What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 November 2021 09:24

၅ နှစ်အထက် Pfizer ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကန် ကျန်းမာရေးခွင့်ပြု

အသက် ၅ နှစ်ကနေ ၁၁ နှစ်အထိ ကလေးငယ်တွေကို Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေ အင်္ဂါနေ့က ခွင့်ပြုလိုက်ပါတယ်။

အသက် ၅ နှစ်အထိ ငယ်ရွယ်တဲ့ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးသင့်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) အကြံပေးအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ပြီး နာရီပိုင်းအကြာမှာပဲ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။

ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးပမာဏရဲ့ ၃ ပုံ ၁ ပုံကို ကလေးငယ်တွေကိုထိုးပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ကလေးငယ်တွေမှာ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်း နည်းတယ်ဆိုပေမဲ့ သူတို့ လူမှုဘဝ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပညာရေးပိုင်းတွေမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း CDC ညွှန်ကြားရေးမှုး Dr. Rochelle Walensky ကပြောပါတယ်။

လူကြီးတွေကိုထိုးပေးတဲ့ဆေးနဲ့ ကွဲပြားမှုရှိအောင် ထိုးဆေးပုလင်းအဖုံးတွေကို အရောင်ခွဲခြားသတ်မှတ်ထားတဲ့ သန်းနဲ့ ချီတဲ့ ကာကွယ်ဆေးတွေကို Pfizer ဆေးကုမ္ပဏီက ပြည်နယ်အသီးသီးကို ဖြန့်ဝေထားပြီးလည်း ဖြစ်ပါတယ်။

အမေရိကန်မှာ အခုထိ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေး ၇ သန်းအပါအဝင် လူဦးရေ ၁၀၆ သန်း ကိုဗစ် ကာကွယ်ဆေး အပြည့်အဝထိုးပြီးပြီ ဖြစ်ပါတယ်။ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစာရင်းတွေအရ အမေရိကန်မှာ ကိုဗစ်ကူးစက်သူ ၄၆ သန်းကျော်နဲ့ သေဆုံးသူ ၇ သိန်း ၄ သောင်းကျော်ရှိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ အခုထိ ကိုဗစ် ကူးစက်ခံရသူက ၂၄၇ သန်းကျော်နဲ့ သေဆုံးသူ ၅ သန်းကျော်နေပြီဖြစ်ပါတယ်။

VOABurmese

Read times Last modified on Thursday, 04 November 2021 09:26
Rate this item
(0 votes)