What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 September 2021 11:02

လာအိုနိုင်ငံက COVID-19 ဆေးဖက်ဝင်ပရဆေးများအား ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်မည်

လာအိုနိုင်ငံရှိ ဆေးဝါးထုတ်လုပ်သူများက COVID-19 ရောဂါအတွက် ဆေးဖက်ဝင်ပရဆေးများအား ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်မှုစတင်ရန်ရှိကြောင်း သိရသည်။

လာအိုနိုင်ငံ တိုင်းရင်းဆေးဝါး အင်စတီကျု (ITM) က ဆေးဖက်ဝင်ပရဆေးများကို ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်ခြင်းလုပ်ငန်းစဉ် ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုအခါ ယင်းမှာ COVID-19 ရောဂါကူးစက်ခံရသူ လူနာများအား ကုသရန် အသုံးပြုနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Rattanaxay Phetsouvanh က မြို့တော် ဗီယင်ကျန်းတွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“လာအိုမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက Champasak နဲ့ Savannakhet ပြည်နယ်တွေမှာ ဆေးဖက်ဝင်ပရဆေးတွေ အသုံးပြုပြီး COVID-19 လူနာ ၄၅၀ ခန့်ကို ကုသပေးနေပါပြီ” ဟု Rattanaxay က ပြောခဲ့သည်။
“ဆေးဖက်ဝင် ပရဆေးများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အထူးသဖြင့် COVID-19 ရောဂါ ကုသရေးတွင် ထိရောက်မှုရှိတာကို တွေ့မြင်ရပြီးဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက် ထုတ်ပြန်ထားချက်အရ ပြည်ပမှ COVID-19 ရောဂါကူးစက်မှု ၂၂၁ ဦးထပ်မံတွေ့ရှိခဲ့ပြီး ဒေသတွင်းကူးစက်မှုအသစ် ၈၆ ဦးရှိခဲ့ကာ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၆,၃၆၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကပ်ရောဂါမှ ပြန်လည်သက်သာလာပြီး ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူ စုစုပေါင်း COVID-19 လူနာ ၁၁,၃၃၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
လာအိုနိုင်ငံတွင် ပထမဆုံး COVID-19 အတည်ပြုလူနာနှစ်ဦးကို ပြီးခဲ့သည့်နှစ် မတ် ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
(Xinhua)

Read times
Rate this item
(0 votes)