WHO ရဲ့အဆိုပြုချက်အရ သေဆုံးမှုတိုင်းရဲ့ သုံးပုံတစ်ပုံက နှလုံးသွေးကြောကျဉ်းတွေကြောင့်လို့သိရပါတယ်။
နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးချို့ယွင်းကြတာများလို့ ငါးကြီးဆီနဲ့ နှလုံးကျန်းမာရေးအကြောင်းကို ပြောပြချင်ပါတယ်။ ငါးကြီးဆီမှာ omega-3 နဲ့ omega-6 ပါတာကြာင့် နှလုံးသွေးကြောတွေအတွက် ကောင်းစေပါတယ်။
(၁) နှလုံးရောဂါဖြစ်ပွားနှုန်းကို ကျစေတယ်
ငါးကြီးဆီရဲ့ နှလုံးကို အားဖြစ်စေပုံက အံမခန်းပါပဲ။ မကောင်းတဲ့ cholesterol ကိုကျစေနိုင်တယ်။ ငါးကြီးဆီမှာ Fatty omega-3 နဲ့ omega-6 acids တို့ပါတာကြောင့် နှလုံးရောဂါဖြစ်စေနှုန်းကို ကျဆင်းစေနိုင်ပါတယ် ။
(၂) မှတ်ဥာဏ်ကိုပိုကောင်းလာစေတယ်
Omega-3 မှာ DHA တို့ပါတာကြောင့် ဦးနှောက်အကြောလေးတွေကို ပိုသန်မာလာစေတယ်။ ဒါတွေကြောင့် ငါးကြီးဆီက Alzheimer ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ငါးကြီးဆီက ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းကို မြှင့်ပေးပြီး မှတ်ဥာဏ်အားကိုပိုကောင်းလာစေနိုင်ပါတယ်။
(၃) ကိုယ်ခံအားကောင်းစေတယ်
Polyunsaturated acids ကို ထောပတ်တွေ ၊ margarine တွေမှာ ပါတတ်တယ်။ ငါးကြီးဆီမှာ ပါတဲ့ omega-3 မှာလည်း ဒီPolyunsaturated acids ပါတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်တယ်။ ငါးကြီးဆီသောက်ထားတဲ့သူနဲ့ မသောက်ထားတဲ့သူ ကိုယ်ခံအားကွာပါတယ်။ အကြောင်းကတော့ ငါးကြီးဆီက ကူးစက်ဖျားနာတာတွေကို ကာကွယ်ပေးနိုင်လို့ပါ။
(၄) အရိုးအဆစ်နာတာတွေ သက်သာစေတယ်
လေ့လာတွေ့ရှိချက်တွေအရ omega-3 acids သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လေ့ကျင့်ခန်းလုပ်ပြီး ရောင်ရမ်းတာ ၊ အရိုးအဆစ်နာကျင်တာ ၊ ကိုက်ခဲတာတွေကို လျှော့နည်းသွားစေတယ်။
(၅) မျက်စိအားကောင်းစေတယ်
ဆရာဝန်တွေက မျက်စိရေတိမ်ရှိတဲ့သူတွေကို ငါးကြီးဆီသောက်ဖို့ ညွန်းပါတယ်။ ငါးကြီးဆီမှာ ပါတဲ့ fatty acids က မျက်စိအားနည်းစေတဲ့ မျက်စိတွင်းရေတွေကို ဖယ်ရှားပေးနိုင်တယ်။ omega-3 က မျက်စိပြသနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Source:shwemom