What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 October 2021 09:40

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁၆ ရက်အထိ COVID-19 ကာကွယ်ဆေး ထိုးနှံမှုရရှိသူ စုစုပေါင်း ၁၁ သန်းကျော်ရှိ

မြန်မာနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံမှုရရှိသူ စုစုပေါင်း ၁၁ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၆ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးသည့် လူဦးရေ ၄၅၇၄၄၁၈ ဦး(၄ ဒသမ ၅၇ သန်း) ၊တစ်ကြိမ် ထိုးနှံပြီးစီးသည့် လူဦးရေ ၆၆၄၈၈၆၇ ဦး (၆ ဒသမ ၆၄ သန်း)၊ ထိုးနှံပြီးစီးသည့်လူဦးရေ စုစုပေါင်း ၁၁၂၂၃၂၂၈၅ ဦး(၁၁ ဒသမ ၂၂ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၅ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆိုဝယ်ယူထားပြီး ကာကွယ်ဆေးများ ရောက်ရှိလာပါက လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်း ထိုးနှံပေးမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ်အတွင်း လူအုပ်စုများ ပါဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစ၍ COVID-19 ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိထိုးနှံပေးနေသည့် ကာကွယ်ဆေးများသည် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး Sinopharm နှင့် Sinovac ကာကွယ်ဆေးနှစ်မျိုးသည် WHO အရေးပေါ် အသုံးပြုခွင့်ပေးထားသော ကာကွယ်ဆေးများ အမျိုးအစားများဖြစ်ပြီး အသက် ၁၈ နှစ်အထက်မှစ၍ အသက် အကန့်အသတ်မရှိ ထိုးနှံနိုင်ကြောင်း WHO ၏ လမ်းညွှန်ချက်တွင် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ဆေးများကို များများနှင့်မြန်မြန် ထိုးနှံပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများရရှိရန် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


ထို့ပြင် စက်တင်ဘာ ၁၄ မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ထပ်မံတိုးချဲ့ထိုးနှံရာတွင် ပါဝင် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံ့ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

 

news-eleven.com

 

 

Read times Last modified on Wednesday, 20 October 2021 09:45
Rate this item
(0 votes)