What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 October 2019 15:22

အာရံုစူးစိုက္မႈေကာင္းေစမယ့္ ေဆးေတြေၾကာင့္ ေရရွည္မွာ ဆိုးက်ိဳးပိုမ်ားနိုင္

လူငယ္ေတြ၊ အထူးသျဖင့္ ေက်ာင္းသားေတြ ေလ့လာနိုင္စြမ္းပိုေကာင္းဖို႔၊ အလုပ္မွာ အာရံုစိုက္နိုင္ဖို႔ အလြယ္တကူဝယ္ေသာက္နိုင္တဲ့ ေဆးဝါးေတြရွိပါတယ္။

ဒါေပမယ့္ ဒီေဆးေတြက ခဏတာ အက်ိဳးေက်းဇူးကိုသာေပးနုိင္ျပီး ေရရွည္မွာ ဦးေႏွာက္စြမ္းေဆာင္ရည္ကို ဆုတ္ယုတ္ေစနိုင္တယ္လို႔ သုေတသနအသစ္ကေဖာ္ျပလာပါတယ္။ Adderall ဟာ လႈပ္ရွားမႈလြန္ကဲျပီးအာရံုမစူးစိုက္နုိင္တဲ့ ADHD ေရာဂါ ဒါမွမဟုတ္ အခ်ိန္မေရြးရုတ္တရက္အိပ္ေမာက်သြားတတ္တဲ့ narcolepsy ေရာဂါရွိသူေတြအတြက္ ဆရာဝန္ေတြညႊန္းေပးေလ့ရွိတဲ့ amphetamine အေျခခံတဲ့ေဆးဝါးတစ္မ်ိဳးပါ။

 

ဒီေရာဂါရွိသူေတြကို အာရံုလန္းဆန္းျပီး အာရံုစူးစိုက္နုိင္ေအာင္ ကူညီေပးဖို႔ ထုတ္လုပ္သူေတြက ဒီေဆးကို ဖန္တီးခဲ့တာပါ။ ဒါေပမယ့္ ေရာဂါမရွိတဲ့လူငယ္ေတြက အလုပ္ခြင္နဲ႔ေက်ာင္းစာေတြမွာ စြမ္းေဆာင္ရည္ေကာင္းဖို႔ ဒီေဆးနဲ႔ အလားတူေဆးေတြကို သံုးလာၾကပါတယ္။

 

အေမရိကန္နုိင္ငံ၊ ဘယ္လ္တီမိုးျပည္နယ္မွာရွိတဲ့ Johns Hopkins Bloomberg School of Public Health သုေတသီေတြရဲ႕၂၀၁၆ ခုႏွစ္သုေတသနအရ Adderall ေဆးကို ဆရာဝန္ညႊန္ၾကားခ်က္မရွိဘဲ ေသာက္သံုးသူအေရအတြက္က ၆ ႏွစ္တာအတြင္း ၇၆ ရာခိုင္ႏႈန္းျမင့္တက္လာတယ္လို႔ သိရပါတယ္။

 

University of California သုေတသီေတြရဲ႕ေလ့လာမႈအရေတာ့ Adderall လို စိတ္ပိုင္းဆိုင္ရာႏိႈးဆြေပးတဲ့ေဆးေတြကို ဆရာဝန္မညႊန္ဘဲေသာက္တာက ေရတိုအက်ိဳးေက်းဇူးပဲရွိတယ္လို႔ ဆိုပါတယ္။ ေရရွည္မွာဆိုရင္ေတာ့ အာရံုစိုက္မရတာေတြ၊ အလုပ္မွာ မွတ္ဥာဏ္မေကာင္းေတာ့တာ၊ ေကာင္းေကာင္းအိပ္မေပ်ာ္ေတာ့တာေတြ ျဖစ္လာနုိင္တယ္လို႔ သုေတသနက ေတြ႔ရွိခဲ့ပါတယ္။

>>>ကာယေလ့က်င့္ခန္းျဖင့္ Alzheimer အျဖစ္ေႏွးေစႏုိင္သည္<<<

ကာယေလ့က်င့္ခန္းျဖင့္ Alzheimer အျဖစ္ေႏွးေစႏုိင္သည္

 

