What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 January 2019 10:41

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော 'လက်တွေ့အသုံးချ ဆေးဝါးလက်လီရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နည်း သင်တန်း'

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော "လက်တွေ့အသုံးချ ဆေးဝါးလက်လီရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နည်း သင်တန်း (Retail Pharmacy Management Course) အပတ်စဉ်(၂) ကို ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီ (၉) ရက်နေ့တွင် ဖွင့်လှစ် မှာဖြစ်ပါသည်။

ကိုယ်ပိုင်ဆေးဆိုင်ဖွင့်ဖို့ စိတ်ကူးနေသူများ ၊ အလုပ်အကိုင်သေချာစေမဲ့ သင်တန်းတခုတက်ဖို့ စိတ်ကူးနေသူများ ၊ (ဒါမှမဟုတ်) ကိုယ့်မိသားစု ကျန်းမာရေးကို စောင့်ရှောက်ဖို့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားလိုပါသူများတို့အတွက် လက်တွေ့တွင် အောင်မြင်နေသော အတွေ့အကြုံရှိ လုပ်ငန်းရှင်ကြီးများ နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာရှိကြီးများ ကိုယ်တိုင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ အောင်မြင်နေသော အတွေ့အကြုံရှိ လုပ်ငန်းရှင်ကြီးများနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာရှိကြီးများကိုယ်တိုင် သင်တန်းကာလအတွင်း ဘယ်မှာမှ မရရှိနိုင်သော အခွင့်အရေးအနေဖြင့် ပြည်တွင်းရှိ WHO GMP နှင့်အညီ တည်ဆောက်ထားသော ဆေးဝါးစက်ရုံ GSDP စနစ်နှင့်အညီ ဖြန့်ချီနေသော ဆေးသိုလှောင်ရုံနှင့် Good Pharmacy Practices ရှိတဲ့ ဆေးဆိုင်များကိုလည်း လက်တွေ့ ကွင်းဆင်းလေ့လာခွင့်ရရှိမည်ဖြစ်ပါတယ်။ ၁ဝ တန်းအောင်မြင်ပြီးသူ မည်သူမဆို တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။

 

လူဦးရေ အကန့်အသတ်ရှိတာကြောင့် တက်ရောက်လိုသော မိတ်ဆွေအတွက် သတင်းကောင်းပါလိုက်ခြင်းပါတယ်။ အဆိုပါသင်တန်းသို့ တက်ရောက်မည်ဆိုပါက အသင်းဝင်ဆို (၁၅၀၀၀၀/-) အသင်းဝင်မဟုတ်ပါက (၂၀၀၀၀၀/-)ကျပ်ပါ သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား စုံစမ်းလိုပါက ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ရှင့်။

 

Phone - 09403366882 / 09403366883

address - MPMEEA Office ၊ 6th floor UMFCCI tower ၊ Min Ye Kyawswa Road, Lanmadaw Township,Yangon။

 

Read: ဆေးဆိုင်ဖွင့်မယ်ဆိုရင် သိထားသင့်သော အချက်များ

ဆေးဆိုင်ဖွင့်မယ်ဆိုရင် သိထားသင့်သော အချက်များ

Read times Last modified on Monday, 07 January 2019 11:14
Rate this item
(1 Vote)