What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 October 2021 19:14

Covid test kit ၂၀၀,၀၀၀ နီးပါး အဖြေမှားပြနေသဖြင့် ပြန်ရုပ်သိမ်းလျက်ရှိ

အိမ်မှာ အလွယ်တကူ စစ်ဆေးလို့ ရတဲ့ Covid test kit တွေ ရလဒ် မှားပြနေလို့ ခုရေ ၂၀၀,၀၀၀ နီးပါးကို ဈေးကွက်ထဲမှ ပြန်လည်ရုပ်သိမ်းနေပါတယ်။

အဲဒီ Covid test kit တွေ မျှော်မှန်းထားတဲ့နှုန်းထက်ကျော်လွန်ပြီး positive တွေ ပြနေလို့ ဖြစ်ပါတယ်။
ဩစတေးလျကုမ္ပဏီ Ellume က ထုတ်လုပ်တဲ့ Covid test kit တွေ ဖြစ်ပြီး ကုမ္ပဏီက စက်တင်ဘာလလယ်ပိုင်းမှာ positive မှားယွင်းစွာ ပြနေတဲ့ကပြဿနာ ရှိကြောင်း စတင်သိရှိခဲ့ပါတယ်။

နောက်ကြောင်းပြန်လိုက်တဲ့အခါ Covid test kit မှာ သုံးစွဲထားတဲ့ ကုန်ကြမ်းတစ်မျိုးရဲ့ အရည်အသွေးက တသမတ်တည်း မဖြစ်ဘဲ အမျိုးမျိုးဖြစ်နေတာ တွေ့ရှိခဲ့ကြပါတယ်လို့ Ellume ရဲ့ အမှုဆောင်ချုပ် Dr. Sean Parsons က ပြောကြားခဲ့ပါတယ်။ ပြဿနာတက်တဲ့ test kits စုစုပေါင်း ၄၂၇,၀၀၀ ရှိမယ်လို့ ခန့်မှန်းထားပြီး ထက်ဝက်ကျော်ကို သုံးစွဲခဲ့ပြီးပြီ ဖြစ်ပါတယ်။ positive အဖြေထွက်တာ အကြမ်းအားဖြင့် ၄၂,၀၀၀ ရှိခဲ့ပါတယ်။ အဲဒီအရေအတွက်ရဲ့ လေးပုံတစ်ပုံဟာ အဖြေမှားပြီး positive အဖြေထွက်ခဲ့တာလို့ Dr. Parsons က ပြောကြားပါတယ်။ ဘယ်နှစ်ကြိမ် မှားယွင်းတဲ့အဖြေ ရရှိခဲ့သလဲ အတိအကျ ဆုံးဖြတ်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်လို့ သူက ပြောကြားပါတယ်။
အခုကိစ္စမှာ အဖြေက negative ဖြစ်တယ်ဆိုရင်တော့ အဖြေမှန် ဖြစ်တယ်လို့ ယုံကြည်စိတ်ချနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားပါတယ်။

Ellume က rapid antigen test အမျိုးအစားဖြစ်ပြီး နှာခေါင်းထဲ ရောက်ရှိနေတဲ့ ဗိုင်းရပ်ပါတဲ့ အစအနတွေကို စစ်ဆေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

Reference: NY Times

 

Read times Last modified on Wednesday, 06 October 2021 19:17
Rate this item
(2 votes)