊ အသက္ရွဴသည့္အခါ တရႊီရႊီ ျမည္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ ရင္ဘတ္ထဲ ၾကပ္ျခင္း၊ အသက္ရွဴ မ၀ျခင္း စသည္တုိ႔လည္း ျဖစ္တတ္ပါတယ္။ စိတ္ဓါတ္က်ျခင္းႏွင့္ ပင္ပန္းႏြမ္းနယ္ျခင္း ၊ လုံေလာက္စြာ အိပ္မေပ်ာ္ျခင္း ၊ အခ်ိဳ႕ အမ်ိဳးသားမ်ားတြင္ လိင္တံ မေထာင္မတ္ႏုိင္ျခင္း တုိ႕ကို ျဖစ္ေစတက္ပါတယ္။ အကယ္၍ ကုိယ္၀န္ယူမည္ ဆုိပါက ဆရာ၀န္နဲ႕ တုိင္ပင္ေဆြးေႏြးပါ။

Read More : ႏွမ္းမည္းေစ့ စားသံုးျခင္းျဖင့္ ရရွ္ိႏိုင္မည့္အက်ိဳးေက်းဇူးမ်ာ

 

ACE inhibitors

ACE inhibitors ေတြရဲ႕ ဆုိးက်ိဳးေတြကေတာ့ ေရရွည္ ေခ်ာင္းေျခာက္ဆုိးျခင္း၊ အေရျပားေပၚ အင္ျပင္လုိျဖစ္ျခင္း၊ အခ်ိဳ႕အေျခအေနမ်ားတြင္ ေက်ာက္ကပ္ပ်က္စီးျခင္း၊ ခံတြင္း အရသာပ်က္ျခင္း၊ အရင္က ၾကိဳက္ႏွစ္သက္ခဲ့သည့္ အစားအစာမ်ားပင္ မစားလုိေတာ့ျခင္း၊ မည္သည့္အစားအစာကိုမွ ခံတြင္းမေတြ႕ျခင္းတို႕ကို ျဖစ္ေစပါတယ္။

 

Angiotensin 2 receptor blockers

Angiotensin 2 receptor blockers မ်ားဟာ မူးေ၀ျခင္းကို ျဖစ္ေစပါတယ္။ အကယ္၍ ကုိယ္၀န္ရွိပါက ထုိေဆးကို မေသာက္သုံးသင့္ပါ။ ထုိ႔ေၾကာင့္ ကုိယ္၀န္ယူမည္ ဆုိပါက ဆရာ၀န္နဲ႕ တုိင္ပင္ေဆြးေႏြးပါ။

 

Calcium channel blockers

Calcium channel blockers ေတြရဲ႕ ဆုိးက်ိဳးေတြကေတာ့ ဝမ္းခ်ဳပ္ျခင္း ၊ ေျခက်င္း၀တ္မ်ား ေရာင္ရမ္းျခင္း ၊ ေခါင္းကုိက္ျခင္း ၊ ႏွလုံးခုန္ ပုံမမွန္ျခင္း ၊ မူးေဝျခငး္တို႕ ျဖစ္တက္ပါတယ္။

 

Alpha blockers

Alpha blockers ေတြရဲ႕ ဆုိးက်ိဳးေတြကေတာ့ ႏွလုံးခုန္ ျမန္ျခင္း ၊ မူးေဝအားနည္းျခင္း ၊ ေခါင္းကုိက္ျခင္း ။

 

Alpha-beta blockers

ႏွလုံးခုန္ ေႏွးေစရန္ ဆရာ၀န္က သင့္ေသြးျပန္ေၾကာတြင္း သုိ႔ Alpha-beta blockers မ်ားထိုးသြင္းႏုိင္ပါတယ္။ ထုိေဆးမ်ားသည္ မတ္တပ္ရုတ္တရက္ ရပ္လုိက္ပါက ေသြးေပါင္ကို ထုိးက်ေစျခင္းေၾကာင့္ မူးေ၀ျခင္း၊ ေခါင္းကုိက္ျခင္း တုိ႔ကို ျဖစ္ေစပါတယ္။

