What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 May 2022 19:46

ဆေးဝါးနှင့်ဆေးပစ္စည်း တင်သွင်းမည့် ကုမ္မဏီများ သွင်းကုန်လိုင်စင်ကိုအသင်းမှတဆင့်လျှောက်ထားနိုင်

ဆေးဝါးနှင့်ဆေးပစ္စည်း တင်သွင်းမည့် ကုမ္မဏီများ သွင်းကုန်လိုင်စင်ကိုအသင်းမှတဆင့်လျှောက်ထားနိုင်

 

စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၂ခုနှစ် မေလ ၂၇ ရက်နေ့စွဲပါ စာအမှတ် ၂၀၂၂-၂၀၂၃(၀၈၅၇) ဖြင့် ပေးပို့လာသော ညွန်ကြားချက်စာအရ၊ ဆေးနှင့်ဆေးအထောက်အကူပြုပစ္စည်းများတင်သွင်းလိုသည့်ကုမ္ပဏီများက မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ လျှောက်ထား၍ အဆိုပါအသင်းနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ လိုအပ်သည့်စီစစ်မှုများ ဆောင်ရွက်ကာ ထောက်ခံချက်ရယူ၍ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်ထားရန်ဟု ညွန်ကြားခဲ့ပါသည်။

"စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လမ်းညွှန်ခဲ့တာကြောင့် အသင်းသားကုမ္ပဏီများအားလုံးရဲ့သွင်းကုန်လိုင်စင်လျှောက်ထားတာနဲ့ပတ်သက်ပြီး အသင်းအနေနဲ့ဝိုင်းပြီးကူညီစစ်ဆေးပေးလိုက်ရင် အသင်းသားတွေအတွက်လည်း အထောက်အပံ့ဖြစ်နိုင်တယ်၊ စီးပွားကူးသန်းနဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုကိုလည်း ဝိုင်းဝန်းကူညီပေးရာရောက်မယ် အဲ့လိုစဉ်းစားသုံးသပ်ပြီးတော့ ဒီလုပ်ငန်းစဉ်ကိုစီးကူးဝန်ကြီးဌာနမှ လမ်းညွှန်မှုပြုတဲ့အတိုင်း ပါဝင်ကူညီဆောင်ရွက်ပေးတာပါ။ အသင်းမှ ထိုကိစ္စအတွက် ၂၆-၅-၂၀၂၂ နေ့တွင် အလုပ်အမှုဆောင်အစည်းအဝေးခေါ်ယူပြီး ကြိုတင်ညှိုနှိုင်းဆွေးနွေးကာ အလုပ်အမှုဆောင်များ အားလုံးကလည်း ညွန်ကြားမှုပြုလာသည့်အတိုင်း ဝိုင်းဝန်းကူညီစီစစ်ပေးရန် သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်"ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းအပါအဝင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်ကုမ္ပဏီများ ထုတ်ကုန်သွင်းကုန်လိုင်စင်များနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်နေသဖြင့် မေ ၂၈ ရက်တွင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အသင်းသားများအား အစည်းအဝေးခေါ်ယူကာ လမ်းညွှန်ချက်များအား အသင်းသားများသိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအား ဆေးနှင့်ဆေးပစ္စည်းတင်သွင်းသည့် ကုမ္ပဏီပေါင်း ၁၆၅ ခုမှတာဝန်ရှိသူ ၂၀၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"မေ ၃၀ ရက် ဒီနေ့တနင်္လာနေ့ကစပြီး စီးပွားကူးသန်းရဲ့လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ခဲ့တယ်။ ကုမ္ပဏီ ၅ခုမှ တင်လာတဲ့ Case ၈ ခုကို စီစစ်ပြီး စီးပွားကူးသန်းကိုပို့ပေးဖို့အဆင်သင့်ပြင်ထားပြီးပါပြီ။ သွင်းကုန်လိုင်စင်လျှောက်လွှာတွေကို တနင်္လာနေ့ကနေ သောကြာနေ့အထိ နေ့တိုင်း မနက် ၁၀ နာရီကနေ နေ့လည် ၃ နာရီအထိ လာလျှောက်နိုင်ပြီး အသင်းမှ တတ်နိုင်သမျှ နေ့ ချင်းပြီး စီစစ်ပေးနိုင်အောင်ဆောင်ရွက်လျှက်ရှိပါတယ်"ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ စီစစ်ရာတွင် ဆေးဝါးကျွမ်းကျင်သောအလုပ်အမှုဆောင်များ၊ဆေးပစ္စည်းများအား နားလည်တတ်သိကျွမ်းကျင်သော အလုပ်အမှုဆောင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ ငယ် ၅ ဖွဲ့ဖြင့် အလှည့်ကျ နေ့စဉ်စီစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ် ငန်းရှင်များအသင်းသည် ဆေးနှင့်ဆေးပစ္စည်းတင်သွင်းသည့်ကုမ္ပဏီများမှ ဆေးနှင့်ဆေးအထောက်အကူပြုပစ္စည်းများလျှောက်ထားမှုများအား မေ ၃၀ ရက်မှစ၍ စီစစ်မှုများပြုလုပ်ပေးကာ ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦး စီးဌာနသို့ စာရင်းပြုစု ဆက်လက်ပေးပို့ပေးသွားမည်ဖြစ်သည်။

Read times
Rate this item
(1 Vote)