သုေတသနမွာ ပါဝင္သူေတြကို အုပ္စုႏွစ္ခုခြဲျပီး ပထမအစုကို အာရံုစိုက္နုိင္စြမ္း၊ဦးေႏွာက္စြမ္းေဆာင္ရည္တို႔အေပၚ သက္ေရာက္မႈနဲ႔ ဒုတိယအစုကို အိပ္စက္မႈနဲ႔ အလုပ္ခြင္မွတ္ဥာဏ္တို႔အေပၚ သက္ေရာက္မႈတို႔ကို ေလ့လာခဲ့ပါတယ္။

 

ေလ့လာမႈစစခ်င္းမွာ ပါဝင္သူအားလံုးကို မွတ္ဥာဏ္နဲ႔ အာရံုစိုက္နိုင္စြမ္းစစ္ေဆးမႈေတြျပဳလုပ္ထားျပီးျဖစ္ပါတယ္။ ဒါမွ ေလ့လာမႈျပီးဆံုးတဲ့အခါ ရလဒ္ေတြပိုတိက်ေစမွာျဖစ္ပါတယ္။ ပါဝင္သူေတြကို အာနိသင္မပါတဲ့ ဗလာေဆး နဲ႔ Adderall ပါတဲ့ ေဆးကိုတိုက္ခဲ့ပါတယ္။ တစ္ပတ္ၾကာတဲ့အခါ ကုသမႈကို ေျပာင္းလဲလိုက္တာေၾကာင့္ သူတို႔ကို တစ္လွည့္စီေသာက္ေစခဲ့တာပါ။

 

ပါဝင္သူေတြကို ႏိႈင္းယွဥ္တဲ့အခါ ရက္တိုကာလအတြင္း Adderall ေသာက္ထားတဲ့သူေတြက ဗလာေဆးေသာက္ထားတဲ့သူေတြထက္ အာရံုစိုက္နိုင္စြမ္းပိုေကာင္းျပီး ေရရွည္မွာေတာ့ Adderall ေသာက္ထားတဲ့သူေတြက အာရံုစိုက္နုိင္စြမ္းနဲ႔ မွတ္ဥာဏ္ေတြ က်ဆင္းသြားတာေတြ႔ရပါတယ္။

 

ေရာဂါမရွိတဲ့သူေတြမွာ ဒီလိိုေဆးေတြနဲ႔ လုပ္ေဆာင္ခ်က္ျမွင့္တင္တာဟာ အမွန္ေတာ့ အက်ိဳးအာနိသင္ကို ခ်ဲ႕ကားထားတာျဖစ္ျပီး တိုးတက္မႈက အနည္းငယ္သာေတြ႔ရတယ္လို႔ တြဲဖက္သုေတသီ Sara Mednick ကေျပာပါတယ္။

 

Adderall ပါဝင္တဲ့ dextroamphetamine ရဲ႕အာနိသင္ကို ဆက္ျပီးေလ့လာတဲ့အခါ ေသာက္သံုးထားတဲ့ပါဝင္သူေတြဟာ အလုပ္ခြင္မွတ္ဥာဏ္မွာ ဗလာေဆးသမားေတြထက္ လုပ္ေဆာင္ခ်က္ပိုဆိုးတာကိုေတြ႔ရပါတယ္။

 

ဒါ့အျပင္ ညဘက္ဦးေႏွာ္က္လုပ္ေဆာင္ခ်က္စကင္န္နဲ႔ အိပ္စက္မႈအရည္အေသြးစစ္ေဆးမႈေတြအရ ေဆးေသာက္ထားတဲ့ပါဝင္သူေတြက သိပ္အိပ္မေပ်ာ္ၾကသလို တျခားသူေတြနဲ႔ယွဥ္ရင္ ေကာင္းေကာင္းအိပ္မေပ်ာ္တာကို ေတြ႔ရပါတယ္။

 

“ အာရံုလန္းဆန္းေစတဲ့၊ စိတ္ကိုႏိႈးဆြေစတဲ့ေဆးေတြက အိပ္စက္မႈကိုမူတည္ေနတဲ့ ဦးေႏွာက္စြမ္းေဆာင္ရည္ေတြကို မေကာင္းတဲ့သက္ေရာက္မႈရွိေနနိုင္ပါတယ္။ ဒါ့ေၾကာင့္ ေက်ာင္းစာေတြပိုေတာ္ေအာင္၊ အလုပ္မွာ ပိုထက္ျမက္ေအာင္လို႔ ဒီေဆးေတြေသာက္ေနတဲ့သူေတြဟာ ကိုယ္ပိုျပီးတိုးတက္လာတယ္လို႔ ခံစားရနိုင္ေပမယ့္ ေလ့လာမႈအခ်က္အလက္ေတြအရ ေရရွည္မွာ ဒီလိုမေတြ႔ရပါဘူး” လို႔ Sara က သတိေပးပါတယ္။

