What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 September 2021 17:06

စက်တင်ဘာနှင့် အောက်တိုဘာ လအတွင်း COVID-19 ရောဂါ ကာကွယ်ဆေး ၁၀ သန်းစီ ရောက်ရှိနိုင်

စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း COVID-19 ရောဂါ ကာကွယ်ဆေး ၁၀ သန်းစီ ရောက်ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“ကာကွယ်ဆေးတွေကို စက်တင်ဘာနဲ့ အောက်တိုဘာမှာ ၁၀ သန်းစီရောက်မယ်လို့ သတင်းအစည်းအဝေးမှာလည်း ပြောထားတာရှိပါတယ်။ COVID-19 နဲ့ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောထားတာရှိပါ တယ်။ ဒါဆိုရင် ဒီလမှာလည်း ၁၀ သန်း၊ နောက်လမှာ ၁၀ သန်း ရောက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားကမှာ ထားတဲ့ ကာကွယ်ဆေး နှစ်သန်းကလည်း ဒီလအတွင်းမှာ ရောက်ရှိဖို့ရှိပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ် ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေး လေးသန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာ ၁၂ ရက်ညနေ ၄ နာရီခွဲတွင် ရောက်ရှိပြီးဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် တရုတ်နိုင်ငံက လှူဒါန်းထားသော Sinopharm COVID-19 ကာကွယ်ဆေး ၂ ဒသမ ၅ သန်း ၊ ဝယ်ယူ ထားသည့် Sinovac COVID-19 ရောဂါကာကွယ်ဆေးနှစ်သန်း၊ ထပ်မံရောက်ရှိသည့် Sinopharm COVID -19 ကာကွယ်ဆေး နှစ်သန်းနှင့် စုစု ပေါင်း ကာကွယ်ဆေး ၆ ဒသမ ၅ သန်းရောက် ရှိပြီးဖြစ်၍ စက်တင်ဘာ ၁၁ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၃ ဒသမ ၂၄ သန်းရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံနိုင်မှုအနေဖြင့် ယခု လကုန်တွင် ရာခိုင်နှုန်း ၂၀၊ နှစ်ကုန်တွင် ရာခိုင်နှုန်း ၅၀ အထိ ထိုးနှံနိုင်ရန် စီစဉ်ထားကြောင်း နှင့် ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ရာခိုင်နှုန်း ၇၀ ထိုးနှံနိုင်ရန် စီစဉ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။


WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် စက်တင်ဘာလဆန်းအထိ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ၆၂၅ သန်းကျော်ရှိပြီး လူ ၁၀၀ လျှင် ရာခိုင်နှုန်း ၃၀ ကျော်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က WHO အရှေ့တောင် အာရှ ဒေသတွင်းနိုင်ငံများ၏ COVID-19 ဖြစ်ပွားမှု အခြေအနေ အပတ်စဉ်အစီရင်ခံ စာတွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးများကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေး လျက်ရှိသည်။

Read times
Rate this item
(0 votes)