 

Alpha-2 receptor agonists

Alpha-2 receptor agonists မ်ားကလည္း ေခါင္းမူးျခင္း၊ ေခါင္းေနာက္ျခင္းမ်ားကို ျဖစ္ေစပါတယ္။

 

Central agonists

Central agonists မ်ားက ေသြးေၾကာမ်ားကို ေျပေလ်ာ့ေစျပီး ေသြးေပါင္ကို က်ေစပါတယ္။ သုိ႔ေသာ္ သူတုိ႔ဟာ လုိအပ္သည္ထက္ ေသြးေပါင္ပိုက်ေစေသာအခါ အားနည္းျခင္း၊ ျဖဴဖတ္ျဖဴေရာ္ျဖစ္ျခင္း တုိ႔ကို ျဖစ္ေစႏုိင္ပါတယ္။ ထုိ႔ျပင္ ခံတြင္းမ်ား ေျခာက္ျခင္း၊ ဖ်ားျခင္း၊ မူးေ၀ျခင္း၊ ၀မ္းခ်ဳပ္ျခင္း၊ ေခါင္းကုိက္ျခင္း၊ အခ်ိဳ႕အမ်ိဳးသားမ်ားတြင္ ပန္းေသပန္းညွဳိးျခင္း တုိ႔ကို ျဖစ္ေစႏုိင္ပါတယ္။

 

Peripheral adrenergic inhibitors

Peripheral adrenergic inhibitors မ်ားဟာ ၀မ္းေလွ်ာျခင္း၊ ရင္ပူျခင္း၊ ႏွာေခါင္းပိတ္ျခင္း၊ အားနည္းျခင္း၊ နံနက္ႏုိးလာသည့္အခါ ေခါင္းမၾကည္ျခင္းတုိ႔ကို ျဖစ္ေစပါတယ္။ အိပ္မက္ဆုိးမ်ားမက္ျခင္း သုိ႔မဟုတ္ အိပ္စက္ျခင္းႏွင့္ ပက္သက္ေသာ ျပႆနာမ်ားခံစားရပါက ဆရာ၀န္ႏွင့္ ေဆြးေႏြးသင့္ပါတယ္။

 

ေသြးေၾကာ က်ယ္ေဆးမ်ား

ေသြးေၾကာ က်ယ္ေဆးမ်ားသည္ မ်က္လုံး၀န္းက်င္ ေရာင္ျခင္း၊ ေခါင္းကုိက္ျခင္း၊ ႏွလုံးခုန္ပုံမမွန္ျခင္း၊ အေမႊးထူလာျခင္း တုိ႔ကို ျဖစ္ေစပါတယ္ ။ ေဆးမ်ားအားလုံးဟာ ေဘးထြက္ဆုိးက်ိဳးမ်ား ရွိသလုိ ယခု ေသြးက်ေဆးမ်ားဟာလည္း ထုိနည္းပင္ျဖစ္ပါတယ္။ သုိ႔ေသာ္ ေကာင္းက်ိဳးမ်ားဟာ ဆုိးက်ိဳးမ်ားထက္ပုိသာေနတတ္ပါတယ္။ ဆုိးက်ိဳးမ်ားက ျပင္းထန္ပါက သုိ႔မဟုတ္ မခံစားႏုိင္ပါက ဆရာ၀န္ႏွင့္ အခ်ိ္န္မေရြး သြားျပသင့္ပါတယ္။

 

Dr.Nyan Linn (hellosayarwon)

