What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 March 2019 10:40

ဆေး ဘယ်နကြိမ်သောက်ရမလဲဆိုတာကို ဆေးစာအုပ်မှာ ဘယ်လိုကြည့်ရမလဲ

ဆရာဝန် ၊ သမတော်တို့၏ ဆေးညွှန်ကြားစာကို သာမန်လူတစ်ယောက်မနေ နဲ့ကတော့ နားမလည်နိုင်ပါဘူး။ တစ်ခါတလေမှာ ဆရာဝန် မှာကြားလိုက်တဲ့ ဆေးဘယ်နကြိမ် သောက်ရမယ်ဆိုတာကို သာမန်လူတစ်ယောက် အနေနဲ့ မေ့လေ့ မေ့ထ ရှိပါတယ်။ 

ယခုလို မေ့သွားတဲ့ အခါ နီးစပ် ဆေးအရောင်းဆိုင်များ နဲ့ နီးစပ်ရာ ဆေးခန်းတွေမှာ ပြန်မေးရတာကို လူတိုင်းကြုံဖူး ကြမယ်ထင်ပါတယ်။ ဒါကြောင့် ဆရာဝန် ရေးပေးလိုက်တဲ့ ဆေးစာအုပ်မှာ ဆေး ဘယ်လိုသောက်ရမယ်ဆိုတာကို ဘယ်လို ပြန်ကြည့်ရမယ် ဆိုနဲ့ ပတ်သက်ပြီး ဗဟုသုတ အနေဖြင့် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

သာမန်လူတစ်ယောက်အနေ နဲ့ ဖျားနားလေ့ရှိတဲ့အခါ ဆေးခန်းပြလေ့ရှိပါတယ်။ ဆေးခန်းပြပြီးနောက် ဆေးစာအုပ်ကို သောက်ဆေးများ နဲ့ တစ်ပါးထဲ ပေးလေ့ရှိပါတယ်။ တဖန်ရံခါ သောက်ဆေးတွေ များသွားတဲ့ အခါ ဆေးဘယ်နလုံး ဘယ်နကြိမ် သောက်ရမလဲ ဆိုတာကို မေ့ကောင်း မေ့နိုင်ပါတယ်။ ဒီလိုမေ့သွားတဲ့ အခါ ဝေဒနာ ခံစားရတဲ့သူတစ်ယောက်နေနဲ့ ဆေးတွေကို မှားသောက်မိမှာ စိုးရိမ်းလေ့ရှိတက်ပါတယ်။ ဒါမှ မဟုတ် ဆေးခန်း ပြန်ပြပြီးဘယ်လို သောက်ရမလဲ မေးရလေ့ရှိပါတယ်။ ဒါကြောင့် ဆေးဘယ်နလုံး ၊ ဘယ်နကြိမ် သောက်ရမယ် ဆိုတာကို အလွယ်တကူ သိနိုင်အောင် ဗဟုသုတ အနေဖြင့် တင်ပြပေးလိုက်ပါတယ်။

 

ဆေးစာအုပ်တွေမှာ များသေားအားဖြင့် အရင်ဆုံး လက်ရှိ ဆေးခန်းပြထားသည့် အကြောင်းအရာများ နှင့် ခံစားနေရတဲ့ ဝေဒနာတွေကို အရင်ဆုံး ဖော်ပြလေ့ရှိပါတယ်။ ဒါ့အပြင် ဆရာဝန်များ အနေဖြင့် ဆေးစာအုပ်တွေမှာ ဆေးတွေကို ဘယ်နကြိမ် သောက် ဘယ် နလုံး သောက်ရမလဲ ဆိုတာကို ရေးပေးလေ့ရှိပါတယ်။ ဒါကိုတော့ သာမန်လူတစ်ယောက် အနေနဲ့ ဖတ်၍ နားလည်ရန် လေ့လာဖို့လဲ လိုအပ်ပါတယ်။

Read More : ထမင်းစားပြီးပြီးချင်း ဗိုက်တင်းနေတဲ့အချိန်တွေမှာ မပြုလုပ်သင့်တဲ့အရာငါးခု

 

1. o.d. (omni die ) = Once every day (နေ့တိုင်း တစ်ကြိမ်စီ)

ဥပမာ - para - 1 o.d လို့ ရေးထားမယ်ဆိုရင် နေ့တိုင်း တစ်ကြိမ်စီ သောက်ရမှာဖြစ်ပါတယ်။ ( o.d ) = (Once every day = နေ့တိုင်း တစ်ကြိမ်စီ) ဖြစ်ပါတယ်။

2. b.d. or b.i.d. (bis in die) = Twice a day (တစ်ရက်နှာ နှစ်ကြိမ်စီ - ဆယ့်နှစ်နာရီခြား တစ်ကြိမ်)

 

3. t.d.s. (ter die sumendum) = Three times a day (တစ်ရက်မှာ သုံးကြိမ်စီ - ရှစ်နာရီခြားတစ်ကြိမ်)

4. q.i.d. or q.d.s (quarter die sumendum) = Four times a day (တစ်ရက်မှာ လေးကြိမ်စီ - ခြောက်နာရီခြားတစ်ကြိမ်)

5. h.s. or o.n (Hora Somni) / (omni nocte) = Once every night / at bed time (ညတိုင်းတစ်ကြိမ်စီ)

 

6. c.m (crass mane) = Early morning (နံနက်အိပ်ယာထထခြင်း တစ်ကြိမ်)

7. p.r.n (pro re nata) = Whenever required (လိုအပ်သောအခါ)

8. Stat (statim) = Immediately (ချက်ခြင်း)

 

9. T.D = Test dose (အစမ်းတိုက်ခြင်း ၊ ထိုးခြင်း) အကျိုးအကြောင်း ပြန်ပြောဖို့ လိုပါတယ်။

10. A.T.D = After Test Dose (စမ်းသပ်ပြီးမှ) (ဆေးတိုက်လို့ သက်သာရင် ဆက်တိုင်းနိုင်)

11. Adib = As much as you wish ( တတ်နိုင်သလောက်) (ဆန္ဒရှိရင် ဆက်သောက်နိုင်)

 

12. a.c = Before meal (အစာ မစားခင်)

13. p.c = After meal (အစာ စားပြီး)

14. B.p = Blood pressure (သွေးဖိအား)

 

15. N.P.O = Nothing by Mouth (ပါးစပ်ကနေ မတိုက်ရ)

16. I.U = International Unit (သတ်မှတ်ထားသော ဆေး mg)

 

By Aung Win ( Health Products Directory )

Read times
Rate this item
(2 votes)