What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 March 2019 14:29

ဗီတာမင်ဆေး များကို မှန်မှန်ကန်ကန် သောက်သုံးတတ်စေရန်

ရောဂါကာကွယ် ထိန်းချုပ်ရေး စင်တာရဲ့ လေ့လာမှုအရ အမေရိကန်လူမျိုး တစ်ဝက်နီးပါးဟာ ဗီတာမင် ဖြည့်စွက်ဆေးတွေကို ပုံမှန် သောက်ဖြစ်လေ့ ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မှန်မှန်ကန်ကန် မမှီဝဲခဲ့ရင် ဗီတာမင် ဖြည့်စွက်ဆေးတွေက အကောင်းထက် အဆိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ဖြည့်စွက်ဆေး မှီဝဲတဲ့အခါ ကျန်းမာရေး အကျိုးကျေးဇူးကို ရရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုပါတယ်။

 

၁) ဖြည့်စွက်ဆေးကို အစာနှင့်တွဲ မှီဝဲပါ

ဗီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေလို ဗီတာမင် အများစုကို ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင်စေဖို့ အဆီနဲ့ တွဲစားဖို့ လိုပါတယ်။ ဒါကြောင့် ဗီတာမင် ဖြည့်စွက်ဆေးတွေကို အစာနဲ့တွဲ မှီဝဲတာက ဗီတာမင်ကြောင့် ဖြစ်တတ်တဲ့ ဗိုက်အောင့်တာကို လျော့ပါးစေပါတယ်။

 

၂) အာဟာရ ပြည့်ဝသော အစာကို စားပါ

ဗီတာမင်ဖြည့်စွက်ဆေး တစ်မျိုးတည်းကို မှီဝဲတာက ရောဂါအန္တရာယ်ကို လျော့ကျဖို့ မလုံလောက်ပါဘူး။ ဗီတာမင်တွေက ဖြည့်စွက်ရုံပါပဲ။ အာဟာရ ပြည့်ဝတဲ့ အစားအသောက် နေရာမှာ အစားမထိုးနိုင်ပါဘူး။ ဒါကြောင့် ဗီတာမင် ဖြည့်စွက်ဆေး မှီဝဲတာနဲ့ အတူ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ စတာတွေကို စားပေးသင့်ပါတယ်။

 

Read More : ၂၄ ပတ် နဲ့ မွေးခဲ့ရတဲ့ ကမ္ဘာ့အငယ်ဆုံး ယောကျာ်းလေ ဆေးရုံမှ ဆင်းခွင့်ရ

၂၄ ပတ် နဲ့ မွေးခဲ့ရတဲ့ ကမ္ဘာ့အငယ်ဆုံး ယောကျာ်းလေ ဆေးရုံမှ ဆင်းခွင့်ရ

 

၃) အလွန်အကျွံ မဖြစ်ပါစေနှင့်

တချို့ ဗီတာမင် အမျိုးအစားတွေက လိုအပ်တဲ့ ပမာဏထက် များသွားရင် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဥပမာ ပြောရရင် သံဓာတ် များလွန်းတာဟာ နှလုံး သွေးကြောဆိုင်ရာ ပြဿနာကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဖြည့်စွက်ဆေး တစ်မျိုးစီကို ပေါင်းသောက်မယ့် အစား Multi-Vitamin ဆေးပြားကို သောက်ပါ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပါ။

 

၎) အချိန်ခြားပြီး သောက်ပါ

သင်ဟာ Multi-Vitamin ဆေးတစ်မျိုးတည်းကိုပဲ မသောက်ဘဲ အားဖြည့်ဆေးများစွာကို သောက်သူဖြစ်ရင် တစ်ချိန်တည်းမှာ အားလုံးပေါင်းပြီး မသောက်ပါနဲ့။ အချိန်ခြားပြီး သောက်ပေးသင့်ပါတယ်။

 

၅) ဆရာဝန်ကို ပြောပြပါ

အမေရိကန် ဆီးချိုအသင်းရဲ့ လေ့လာမှုအရ အမေရိကန်လူမျိုး ၇၅ ရာခိုင်နှုန်းခန့်ဟာ ဗီတာမင် ဖြည့်စွက်ဆေးတွေကို သောက်နေတဲ့ အကြောင်း ဆရာဝန်ကို ပြောလေ့ မရှိဘူးလို့ သိရပါတယ်။ ဗီတာမင် ဖြည့်စွက်ဆေးတွေနဲ့ ဆရာဝန်ပေးတဲ့ ဆေးတွေဟာ တစ်မျိုးနဲ့ တစ်မျိုး ဆန့်ကျင်ပြီး အလုပ်လုပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ထံ သွားရောက်တဲ့ အခါမှာ သင်သောက်နေတဲ့ ဖြည့်စွက်ဆေးတွေကို ယူဆောင်သွားပြီး ဆရာဝန်ကို ပြောပြဖို့လိုပါတယ်။

 

Source: yatanarpon

Health Products Directory

Read times Last modified on Friday, 01 March 2019 14:50
Rate this item
(1 Vote)