What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 September 2021 07:27

Ganocan (လင်ဇီးဆေး) အား လိမ်လည်ရောင်းချနေခြင်းနှင့် ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း

Ganocan (လင်ဇီးဆေး) အား လိမ်လည်ရောင်းချနေခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာချက်ကို FAME Pharmaceuticals မှ ထုတ်ပြန်ကြေညာထားပါသည်။

အခုရက်ပိုင်းတွင် Facebook ပေါ်ရှိ COVID-19 နှင့်ပတ်သက်သော Group များပေါ်၌ "ကိုဗစ်လူနာများ အောက်စီဂျင် ဖြုတ်မရသူများအတွက် မည်သည့်ဆေးအမျိုးအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဆေးဝါးများကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချနေကြောင်း နှင့် ထိုဆေးတောင့်များပေါ်တွင် FAME စာသားများ ပါရှိနေကြောင်း" ကို မိဘပြည်သူအချို့မှ FAME သို့ ဆက်သွယ် အသိပေးလာခဲ့ပါသည်။
အဆိုပါဖြစ်စဉ်အတွက် စုံစမ်းကြည့်ရာ၌ ရောင်းချသူများက အောက်စီဂျင် ပြန်တက်စေရန်အတွက် မည်သည့်ဆေးမှန်း မသိရသည့် ဆေးတောင့်များအား တစ်နေ့ကို ၁၀ တောင့် မှ ၁၅ တောင့်နှုန်း၊ တစ်လပြည့်အောင် သောက်ရမည်ဟုပြောဆိုကာ တစ်တောင့် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဈေးအဆမတန် ရောင်းချနေပြီး ထိုဆေးတောင့်များမှာ FAME အမှတ်တံဆိပ် Ganocan (လင်ဇီးဆေး) ဖြစ်နေကြောင်း စုံစမ်းတွေ့ရှိရပါသည်။ Ganocan (လင်ဇီးဆေး) တစ်တောင့်မှာ ၁၀၀ ကျပ်ဖြစ်ပြီး ဆေးတောင့် ၆၀ ပါတစ်ဘူးမှာ ၆,၀၀၀ ကျပ်ဖြစ်ပါသည်။
ထို့ကြောင့် ကျန်းမာရေးအတွက် ပူပင်သောကရောက်နေသူများ၊ ဆေးဝါးများအကြောင်း မသိနားမလည်သူများနှင့် ဝေးလံသော နယ်မြို့များမှ ရိုးသားသည့် ပြည်သူများကို ယခုကဲ့သို့ FAME ဆေးဝါးများအား အလွဲသုံးစားပြုလုပ်ပြီး ဝိသမလောဘဖြင့် မတရား အမြတ်ကြီးစားကာ ရောင်းချနေခြင်းအား ချက်ချင်း ရပ်တန့်ပေးရန်နှင့် ထပ်မံစစ်ဆေးတွေ့ရှိပါက တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် စားသုံးသူ မိဘပြည်သူများအနေဖြင့် ထိုဖြစ်စဉ်များကို သိရှိစေရန်နှင့် သတိပြုမိစေရန်တို့အတွက် ပုံများနှင့်တကွ ဖော်ပြလိုက်ပါသည်။ FAME ဆေးဝါးများနှင့်ပတ်သက်ပြီး မသင်္ကာစရာများ တစ်ခုခု တွေ့ရှိပါက FAME Customer Service – 09 95 500 5000 သို့ ဆက်သွယ် အကြောင်းကြားပေးနိုင်ပါကြောင်း လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်

Read times
Rate this item
(0 votes)