{Unicode}

=======

သွေးကျဆေး၏ ဘေးထွက်ဆိုးကျိုးများ


သင့်တွင် သွေးတိုးရောဂါရှိပါက သွေးကျဆေးများ သောက်သုံးရနိုင်ပါတယ်။ ထိုဆေးများတွင် ကောင်းကျိုးများရှိသော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။ အဖြစ်များသော ဆိုးကျိုးမျာကို ဖော်ပြပေးလိုက်ပါတယ်။ ဆီးဆေးများ- ဆီးဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ မကြာခဏ ဆီးသွားခြင်းဖြစ်ပါတယ်။ ထိုနည်းဖြင့် ခန္ဓာကိုယ်တွင်းရှိ အရည်များနှင့် ဆားဓါတ်များကို စွန့်ပစ်ပြီး သွေးပေါင်ကျစေပါတယ်။

 

အချို့ဆီးဆေးများသည် ခန္ဓာကိုယ်မှ ပိုတက်စီယမ်ဓါတ် ဆုပ်ယူမှုကို ကျဆင်းစေပါတယ်။ ထိုအခါ ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနုယ်ခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ဓါတ်ပါသော အစားအစာများ စားသုံးခြင်းဖြင့် ထို လက္ခဏာများ ကာကွယ်ပေးပါတယ်။ ဆီးဆေးများကို ရေရှည် အသုးံပြုပါက အဆစ်ရောင်ခြင်းလက္ခဏာများ ဖြစ်တတ်ပါတယ်။ သို့သော် ရှားပါတယ်။ ဖြစ်ခဲ့ပါကလည်း ဆရာဝန်မှ ကောင်းစွာ ကုသပေးနိုင်ပါတယ်။ သင့်တွင် ဆီးချိုရှိပါက ဆီးဆေးများဟာ သွေးတွင်း သကြားဓါတ်ကို ပိုတက်စေနိုင်ပါတယ်။ သို့သော် အများစုဟာ ကျန်းမာသော စားသောက်နေထိုင်မှု၊ ဆရာဝန်မှ ဆေးပမာဏ အတိုးအလျှော့ ထိန်းညှိခြင်း တို့ဖြင့် ထိန်းချုပ်ပေးနိုင်ပါတယ်။

 

အချို့သော အမျိုးသားများတွင် လိင်တံ မထောင်မတ်နိုင်ခြင်းကို ကြုံတွေ့ကြရပါတယ်။ Beta-blockers- ထိုဆေးများရဲ့ ဆိုးကျိုးများမှာ ခြေ၊လက်များ အေးစက်ခြင်း ဖြစ်ပါတယ်။ ရင်ကြပ်ခြင်းရဲ့ လက္ခဏာများဖြစ်တဲ့ ချောင်းဆိုးခြင်း၊ အသက်ရှူသည့်အခါ တရွှီရွှီ မြည်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲ ကြပ်ခြင်း၊ အသက်ရှူ မဝခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ စိတ်ဓါတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း ၊ လုံလောက်စွာ အိပ်မပျော်ခြင်း ၊ အချို့ အမျိုးသားများတွင် လိင်တံ မထောင်မတ်နိုင်ခြင်း တို့ကို ဖြစ်စေတက်ပါတယ်။ အကယ်၍ ကိုယ်ဝန်ယူမည် ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 

ACE inhibitors

ACE inhibitors တွေရဲ့ ဆိုးကျိုးတွေကတော့ ရေရှည် ချောင်းခြောက်ဆိုးခြင်း၊ အရေပြားပေါ် အင်ပြင်လိုဖြစ်ခြင်း၊ အချို့အခြေအနေများတွင် ကျောက်ကပ်ပျက်စီးခြင်း၊ ခံတွင်း အရသာပျက်ခြင်း၊ အရင်က ကြိုက်နှစ်သက်ခဲ့သည့် အစားအစာများပင် မစားလိုတော့ခြင်း၊ မည်သည့်အစားအစာကိုမှ ခံတွင်းမတွေ့ခြင်းတို့ကို ဖြစ်စေပါတယ်။


