What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 October 2021 17:28

အောက်တိုဘာ ၂၆ ရက်အထိ COVID-19 ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၆ ဒသမ ၄၂ သန်းရှိ

မြန်မာနိုင်ငံ၌ အောက်တိုဘာ၂၆ ရက် အထိ COVID-19 ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ၆ ဒသမ ၄၂ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၂၆ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသည့် လူဦးရေ ၆၄၂၉၀၅၉ (၆ ဒသမ ၄၂ သန်း)၊ တစ်ကြိမ် ထိုးနှံပြီးစီးသူ ၆၃၆၉၂၆၃ ဦး (၆ ဒသမ ၃၆ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေစုစုပေါင်း ၁၂၇၉၈၃၂၂ (၁၂ ဒသမ ၇၉ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၉ သန်း ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၂၃ရက်အထိ ကာကွယ်ဆေးများ ရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVI SHIELD နှစ်သန်း၊ Sinopharm သန်း ၂၀၊ Sinovac နှစ်သန်း စုစုပေါင်း ၂၄ သန်းရောက် ရှိပြီးဖြစ်ပြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့က လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ရှစ်သန်းကျော်ရှိကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆိုဝယ်ယူထားသည့် ကာကွယ်ဆေးများအနက် မြန်မာနိုင်ငံသို့ သန်း ၂၀ ရောက်ရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံခြင်း မရရှိသေးသော သူများအနေဖြင့် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနှင့် ရောဂါကြောင့် သေဆုံးနိုင်ခြေသည် အကြိမ်ပြည့် ထိုးနှံခြင်း ခံယူထားသူများနှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားခြင်းကြောင့် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများကိုလည်း အမြန်ဆုံးထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ယင်းကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ဦးစားပေးကာ အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ခံယူ၍ ရောဂါမရှိစေရေး ဆောင်ရွက်ထားနိုင်မှသာ မိမိအတွက်လည်း ရောဂါကူးစက်မှုမရှိစေရေး လုံခြုံစိတ်ချမှုရရှိမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာသည်နှင့် သေဆုံးမှုများကို ထိရောက်စွာလျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ကာကွယ်ဆေးသာတူညီမျှစွာ ရရှိ ရေးအတွက် အကြံပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


ကာကွယ်ဆေးများကို များများနှင့် မြန်မြန် ထိုးနှံပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများရရှိရန် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အသက်အပိုင်းအခြားနှင့် ကြည့်ပါက ငါးနှစ်အောက်ကလေးများတွင် ကူးစက်မှု အလွန်နည်းပါးပြီး အသက်ငါးနှစ်မှ ကိုးနှစ်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်သည်လည်း ရောဂါဖြစ်ပွားမှု နည်းပါးကြောင်း၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်သည် ရောဂါကူးစက်မှု စတင်ရှိလာပြီး အသက် ၂၀ မှ ၂၄ နှစ်အရွယ်သည် ကူးစက်ဖြစ်ပွားမှု ပိုရှိလာကြောင်း သိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)