What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 03 October 2021 21:04

Merck ကိုဗစ်သောက်ဆေးတောင့် အောင်မြင်မှု ရလဒ်များ ထွက်ပေါ်ခဲ့

အမေရိကန် ဆေးဝါးလုပ်ငန်း Merck & Co က ကိုဗစ်-၁၉ ကို တိုက်ခိုက်ဖို့အတွက် စမ်းသပ်သောက်ဆေးကို စမ်းသပ် ထုတ်လုပ်ခဲ့ရာ အောင်မြင်မှု ရလဒ်များ ထွက်ပေါ်ခဲ့ပါတယ်။

Merck ကိုဗစ်သောက်ဆေးတောင့်ကို molnupiravir လို့ သိကြပြီး ကိုဗစ်လူနာ ဆေးရုံတက်ရခြင်းနဲ့ သေဆုံးခြင်းတို့ ဖြစ်ကြုံရမယ့်အရေးကို ၅၀% လျော့နည်းစေတာကို စမ်းသပ်မှုအရ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံ FDA ( US Food and Drug Administration) ထံ တင်ပြထားပြီ ဖြစ်ပါတယ်။ အခြားနိုင်ငံများမှ FDA များထံသို့လည်း ဒေတာများ တင်ပြပြီး အတည်ပြုခွင့်ပြုချက် ရယူသွားမယ်လို့ Merck က စီစဉ်ထားပါတယ်။
ယခုနှစ်ကုန်အထိ ကုသမှုကြိမ်ရေ ၁၀ သန်းစာ ဆေးတောင့်များ ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပါတယ်။ အမေရိကန် အစိုးရထံမှလည်း အမေရိကန်ဒေါ်လာ ၁. ၂ ဘီလျံဖိုး ပေးသွင်းဖို့ သဘောတူညီချက် ရရှိထားပါတယ်။
ထုတ်လုပ်မှု စရိတ် မမြင့်မားတဲ့အတွက် ဈေးသက်သက်သာသာဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

Read times Last modified on Sunday, 03 October 2021 21:08
Rate this item
(0 votes)