What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 13 December 2019 17:41

သွေးတိုးကျစေဖို့ ဘယ်လိုအစားအစာတွေ စားသုံးသင့်လဲ

သွေးပေါင်ချိန်မြင့်တက်နေတာကို ပြန်လည်လျော့ချဖို့ ကြိုးစားတဲ့အခါမှာ ဆေးဝါးတွေသာမက အစားအစာရဲ့ အခန်းကဏ္ဍကလည်း အရမ်းအရေးကြီးပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ သွေးတိုးရောဂါဟာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးရာမှာ အသုံးဝင်တဲ့ အစားအစာတွေကို ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

အစိမ်းရောင်များများစားပါ

အငံဓာတ်က ခန္ဓာကိုယ်ထဲမှာ ရေတွေအများကြီးကို ထိန်းထားသလိုဖြစ်စေပါတယ်။ အဲဒီ ရေတွေက သွေးကြောတွေကို ဖိမိတဲ့အခါ သွေးတိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကိုက်လံ ၊ ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနွယ် ၊ ဒေါက်ခွ စတဲ့ ပိုတက်ဆီယမ်ဓာတ်တက်စေတဲ့ အစိမ်းရောင်အရွက်တွေကို အစိမ်းစားပေးခြင်း (သို့) ကြိုက်တဲ့ပုံစံ ချက်ပြုတ်ပြီး များများစားပေးပါ။ ပိုတက်ဆီယမ်ဟာ ရေကိုဆွဲထားတဲ့ ဆိုဒီယမ်ကို ဆီးနဲ့အတူတူပါသွားစေတဲ့အတွက် သွေးကြောတွေအပေါ်ကဖိအားတွေ လျော့သွားပြီး သွေးပေါင်ချိန်ပါ လျော့ကျစေနိုင်ပါတယ်။

 

ဘယ်ရီသီး စားပါ

ဘလူးဘယ်ရီ ၊ စတော်ဘယ်ရီ နဲ့ ဘလက်ခ်ဘယ်ရီ အစရှိတဲ့ အသီးတွေကို စားပေးခြင်းက သွေးကြောတွေကို ကောင်းကျိုးအများကြီး ပေးပါတယ်။ သွေးကြောတွေကို ပြန့်ကားစေနိုင်သလို သွေးပေါင်ချိန် အပြောင်းအလဲပေါ်မှာမူတည်ပြီး လိုအပ်သလို အချုံ့အချဲ့ လုပ်ပေးနိုင်တာကြောင့် သွေးမတိုးအောင် ကာကွယ်နိုင်ပြီး နှလုံးကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

 

ဒိန်ချဉ်

ကယ်လ်ဆီယမ်ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးရာမှာ အရေးပါတဲ့သတ္တုဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆီဓာတ်နည်းနည်းပဲပါတဲ့ ဒိန်ချဉ်မျိုးစားပေးခြင်းက ကယ်လ်ဆီယမ်ဓာတ်ကို ရစေပြီး သွေးပေါင်ချိန်ကို ကျစေပါတယ်။

 

အဆီဓာတ်များများပါသော ငါး

ကယ်လ်ဆီယမ်ဓာတ်ကို နောက်ထပ်ရရှိနိုင်တာက ဆယ်လ်မွန် နဲ့ ဆာဒင်းန်ငါးတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆီများတဲ့ငါးတွေဖြစ်တဲ့ မက်ကာရယ်လ် နဲ့ ဆာဒင်းန်တို့မှာ နှလုံးကျန်းမာရေးကို အထောက်အကူအများကြီးဖြစ်စေတဲ့ Omega 3 ဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ ငါးမှာပါတဲ့အဆီဓာတ်တွေဟာ သွေးဖိအားလျော့ကျအောင် ကူညီပေးတယ်လို့ဆိုပါတယ်။

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်ထဲမှာ နိုက်ထရစ်အက်ဆစ်ပမာဏကို မြင့်တက်စေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။ သွေးကြောတွေ ရုန်းရညှစ်ရတာနည်းလေလေ နှလုံးအနေနဲ့လည်း သူတို့ဆီသွေးပို့ဖို့ ညှစ်ရတာနည်းလေပါပဲ။ ဒါဟာ သွေးပေါင်ကို လျော့ကျစေပါတယ်။

 

သံလွင်ဆီ

သံလွင်ဆီထဲမှာပါတဲ့ ပိုလီဖီနော လို antioxidants ဓာတ်တွေက သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ဟင်းချက်ဆီထဲမှာ သံလွင်ဆီက တကယ့်ကို ကျန်းမာရေးနဲ့ ညီစေတဲ့ ဆီမျိုးပါပဲ။

 

ပဲအမျိုးမျိုး

နေ့စဉ်စားပေးနိုင်ရင် ပဲအမျိုးမျိုးဟာ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေရုံသာမကဘဲ လျော့တောင်လျော့ကျစေနိုင်ပါတယ်။

 

ချောကလက်အနက်

ချောကလက်အနက်စားပေးခြင်းဟာ သင့်ခန္ဓာကိုယ်မှာ Flavanol ဆိုတဲ့ဓာတ်ကို ပေးစွမ်းပါတယ်။သူကလည်း ကြက်သွန်ဖြူလိုပဲ နိုက်ထရစ်အောက်ဆိုက်ကို မြင့်တက်စေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။ ဒါဟာ သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။

 

Ref On doctor

Read times Last modified on Thursday, 04 June 2020 20:48
Rate this item
(2 votes)