What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 October 2021 09:38

Sinopharm လေးသန်း ထပ်မံရောက်ရှိပြီး ဝယ်ယူချုပ်ဆိုထားသည့် ၂၄ သန်းအနက် ၁၆ သန်းရောက်ရှိပြီဖြစ်

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး Sinopharm လေးသန်း ထပ်မံရောက်ပြီး ဝယ်ယူချုပ်ဆိုထားသည့်

၂၄ သန်းအနက် စုစုပေါင်း ၁၆ သန်း မြန်မာနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာကွယ်ဆေးလေးသန်းသည် အောက်တိုဘာ ၁၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်အထိ ကာကွယ်ဆေးများ ရောက်ရှိမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD နှစ်သန်း၊ Sinopharm ၁၆ သန်း၊ Sinovac နှစ်သန်း စုစုပေါင်းသန်း ၂၀ ရောက်ရှိပြီးဖြစ်၍ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့က လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ရှစ်သန်းကျော်ရှိကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆိုဝယ်ယူထားသည့် ကာကွယ်ဆေးအားလုံး ရောက်ရှိလာပါက လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်း ထိုးနှံမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ်အတွင်း လူအုပ်စုများပါဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံခြင်း မရရှိသေးသောသူများ အနေဖြင့် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနှင့် ရောဂါကြောင့် သေဆုံးနိုင်ခြေသည် အကြိမ်ပြည့်ထိုးနှံခြင်း ခံယူထားသူများနှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားခြင်းကြောင့် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများကိုလည်း အမြန်ဆုံးထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ယင်းကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ခံယူ၍ ရောဂါမရှိစေရေး ဆောင်ရွက်ထားနိုင်မှသာ မိမိအတွက်လည်း ရောဂါကူးစက်မှုမရှိစေရေး လုံခြုံစိတ်ချရမှုရရှိမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှုမြင့်မားလာသည်နှင့်အတူ ရောဂါကူးစက် ဖြစ်ပွားသေဆုံးမှုများကို ထိရောက်စွာ လျှော့ချနိုင်မည်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ကာကွယ်ဆေး သာတူညီမျှစွာရရှိရေးအတွက် အကြံပြုထားကြောင်း သိရသည်။


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မိမိနိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ဦးတည်အုပ်စုများအလိုက် မြင့်မားစွာရရှိလာသည့်အခါတွင် တတိယအကြိမ်ကာကွယ်ဆေး (Booster Dose) ထိုးနှံရန်လိုအပ်ပါက ကာကွယ်ဆေးရရှိမှုပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် လိုအပ်ချက်အရ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

ထို့ကြောင့် COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအနေဖြင့် ကာကွယ်ဆေးတစ်ကြိမ်မျှပင် ထိုးနှံရခြင်းမရှိသေးသည့် ရောဂါကာကွယ်မှုမရရှိသေးသူများကို ဦးစားပေး၍လည်းကောင်း၊ နိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစွာရရှိရေးအတွက်လည်းကောင်း ထိုးနှံပေးလျက်ရှိသည့် အခမဲ့ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် လာရောက်၍ တတိယအကြိမ်ထိုးနှံမှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

 

news-eleven.com

Read times
Rate this item
(0 votes)