What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 November 2022 11:23

ကမ္ဘာ့စျေးအကြီးဆုံးဆေး Hemagenix ကို လူနာများတွင် အသုံးပြုခွင့်ပေးရန် FDA သဘောတူ

အမေရိကန်အစိုးရ အစားအစာနှင့် ဆေးဝါးလုံခြုံရေး အေဂျင်စီ (FDA) သည် ကမ္ဘာပေါ်၌ စျေးအကြီးဆုံးဆေးအဖြစ် သတ်မှတ်နိုင်သော (Hemagenix) အမည်ရှိ ဆေးဝါးသစ်တစ်မျိုးကို လူနာများတွင် အသုံးပြုခွင့်ပေးရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ယူပီအိုင်သတင်းဌာနက ရေးသားတင်ပြထားပါသည်။

 

Hemagenix ဆေးသည် ဟေမိုဖီလီယာ-ဘီ (Hemophilia-B) ခေါ် မျိုးဗီဇဖောက်ပြန်မှုရောဂါတစ်မျိုးအတွက် အသုံးပြုနိုင်မည့် မျိုးဗီဇကုထုံးဖြစ်သည်။ Hemagenix ကုထုံးအတွက် ဆေးတစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၃.၅သန်း ထိကုန်ကျနိုင်ဖွယ်ရှိရာ ကမ္ဘာပေါ်၌ ‌စျေးအကြီးဆုံးဆေးအဖြစ် ၎င်းဆေးကို သတ်မှတ်နိုင်သည်။

သို့ရာတွင် အဆိုပါဆေးကိုတစ်လုံးတည်း ထိုးနှံထားရုံမျှဖြင့် ဟေမိုဖီလီယာ-ဘီ ရောဂါလူနာများအနေဖြင့် အကြိမ်ကြိမ်ကုသမှုခံယူရမည့် အရေးကိုရှောင်ရှားနိုင်မည်ဖြစ်ကြောင်း FDA ၏ ကြော်ညာချက်၌ ဖော်ပြထားသည်။ ဟေမိုဖီလီယာ-ဘီရောဂါသည် မျိုးရိုဗီဇာဖောက်ပြန်မှုကြောင့် ဖြစ်ပွားတတ်သည့် သွေးမတိတ်ရောဂါတစ်မျိုးဖြစ်ပြီး လူပေါင်း ၄၀၀၀၀လျှင် တစ်ဦးနှုန်းရှိတတ်သည့် ရောဂါဖြစ်သည်။

ဟေမိုဖီလီယာ-ဘီ ရောဂါသည် ကြပ်ကြပ်မတ်မတ်ကုသခြင်းမရှိပါက အသက်အန္တရာယ်ရှိသော နာတာရှည်ရောဂါ ဖြစ်သွားတတ်ကြောင်းသိရသည်။

 

 

 

Ref: ရတနာပုံ

Read times Last modified on Wednesday, 30 November 2022 11:28
Rate this item
(0 votes)