What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 November 2019 13:45

ကျောက်ကပ် မှာ ကျောက်မတည်ခြင်းရင် ဒီဖျော်ရည်ကို ပုံမှန် သောက်ပေးပါ

ကျောက်ကပ် က သင့်ရဲ့ ကျန်းမာရေး ထိန်းသိမ်းရာမှာ အရေးပါတဲ့ ကိုယ်တွင်း အင်္ဂ ါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့ပေါ်မှာ နှစ်စဉ် ကျောက်ကပ် ရောဂါ ဖြစ်ပွားမှုနှုန်း ၆ သောင်းကျော် ရှိပြီး နှစ်စဉ် ကျောက်ကပ် ရောဂါ ကြောင့် သေဆုံးမှုဟာဆိုရင် ၁၅၀၀၀ ခန့်ကို ရှိပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ ဖျော်ရည်များကို သောက်သုံးခြင်းအားဖြင့် သင့် ကျောက်ကပ် ရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပြီး ၊ ကျောက်ကပ် အလုပ်လုပ်ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

Beet Tea ( သကြားမုန်လာ ဖျော်ရည်)

Beet ဖျော်ရည် ခေါ် သကြားမုန်လာ ဖျော်ရည်ဟာ ဆိုရင် ကျောက်ကပ် နဲ့ အသည်းကို ဆေးကြော သန့်စင်စေပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်းစေပါတယ်။ beet ဖျော်ရည်တွင် anti-oxidants များ ပြည့်ဝစွာပါဝင်ပြီး ဆီးလမ်းကြောင်းအတွင်း မလိုလာအပ်တဲ့ အရာများကို ဖယ်ရှားပေးပါတယ်။

ကျောက်ကပ်ကို တွင် ကျောက်တည်ခြင်း ဖြစ်စေသော ကယ်လ်ဆီယမ်များ စုပုံနေခြင်း ( ကယ်လ်ဆီယမ်များစုပုံလာလျှင် ကျောက်တည်သည်) ကိုလည်း လျော့ချပေးပါတယ်။ beet ဖျော်ရည်ဟာ ကျောက်ကပ်၏ လုပ်ငန်း လုပ်ဆောင်ချက်များကို အထောက်အကူ ဖြစ်စေတဲ့အပြင် ကျောက်ကပ် အားကောင်းစေဖို့အတွက်လည်း များစွာ ကူညီပေးပါတယ်။ Beet juice ခေါ် သကြားမုန်လာ ဖျော်ရည် ပြုလုပ်နည်း google နှင့် youtube တွင်လည်း အလွယ်တကူ ရှာဖွေပြီး သောက်သုံးဖို့လည်း မမေ့ကြနဲ့အုံးနော်...။

 

Ginger Tes (ဂျင်း လက်ဖက်ရည်)

ဂျင်းက ကျန်းမာရေး အကျိုးကျေးဇူး များစွာရှရှိတဲ့ အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ အပြင် သုတေသနများက ဂျင်းကို ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ အရာအဖြစ် ထောက်ခံထားပါတယ်။ ဂျင်းဟာဆိုရင် ခန္ဓာကိုယ်မှာ မလိုလာအပ်တဲ့ အညစ်ကြေးများ ဖယ်ရှားပေးတဲ့ အပြင် ကျောက်ကပ် ရောဂါ နှင့် ဆက်စပ်ပြီး ရောင်းရမ်းခြင်း ကိုလည်း လျော့ချပေး ပါတယ်။

ဂျင်းကို ရေနွေးထဲတွင် ထည့်ပြီး ၅ မိနစ်ခန့် ကြာအောင် ပြုတ်ထားပါ။ အချိုကြိုက်သူများအတွက် ပျားရည်နှင့်တွဲဖက် သောက်သုံး နိုင်ပါတယ်။ ဂျင်း Tea ကို နံနက်အချိန်တွင် သောက်သုံးမယ်ဆိုရင် နေမကောင်းဖြစ်ခြင်း ၊ ကိုယ်လက်နှုံးနေခြင်း ၊ ချောင်းဆိုးခြင်း နှင့် ကိုလက်စထရော မြင့်တက်ခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် ရောဂါ ပိုးမွှားရောဂါ များကို တိုက်ထုတ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။

