ယနေ့ခေတ်မှာ မျက်စိပါဝါကို လေဆာ နဲ့ ဖျောက်ခြင်းက လူကြိုက်များနေတဲ့ နောက်ဆုံးပေါ်ကုသရေး နည်းပညာတစ်ရပ်လည်း ဖြစ်ပါတယ်။
အစားအသောက်၊ သောက်နေရတဲ့ ဆေးတွေနဲ့ နေထိုင်မှုပုံစံ တွေကြောင့် ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီနေ့မှာတော့ ဝမ်းချုပ်တာ ကြာလာရင် ဘာဖြစ်တတ်လည်း ဆိုတာတွေ လေ့လာရအောင်။
မျက်မြှေးရောင်ရောဂါ(သို့) မျက်စိနာရောဂါသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားပြီး အဖြစ်များသော မျက်စိရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါဖြစ်ပွားလျှင် (၇) ရက်မှ (၁၀) ရက်ခန့်အထိ ကြာမြင့်တတ်ပြီး ရာသီမရွေးဖြစ်ပွားနိုင်ပါတယ်။
မူဆယ်မြို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်ရုံးခွဲ) နှင့် ရွှေလီမြို့အစိုးရတို့ ပူးပေါင်း၍ မျက်စိအတွင်းတိမ်၊ အပြင်တိမ်နှင့် မျက်စိရောဂါ ဝေဒနာရှင်များအား တရုတ်နိုင်ငံမှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများမှ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများသည် မူဆယ်နယ်စပ်ဒေသတွင် မျက်စိရောဂါဝေဒနာ ခံစားနေရသူများအား ကြိုတင် အမည်စာရင်း ကောက်ခံလျက် ရှိသည်။
မည်သူမဆို မျက်စိရောဂါဝေဒနာ ကုသလိုသူများအနေဖြင့် စာအုပ်အနီရှိသူများအပြင် ယခုအခါ မူဆယ် - ရွှေလီခရီးသွား အစိမ်းကတ်များ ထုတ်ပေးနေပြီ ဖြစ်သဖြင့် မျက်စိဝေဒနာရှင်များ အမြန်ဆုံး စမ်းသပ် စစ်ဆေးရန်နှင့် ဆေးကုသမှု ခံယူနိုင်ရန်...
Advertisement
မျက်စိရောဂါဝေဒနာ ခံစားနေရသူများ အနေဖြင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပြီး တရုတ်နိုင်ငံမှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများမှ စမ်းသပ် စစ်ဆေးကာ လိုအပ်သူများကို ရွှေလီမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ် ကုသပေးသွားမည်ဟု ဆိုသည်။
လက်ရှိတွင် မူဆယ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မျက်စိရောဂါဝေဒနာရှင် (၃၀) ကျော်၊ မိုင်းယု (၁၀၅) မိုင် ကျေးရွာနှင့် မန့်မော်ကျေးရွာ၊ ရွာမကျေးရွာများတွင် မျက်စိရောဂါဝေဒနာရှင် (၂၀) ကျော် စာရင်းကောက်ခံထားပြီး ဖြစ်ကြောင်း သိရသည်။
ယခင်ကလည်း ယခုကဲ့သို့ မျက်စိရောဂါ ဝေဒနာရှင်များအား တရုတ်ဘက်မှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများဖြင့် ချိတ်ဆက်၍ စမ်းသပ် ခွဲစိတ် ကုသပေးမှုများ လုပ်ဆောင်ပေးခဲ့သည်။
အတွင်းတိမ်ဆိုတာလည်း ရေတိမ်လိုပဲ အဖြစ်များတဲ့မျက်စိဝေဒနာတစ်မျိုးဖြစ်ပါတယ်။ မျက်စိတစ်ဖက်တည်း မှာဖြစ်တတ်သလို နှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်ပါတယ်။
သက်ရှိခန္ဓာကိုယ်မှာဆိုရင် မျက်လုံးကလည်း အရေးကြီးသော အစိတ်အပိုင်းများထဲက တစ်ခုလည်းဖြစ်တဲ့အတွက် မျက်လုံးကောင်းမွန်အောင ်ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။