What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 December 2021 17:09

ဆေးတပတ်လည်စာကို ဒေါ်လာ ၅၃၀ ကုန်ကျသည့် Pfizer သောက်ဆေး ကိုဗစ်ကုသရာမှာ အသုံးပြုဖို့ FDA ခွင့်ပြု

ဆေးတပတ်လည်စာကို ဒေါ်လာ ၅၃၀ ကုန်ကျသည့် Pfizer သောက်ဆေး ကိုဗစ်ကုသရာမှာ အသုံးပြုဖို့ FDA ခွင့်ပြု

Pfizer ဆေးကုမ္ပဏီထုတ် သောက်ဆေးပြားကို ကိုဗစ်ရောဂါ ကုသရာမှာ အရေးပေါ်သုံးစွဲဖို့ အမေရိကန် ဆေးဝါးနဲ့ အစားအစာ ကြီးကြပ်ရေးဌာန (FDA) ကခွင့်ပြုလိုက်ကြောင်း ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာလိုက်ပါတယ်။

Pfizer ကုမ္ပဏီထုတ် သောက်ဆေးကို တခြားဆေးတမျိုးဖြစ်တဲ့ Ritonavir နဲ့ တွဲဖက်သုံးစွဲတဲ့အခါ ကျန်းမာရေး အားနည်းသူတွေအတွက် ဆေးရုံတင်ကုသရတာ၊ သေဆုံးတာတွေကို ကာကွယ်ရာမှာ ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်းလည်း ကုမ္ပဏီက ပြောပါတယ်။

ကိုဗစ်ရောဂါကို အိမ်မှာပဲ ဆေးသောက်ပြီးကုနိုင်မယ့် ပထမဆုံး ဆေးအမျိုးအစားကိုတော့ အသက် ၁၂ နှစ်နဲ့ အထက်အရွယ် ကျန်းမာရေး အားနည်းသူတွေအတွက် အသုံးပြုခွင့်ပေးလိုက်တာပါ။

ဆေးတွေကိုတော့ အမေရိကန်မှာ ဖြန့်ချိဖို့ အသင့်ဖြစ်နေပြီး၊ ရှေ့နှစ် ၂၀၂၂ ခုနှစ်မှာ လူနာ ၁၂၀ စာ ဆေးပတ်လည်အောင် သောက်နိုင်မယ့် ပမာဏအထိ ထုတ်လုပ်မှာ ဖြစ်ကြောင်းလည်း Pfizer ကုမ္ပဏီက ပြောပါတယ်။

ဆေးတပတ်လည်စာကို ဒေါ်လာ ၅၃၀ ကုန်ကျမှာဖြစ်ပြီး၊ အမေရိကန် အစိုးရကတော့ လူနာ ၁၀ သန်းစာ မှာယူထားပါတယ်။

Paxlovid လို့ အမည်ပေးထားတဲ့ ဆေးကိုတော့ ကိုဗစ်ရောဂါ လူနာတွေ ၁၂ နာရီတကြိမ် ၅ ရက် သောက်ရမှာပါ။ ဆေးသောက်မယ့် သူတွေအနေနဲ့လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရကြောင်း အတည်ပြုချက် အထောက်အထား ပြသရမှာ ဖြစ်ပါတယ်။

Merck ဆေးကုမ္ပဏီကလည်း အလားတူ ကိုဗစ်ကု သောက်ဆေး ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာပါ။ သောက်ဆေးဟာ ထိရောက်မှုရှိကြောင်း ဆေးကုမ္ပဏီတွေက ပြောဆိုနေပေမဲ့လည်း ကာကွယ်ဆေး ထိုးတာကသာ ရောဂါအန္တရာယ်ကို ကာကွယ်ရာမှာ အကောင်းဆုံး နည်းလမ်းအဖြစ် ကျန်းမာရေး ပညာရှင်တွေက သတိပေးနေကြပါတယ်။

Read times
Rate this item
(0 votes)