Angiotensin 2 receptor blockers

Angiotensin 2 receptor blockers များဟာ မူးဝေခြင်းကို ဖြစ်စေပါတယ်။ အကယ်၍ ကိုယ်ဝန်ရှိပါက ထိုဆေးကို မသောက်သုံးသင့်ပါ။ ထို့ကြောင့် ကိုယ်ဝန်ယူမည် ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။


Calcium channel blockers

Calcium channel blockers တွေရဲ့ ဆိုးကျိုးတွေကတော့ ဝမ်းချုပ်ခြင်း ၊ ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း ၊ ခေါင်းကိုက်ခြင်း ၊ နှလုံးခုန် ပုံမမှန်ခြင်း ၊ မူးဝေခြင်းတို့ ဖြစ်တက်ပါတယ်။


Alpha-blockers

Alpha-blockers တွေရဲ့ ဆိုးကျိုးတွေကတော့ နှလုံးခုန် မြန်ခြင်း ၊ မူးဝေအားနည်းခြင်း ၊ ခေါင်းကိုက်ခြင်း ။

 

Alpha-beta blockers

နှလုံးခုန် နှေးစေရန် ဆရာဝန်က သင့်သွေးပြန်ကြောတွင်း သို့ Alpha-beta blockers များထိုးသွင်းနိုင်ပါတယ်။ ထိုဆေးများသည် မတ်တပ်ရုတ်တရက် ရပ်လိုက်ပါက သွေးပေါင်ကို ထိုးကျစေခြင်းကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း တို့ကို ဖြစ်စေပါတယ်။

 

Alpha-2 receptor agonists

Alpha-2 receptor agonists များကလည်း ခေါင်းမူးခြင်း၊ ခေါင်းနောက်ခြင်းများကို ဖြစ်စေပါတယ်။

 

Central agonists

Central agonists များက သွေးကြောများကို ပြေလျော့စေပြီး သွေးပေါင်ကို ကျစေပါတယ်။ သို့သော် သူတို့ဟာ လိုအပ်သည်ထက် သွေးပေါင်ပိုကျစေသောအခါ အားနည်းခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့ပြင် ခံတွင်းများ ခြောက်ခြင်း၊ ဖျားခြင်း၊ မူးဝေခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အချို့အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။

 

Peripheral adrenergic inhibitors

Peripheral adrenergic inhibitors များဟာ ဝမ်းလျှောခြင်း၊ ရင်ပူခြင်း၊ နှာခေါင်းပိတ်ခြင်း၊ အားနည်းခြင်း၊ နံနက်နိုးလာသည့်အခါ ခေါင်းမကြည်ခြင်းတို့ကို ဖြစ်စေပါတယ်။ အိပ်မက်ဆိုးများမက်ခြင်း သို့မဟုတ် အိပ်စက်ခြင်းနှင့် ပက်သက်သော ပြဿနာများခံစားရပါက ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။

 

သွေးကြော ကျယ်ဆေးများ

သွေးကြော ကျယ်ဆေးများသည် မျက်လုံးဝန်းကျင် ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်ပုံမမှန်ခြင်း၊ အမွှေးထူလာခြင်း တို့ကို ဖြစ်စေပါတယ် ။ ဆေးများအားလုံးဟာ ဘေးထွက်ဆိုးကျိုးများ ရှိသလို ယခု သွေးကျဆေးများဟာလည်း ထိုနည်းပင်ဖြစ်ပါတယ်။ သို့သော် ကောင်းကျိုးများဟာ ဆိုးကျိုးများထက်ပိုသာနေတတ်ပါတယ်။ ဆိုးကျိုးများက ပြင်းထန်ပါက သို့မဟုတ် မခံစားနိုင်ပါက ဆရာဝန်နှင့် အချိန်မရွေး သွားပြသင့်ပါတယ်။

 

Dr.Nyan Linn (hellosayarwon)

Read times Last modified on Monday, 30 December 2019 17:41
Rate this item
(1 Vote)