What's New




Tuesday, 17 January 2023 12:43

ဒူဘိုင်းမှာ ကျင်းပမယ့် "Arab Health 2023” ကို မြန်မာနိုင်ငံမှ သွားရောက်လေ့လာနိုင်

ဆေးဝါး၊ ကျန်းမာရေးထုတ်ကုန်များနှင့် ကျန်းမာရေးဝန်ဆောင်မှုများအား တစ်စုတစ်စည်းတည်း ပြသသွားမည့် “Arab Health 2023” ပြပွဲကို ဒူဘိုင်းမြို့ရှိ Dubai World Trade Centre တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့မှ ဖေဖော်ဝါရီ (၂) ရက်နေ့အထိ (၄) ရက် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

 

အွန်လိုင်းအနေဖြင့်မူ ယခုနှစ် ဇန်နဝါရီလ (၉) ရက်မှ စတင်ကာ မတ်လ (၂) ရက်နေ့ထိ (၅၃) ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြပွဲကို ဘန်ကောက်မြို့ရှိ ဘယ်လ်ဂျီယံသံရုံး၏ စီးပွားရေးဌာနတစ်ခုဖြစ်သည့် Wallonia Foreign Trade & Investment (AWEX) က ကြီးမှုး ကျင်းပခြင်း ဖြစ်ပြီး ဆေးဝါး၊ ကျန်းမာရေးထုတ်ကုန်များနှင့် ဝန်ဆောင်မှု ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများအား ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဈေးကွက်သို့ အရောင်းမြှင့်တင်ပေးနေသည့် တာဝန်ခံဌာနတစ်ခု ဖြစ်သည်။

 

 

Arab Health 2023 သည် တစ်ကမ္ဘာလုံးရှိ ဆေးဝါး၊ ကျန်းမာရေးထုတ်ကုန်များနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ စုံစည်းရာ နေရာ ဖြစ်လာနိုင်ပြီး ကျန်းမာရေးနှင့် ဆက်စပ် ထုတ်ကုန်များ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပြသရာ အကြီးမားဆုံး ပြပွဲတစ်ခု ဖြစ်ပေလိမ့်မည်။

 

ပြပွဲတွင် သြစတေးယျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ စသည့် နိုင်ငံကြီးများ အပါအဝင် နိုင်ငံပေါင်း (၇၀) နိုင်ငံမှ ပြခန်းပေါင်း (၃,၀၀၀) ကျော် ပါဝင် ပြသမည် ဖြစ်ပြီး ဆွေးနွေးပွဲ (၉) ခုကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကာ ပွဲတက်ရောက် လေ့လာသူ (၅၁,၀၀၀) ခန့် ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပွဲကျင်းပသည့် AWEX မှ သိရသည်။ 

 

ပြပွဲတွင် ပါဝင် ပြသသွားမည့် ဆေးဝါး၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးထုတ်ကုန်များ ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုမ္ပဏီများ၏ သတင်းအချက်အလက်များကို အောက်ပါလင့်ခ်များတွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။

 

> https://www.arabhealthonline.com/en/exhibitor-list.html

> https://bit.ly/3iyVoTQ   

> https://www.arabhealthonline.com/en/education/conferences.html

 

Asia Pacific Inspection Agency

 

AWEX သည် ၂၀၂၂ ခုနှစ်တွင်လည်း Arab Health 2022 ကို ပြုလုပ် ကျင်းပခဲ့ပြီး ထိုပြပွဲမှ အမေရိကန်ဒေါ်လာ (၇၈၁) သန်း အမြတ်ငွေ ရရှိခဲ့ကာ နိုင်ငံပေါင်း (၁၈၅) နိုင်ငံမှ လေ့လာသူ (၄၀,၂၅၄) ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် မည်သူမဆို အဆိုပါပြပွဲသို့ တက်ရောက် လေ့လာနိုင်ကြောင်း မြန်မာ ကုန်သည်စက်မှုအသင်းချုပ်ကလည်း ဖိတ်ခေါ်ထားသည်။

 

အဆိုပါ ပြပွဲကို တက်ရောက် လေ့လာလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ် ဖုန်းနံပါတ် 01~2314344-49 Ext : 301 နှင့် Email - This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်၍ အသေးစိတ် မေးမြန်း စုံစမ်းနိုင်ပါသည်။

 

Su Mon Oo

Read times Last modified on Friday, 27 January 2023 18:10
Rate this item
(2 votes)