 

ဒီရလဒ္ေတြအရ ဦးေႏွာက္ဥာဏ္ရည္ထက္ျမက္ေစဖို႔ ျမွင့္တင္ေပးမယ့္ေဆးေတြကို ေသာက္ရတာဟာ မတန္္ပါဘူးလို႔ သုေတသီေတြက သတိေပးခဲ့ပါတယ္။

 

Hello Health Group

 

{Unicode}

======

အာရုံစူးစိုက်မှုကောင်းစေမယ့် ဆေးတွေကြောင့် ရေရှည်မှာ ဆိုးကျိုးပိုများနိုင်

 

လူငယ်တွေ၊ အထူးသဖြင့် ကျောင်းသားတွေ လေ့လာနိုင်စွမ်းပိုကောင်းဖို့၊ အလုပ်မှာ အာရုံစိုက်နိုင်ဖို့ အလွယ်တကူဝယ်သောက်နိုင်တဲ့ ဆေးဝါးတွေရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေက ခဏတာ အကျိုးကျေးဇူးကိုသာပေးနိုင်ပြီး ရေရှည်မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ဆုတ်ယုတ်စေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။

 

Adderall ဟာ လှုပ်ရှားမှုလွန်ကဲပြီးအာရုံမစူးစိုက်နိုင်တဲ့ ADHD ရောဂါ ဒါမှမဟုတ် အချိန်မရွေးရုတ်တရက်အိပ်မောကျသွားတတ်တဲ့ narcolepsy ရောဂါရှိသူတွေအတွက် ဆရာဝန်တွေညွှန်းပေးလေ့ရှိတဲ့ amphetamine အခြေခံတဲ့ဆေးဝါးတစ်မျိုးပါ။ ဒီရောဂါရှိသူတွေကို အာရုံလန်းဆန်းပြီး အာရုံစူးစိုက်နိုင်အောင် ကူညီပေးဖို့ ထုတ်လုပ်သူတွေက ဒီဆေးကို ဖန်တီးခဲ့တာပါ။ ဒါပေမယ့် ရောဂါမရှိတဲ့လူငယ်တွေက အလုပ်ခွင်နဲ့ကျောင်းစာတွေမှာ စွမ်းဆောင်ရည်ကောင်းဖို့ ဒီဆေးနဲ့ အလားတူဆေးတွေကို သုံးလာကြပါတယ်။

 

အမေရိကန်နိုင်ငံ၊ ဘယ်လ်တီမိုးပြည်နယ်မှာရှိတဲ့ Johns Hopkins Bloomberg School of Public Health သုတေသီတွေရဲ့၂၀၁၆ ခုနှစ်သုတေသနအရ Adderall ဆေးကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သောက်သုံးသူအရေအတွက်က ၆ နှစ်တာအတွင်း ၇၆ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

 

University of California သုတေသီတွေရဲ့လေ့လာမှုအရတော့ Adderall လို စိတ်ပိုင်းဆိုင်ရာနှိုးဆွပေးတဲ့ဆေးတွေကို ဆရာဝန်မညွှန်ဘဲသောက်တာက ရေတိုအကျိုးကျေးဇူးပဲရှိတယ်လို့ ဆိုပါတယ်။ ရေရှည်မှာဆိုရင်တော့ အာရုံစိုက်မရတာတွေ၊ အလုပ်မှာ မှတ်ဉာဏ်မကောင်းတော့တာ၊ ကောင်းကောင်းအိပ်မပျော်တော့တာတွေ ဖြစ်လာနိုင်တယ်လို့ သုတေသနက တွေ့ရှိခဲ့ပါတယ်။

>>>ကာယလေ့ကျင့်ခန်းဖြင့် Alzheimer အဖြစ်နှေးစေနိုင်သည်<<<

ကာယေလ့က်င့္ခန္းျဖင့္ Alzheimer အျဖစ္ေႏွးေစႏုိင္သည္

 

သုတေသနမှာ ပါဝင်သူတွေကို အုပ်စုနှစ်ခုခွဲပြီး ပထမအစုကို အာရုံစိုက်နိုင်စွမ်း၊ဦးနှောက်စွမ်းဆောင်ရည်တို့အပေါ် သက်ရောက်မှုနဲ့ ဒုတိယအစုကို အိပ်စက်မှုနဲ့ အလုပ်ခွင်မှတ်ဉာဏ်တို့အပေါ် သက်ရောက်မှုတို့ကို လေ့လာခဲ့ပါတယ်။

