အတွင်းတိမ်ဆိုတာလည်း ရေတိမ်လိုပဲ အဖြစ်များတဲ့မျက်စိဝေဒနာတစ်မျိုးဖြစ်ပါတယ်။ မျက်စိတစ်ဖက်တည်း မှာဖြစ်တတ်သလို နှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်ပါတယ်။
ရေတိမ်စွဲသလိုပဲမကုပဲထားရင်၊တိမ်စွဲနေမှန်းမသိပဲနေတာကြာလာရင် အမြင်အာရုံဆုံးရှုံးနိုင်တာကြောင့် သတိထားသင့်ပါတယ်။ အတွင်းတိမ်စွဲတာဟာ အမြင်အာရုံဆုံးရံှူးတဲ့အကြောင်းရင်းတွေရဲ့ ထက်ဝက်နီးပါးရှိပြီး အမြင်အာရုံချို့ယွင်းမှုရဲ့ 1/3လောက်ရှိနေပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ တော့ အမြင်ဝါးတာ၊ မှုန်တာ၊ အစက်အပြောက်တွေမြင်တာ၊ ညဘက်မှာအမြင်အာရုံပိုပြီးချို့ယွင်းတာတွေဖြစ်နိုင်ပါတယ်။ တိမ်စွဲနေတဲ့မျက်လုံးဟာ အပြင်ပန်းကြည့်ရင်လည်း သာမန်မျက်လုံးတွေလိုမဟုတ်ပဲ မှိုင်းပြီးမြူခိုးတိမ်ခိုးတွေဝေနေသလိုမြင်နိုင်ပါတယ်။
တိမ်စွဲစေတဲ့အကြောင်းရင်းတွေကတော အသက်ကြီးလာတာကအဖြစ်အများဆုံးဖြစ်ပါတယ်။ အသက်ကြီးလေ ခန္ဓာကိုယ်ကယိုယွင်းလာလေဖြစ်တာကြောင့် မျက်စိကမှန်ဘီလူးဟာလည်း သန့်ရှင်းမနေတော့ပဲမှုန်လာပါတယ်။ နေရောင်ခြည်ထိတာများရင်လည်တိမ်စွဲနိုင်သလို ထိခိုက်မိရင်လည်းတိမ်စွဲနိုင်ပါတယ်။
မျိုးရိုးထဲမှာတိမ်စွဲတဲ့သူတွေများပြားတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ steroidလိုဆေးတွေကြာကြာမှီဝဲနေရတာတွေကလည်း တိမ်စွဲစေနိုင်ပါတယ်။ အခြားဇီဝကမ္မဖြစ်စဉ်တွေ ယို ယွင်းစေနိုင်တဲ့ရောဂါတွေ၊ down syndromeလို မျိုးဗီဇဆိုင်ရာရောဂါတွေ၊ မွေးရာပါဂျိုက်သိုးရောဂါ စတာတွေမှာလည်းဖြစ်နိုင်ပါတယ်။
ကုသနည်းကတော့ခွဲစိတ်ပြီး တိမ်တွေကိုဖယ်ထုတ်တာဖြစ်ပါတယ်။ ခွဲစိတ်ပြီးရင်တော့ အမြင်အာရုံကပိုမိုကောင်းမွန်ပြီး ကြည်လင်ပြတ်သားလာနိုင်ပါတယ်။ အောင်မြင်တဲ့ရာခိုင်နှုန်းလည်းများတာကြောင့် ထိရောက်တဲ့ကုသနည်းဖြစ်ပါတယ်။ ပိုပြီးထိရောက်တဲ့နည်းလမ်းကတော့ လုံးဝမဖြစ်အောင်ကာကွယ်တာပဲဖြစ်ပါတယ်။
နေရောင်ထဲသွားလာရင် UVရောြင်ခည်ကာကွယ်နိုင်တဲ့ နေကာမျက်မှန်တပ်တာ၊ ဆေးလိပ်ရှောင်ကြဉ်တာ၊ vitamin A, C, E တု့ိကိုလုံလောက်အောင်စားသုံးတာ၊ တိမ်စွဲစေတဲ့ဆေးတွေကို သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်သလောက်သာသောက်သုံးတာတွေနဲ့ ကြိုတင်ပြီးကာကွယ်နိုင်ပ်တယ်။
မျက်စိဟာ လူတစ်ဦးရဲ့ဘဝမှာ အရမ်းအရေးပါတာမို့လို့ တတ်နိုင်သမျှကောင်းမွန်အောင် ထိန်းသိမ်းသင့်ပါတယ်။ မလွှဲသာမရှောင်သာအခြေအနေကြာင့် ဝေဒနာခံစားရပြီဆိုရင်လည်း အမြန်ဆုံးပျောက်ကင်းအောင်ကုသပြီး အမြင်အာရုံချို့ယွင်းတာကို ကာကွယ်ကြရပါမယ်။