What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 April 2018 13:57

မျက်စိနာရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများ

မျက်စိနာရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများ google.com

မျက်မြှေးရောင်ရောဂါ(သို့) မျက်စိနာရောဂါသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားပြီး အဖြစ်များသော မျက်စိရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါဖြစ်ပွားလျှင် (၇) ရက်မှ (၁၀) ရက်ခန့်အထိ ကြာမြင့်တတ်ပြီး ရာသီမရွေးဖြစ်ပွားနိုင်ပါတယ်။

ဖြစ်ပွားနိုင်သော ရောဂါလက္ခဏာတွေကတော့-

-       မျက်စိယားယံခြင်း၊

-       မျက်ရည်ယိုခြင်း၊

-       မျက်စိနီရဲခြင်း၊

-       မျက်ဝတ်များထွက်ခြင်း၊

-       မျက်စိနာကျင်ရောင်ရမ်းခြင်း၊

-       အလင်းရောင် မကြည့်နိုင်ခြင်းတို့ဖြစ်နိုင်ပါတယ်။

ရောဂါကူးစက်ပုံကတော့-ကူးစက်မြန်တဲ့ရောဂါဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်ရောဂါ စဖြစ်လျှင်အခြားသူများ သို့ လျင်မြန်စွာကူးစက်ပြန့်ပွားပါတယ်။ ဥပမာအားဖြင့်- ကျောင်းသားတစ်ဦးမှ စာသင်ခန်းတစ်ခန်းလုံး၊တစ်ကျောင်းလုံးသို့ ကူးစက်နိုင်ပါတယ်။

မျက်စိနာသူနှင့် နီးကပ်စွာ အတူနေထိုင်သူတို့တွင် ရောဂါကူးစက်လွယ်သဖြင့် အထူးသတိပြုရပါမည်။ မိခင်နှင့် ကလေးတို့မှာ အလွန်နီးစပ်သဖြင့် ကူးစက်နှုန်းမြန်ဆန်ပါတယ်။

ရောဂါကာကွယ်ကုသရန်အတွက် ရောဂါဖြစ်ပွားပါက မျက်စိနာသူ၏ မျက်လုံးတစ်ဝိုက်ကို သန့်ရှင်းသော ဂွမ်းအစိုဖြင့် တစ်နေ့( ၂ )ကြိမ်ခန့် သန့်စင်ပေးရပါမည်။ သန့်စင်ပေးပြီးပါက သန့်စင်ပေးပြီးသူသည် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရပါမည်။

မျက်စိဆရာဝန်မှ ညွန်ကြားသည်အတိုင်း ပဋ္ဋိဇီဝဆေးပါဝင်သော မျက်စဉ်းခတ်ပါ။ မျက်စဉ်းမခတ်မီနှင့် ခတ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရပါမည်။

ရောဂါဖြစ်သူ၏ အဝတ်အစား၊ အသုံးအဆောင် ( အထူးသဖြင့် အမျိုးသမီးမျက်နှာအလှပြင်ပစ္စည်းများ) အား စုပေါင်းအသုံးပြုခြင်း တို့မှတဆင့် ရောဂါကူးစက်ပျံ့နှံ့နိုင်ပါသဖြင့် အတူသုံးစွဲခြင်း လုံးဝမပြုလုပ်သင့်ပါ။

သီးသန့်လျှော်ဖွပ်သန့်စင်ရပါမည်။ မျက်စိနာရောဂါကာကွယ်ရန် ပြည်သူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ခြင်း၊ လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောခြင်း နှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် စနစ်တကျ ဆေးကုသမှုခံယူကြပါရန် တိုက်တွန်းပါတယ်။

Source: ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

 Read: မျက်မှန်ပါဝါကျနည်း

https://www.healthproducts.com.mm/articles/item/553-glasses-power-down-method.html

မျက်မှန်ပါဝါကျနည်း

Read times Last modified on Tuesday, 03 April 2018 14:08
Rate this item
(0 votes)