 

လေ့လာမှုစစချင်းမှာ ပါဝင်သူအားလုံးကို မှတ်ဉာဏ်နဲ့ အာရုံစိုက်နိုင်စွမ်းစစ်ဆေးမှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဒါမှ လေ့လာမှုပြီးဆုံးတဲ့အခါ ရလဒ်တွေပိုတိကျစေမှာဖြစ်ပါတယ်။ ပါဝင်သူတွေကို အာနိသင်မပါတဲ့ ဗလာဆေး နဲ့ Adderall ပါတဲ့ ဆေးကိုတိုက်ခဲ့ပါတယ်။ တစ်ပတ်ကြာတဲ့အခါ ကုသမှုကို ပြောင်းလဲလိုက်တာကြောင့် သူတို့ကို တစ်လှည့်စီသောက်စေခဲ့တာပါ။

 

ပါဝင်သူတွေကို နှိုင်းယှဉ်တဲ့အခါ ရက်တိုကာလအတွင်း Adderall သောက်ထားတဲ့သူတွေက ဗလာဆေးသောက်ထားတဲ့သူတွေထက် အာရုံစိုက်နိုင်စွမ်းပိုကောင်းပြီး ရေရှည်မှာတော့ Adderall သောက်ထားတဲ့သူတွေက အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေ ကျဆင်းသွားတာတွေ့ရပါတယ်။

 

ရောဂါမရှိတဲ့သူတွေမှာ ဒီလိုဆေးတွေနဲ့ လုပ်ဆောင်ချက်မြှင့်တင်တာဟာ အမှန်တော့ အကျိုးအာနိသင်ကို ချဲ့ကားထားတာဖြစ်ပြီး တိုးတက်မှုက အနည်းငယ်သာတွေ့ရတယ်လို့ တွဲဖက်သုတေသီ Sara Mednick ကပြောပါတယ်။

 

Adderall ပါဝင်တဲ့ dextroamphetamine ရဲ့အာနိသင်ကို ဆက်ပြီးလေ့လာတဲ့အခါ သောက်သုံးထားတဲ့ပါဝင်သူတွေဟာ အလုပ်ခွင်မှတ်ဉာဏ်မှာ ဗလာဆေးသမားတွေထက် လုပ်ဆောင်ချက်ပိုဆိုးတာကိုတွေ့ရပါတယ်။

 

ဒါ့အပြင် ညဘက်ဦးနှော်က်လုပ်ဆောင်ချက်စကင်န်နဲ့ အိပ်စက်မှုအရည်အသွေးစစ်ဆေးမှုတွေအရ ဆေးသောက်ထားတဲ့ပါဝင်သူတွေက သိပ်အိပ်မပျော်ကြသလို တခြားသူတွေနဲ့ယှဉ်ရင် ကောင်းကောင်းအိပ်မပျော်တာကို တွေ့ရပါတယ်။

 

“ အာရုံလန်းဆန်းစေတဲ့၊ စိတ်ကိုနှိုးဆွစေတဲ့ဆေးတွေက အိပ်စက်မှုကိုမူတည်နေတဲ့ ဦးနှောက်စွမ်းဆောင်ရည်တွေကို မကောင်းတဲ့သက်ရောက်မှုရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ကျောင်းစာတွေပိုတော်အောင်၊ အလုပ်မှာ ပိုထက်မြက်အောင်လို့ ဒီဆေးတွေသောက်နေတဲ့သူတွေဟာ ကိုယ်ပိုပြီးတိုးတက်လာတယ်လို့ ခံစားရနိုင်ပေမယ့် လေ့လာမှုအချက်အလက်တွေအရ ရေရှည်မှာ ဒီလိုမတွေ့ရပါဘူး” လို့ Sara က သတိပေးပါတယ်။

 

ဒီရလဒ်တွေအရ ဦးနှောက်ဉာဏ်ရည်ထက်မြက်စေဖို့ မြှင့်တင်ပေးမယ့်ဆေးတွေကို သောက်ရတာဟာ မတန်ပါဘူးလို့ သုတေသီတွေက သတိပေးခဲ့ပါတယ်။

Read times
Rate this item
(1 Vote)