 

stinging nettle (ဖက်ယားပင်)

ဖက်ယားပင်ကို ရှေးအရင်ထဲက ဆေးဖက်ဝင်တဲ့ ရိုးရာဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ ဖက်ယားပင်ဟာ ဆိုရင် ရောင်းရမ်းခြင်းများကို ကုသရာတွင် အသုံးပြုလေ့ရှိပါတယ်။ ဖက်ယားပင်ကို ဥရောပ နိုင်ငံများတွင် ကျောက်ကပ် ရောဂါ ကို ကုသရာတွင် အသုံးပြုလာကြောင်း တွေ့ရပါတယ်။ ဖက်ယားပင် က ဆီးလမ်းကြောင်း မှ ဘတ်တီးရီးယားပိုးများကို တိုက်ထုတ်ပေးပါတယ်။ လက်ဖက်ရည်ခွက် နဲ့ တစ်ခွက် သောက်သုံးမယ် ဆိုရင် ကျောက်ကပ် ကို စိုပြေ စေပါတယ်။ ဖက်ယားပင်သည် ဓာတ်မတည့်ဖြစ်ပေါ်စေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများ မသောက်သုံးသင့်ပါဘူး။ ဓာတ်မတည့်သူများ နှင့် ကိုယ်ဝန်ဆောင် မိခင်များ ရှောင်ကျဉ်သင့်ပါတယ်။

 

Lemon Juice (သံပယိုသီး ဖျော်ရည်)

လူအများစု ဆီး နှင့် ဆီးလမ်းကြောင်း ၊ အသည်းတို့ကို သန့်ရှင်းနေ စေဖို့အတွက် သံပယိုသီး ဖျော်ရည်ကို သောက်သုံးကြလေ့ ရှိပါတယ်။ သံပယို ဖျော်ရည်က ဆီးလမ်းကြောင်း အတွင်းမှာရှိတဲ့ မလိုလာတဲ့ ကယ်လ်ဆီယမ် ဓာတ်တွေကို ဖယ်ထုတ်ပေးတာကြောင့် ကျောက်တုံး နှင့် ကျောက်တည်ခြင်း တို့ကို ကာကွယ်ပေးပါတယ်။

 

Turmeric Tea ( နနွင်း )

နနွင်း ဟာဆိုရင် ကျန်းမာရေး အတွက် အရမ်းကို အံ့အားသင့်ဖွယ်ကောင်းတဲ့ ဟင်းခတ် အမွှေးကြိုင် တစ်ခုဖြစ်ပါတယ်။ နနွင်း က ဆိုရင် ရောင်ရမ်းခြင်းများကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် နာတာရှည် ကျောက်ကပ် ရောဂါ နှင့် ဆက်စပ်သော ရောင်ရမ်းခြင်းကိုလည်း ရပ်တန့်စေပါတယ်။ နနွင်းက သွေးဖိအားများကိုလည်း လျော့ချပေးနိုင်တဲ့ အပြင် ကျောက်ကပ် ကိုလည် သန့်စင်စေပါတယ်။

နနွင်းကို လက်ဖက်ရှည်ဇွန်း တစ်ဇွန်းထည့်ပြီး ၁၀ မိနစ်ခန့်မျှ မှ အပူပေးပြီး သံပယိုရည် နှင့် ငရုတ်ကောင်မှုန့် အနည်းငယ် ထည့်ပြီး သောက်သုံးနိုင်ပါတယ်။

Written  By Aung Win (Health Products Directory)

 

(zawgyi)

----------

ကျောက်ကပ် မှာ ကျောက် မတည်ချင်ရင် ဒီဖျော်ရည်ကို ပုံမှန် သောက်ပေးပါ


 




 



 


 



 



 

Turmeric Tea ( နနွင်း)


 


 


 

Read times Last modified on Wednesday, 29 January 2020 18:07
Rate this item
(2 votes)