What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 February 2020 10:03

လူဖြစ်များတဲ့ မျက်လုံးပြဿနာ

သက်ရှိခန္ဓာကိုယ်မှာဆိုရင် မျက်လုံးကလည်း အရေးကြီးသော အစိတ်အပိုင်းများထဲက တစ်ခုလည်းဖြစ်တဲ့အတွက် မျက်လုံးကောင်းမွန်အောင ်ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

နေ့စဉ်ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်မှာ တိုးပြောင်းလဲမှုများစွာကို ကြည့်ရှူခံစားနိုင်ဖို့ မျက်လုံးကောင်းမွန်ဖို့အလွန်အရေးပါလှတယ်။ ခေတ်မှီနည်းပညာ တိုးတတ်လာတာနဲ့အမျှ အမြင်အာရုံများက နည်းပညာနောက်လိုက်ရင် မျက်လုံးပါထိခိုက် လာတဲ့အထိ ဖြစ်ပေါ်လာပါတယ်။

 

မျက်လုံးနာခြင်း

လူတစ်ယောက်က ခရီးရှည်ကားမောင်းတာ ၊ ကွန်ပျူတာဖြင့် ကြာကြာအလုပ်လုပ်တာ ၊ဖုန်းမလွန်အကျွံသုံးတာများကို ရေရှည်ပြုလုပ်ခြင်းက မျက်လုံးနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းများကို အာရုံစိုက်ပြီးကြာရှည်ကြည့်ရမယ်ဆိုရင် နည်းဆုံး ၃၀ မိနစ်တစ်ခါ မျက်လုံးကို အနားပေးတာ ခန္ဓာကိုယ်ကို အနားပေးတာ များပြုလုပ်ပေးပါ။

 

မျက်လုံးနာခြင်းကို မျက်စင်းဆေးခပ်တာ ၊ မျက်လုံးကောင်းဆေးသောက်တာ၊ မြင်ကွင်းရှင်းပြီး လေကောင်းလေသန့် ရရှိသောနေရာများကို ကြည့်ရှူ့ပေးခြင်းဖြင့် မျက်လုံးနာမဖြစ်ပွားအောင် လျော့ချနိုင်ပါတယ်။ မျက်လုံးကြာရှည်စွာ နာကျင်နေရင်တော့ ဆရာဝန်နဲ့ ပြသပြီးစစ်ဆေး ကုသမှုခံယူပါ။

 

မျက်လုံးနီခြင်း

မျက်နှာတစ်ခုလုံးကို သွေးကြောငယ်များဖြင့် ဖုံးအုပ်ထားတဲ့အတွက် ရောဂါပိုးကူးစက်ခံရတာ ၊ စိတ်ခံစားမှု ပြင်းထန်ချိန်များတွင် မျက်နှာပေါ်ရှိ သွေးကြောငယ်များက ပြန့်ကျယ်လာကာ မျက်လုံးနီခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မျက်လုံးနာတာ ၊ အိပ်ရေးပျက်တာ ၊ မျက်လုံး ထိခိုက်ဒဏ်ရတာကြောင့်လည်း မျက်လုံးနီခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Pharmaceutical Training (ဆေးဝါးသင်တန်းပေါင်း ၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for pharmaceutical training

 

မျက်လုံးကွယ်ခြင်း

မျက်လုံးကွယ်ခြင်းက ညဘက်မှာ မြင်နိုင်စွမ်းရောနည်းတာ ၊ အထူးသဖြင့် ညဘက်ကားမောင်းချိန်များတွင် မမြင်နိုင်တာ ၊ ရုပ်ရှင်ရုံလို အလင်းနည်းသောနေရာများတွင် မမြင်နိုင်တာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ မျက်လုံးတိမ်စွဲတာ ၊ အမြင်အာရုံကြော အားနည်းတာ နဲ့ ဗီတာမင် အေ အလွန်လျော့နည်းတာ ကြောင့် မျက်လုံးကွယ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

တခါတလေ မွေးရာပါ မျက်လုံးကွယ်တာ ၊ မျက်ကြည်လွှာပါမလာတဲ့ သူများအနေဖြင့် ကုသဖို့နည်းလမ်းမရှိသေးပါ။ မျက်လုံးကွယ်သောဝေဒနာရှင်များ အနေဖြင့် အလင်းရောင်လျော့နည်းသောနေရာ များကိုသွားလာခြင်းမှ ရှောင်သင့်ပါတယ်။ မျက်လုံးကွယ်ခြင်းကို ဆရာဝန်နဲ့ ပြသပြီး မျက်ကြည်လွှာခွာတာ ၊ တိမ်စွဲတာကို ဖယ်ရှားခြင်းနည်းဖြင့် ကုသမှုခံယူနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 

မျက်လုံးနာခြင်း


 


 

မျက်လုံးနီခြင်း


 



 

မျက်လုံးကွယ်ခြင်း


 



Read times
Rate this item
(0 votes)