What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 March 2020 15:01

သွေးတိုးရောဂါဝေဒနာရှင်များ ရှောင်သင့်ဆောင်သင့်တဲ့ အစားအစာများ

ယခုအချိန်မှာဆိုရင်သွေးတိုးရောဂါကို လူတောတောများများခံစားနေရပါတယ်။

သွေးတိုးရောဂါက ပြင်းထန်းတဲ့ နာကျင်မှုကိုခံစားရတဲ့ ရောဂါတစ်ခုတော့မဟုတ်ပေမဲ့ နာတာရှည်ဝေဒနာတစ်မျိုး ဖြစ်ပါတယ်။ သွေးတိုးရောဂါကို ပျောက်ကင်းနိုင်တဲ့ဆေးဝါးတော့ မရှိသေးပေမဲ့ သွေးတိုးခြင်းကို ထိန်းချုပ်နိုင်တဲ့ ဆေးများ ၊ အစာအစားများ စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေနိုင်ပါတယ်။

သွေးတိုးရောဂါဆိုတာ သွေးလွှတ်ကြောတွင်း သွေးစီးဆင်းမှုကပုံမှန်ထက်များတာ ၊ သွေးလွှတ်ကြောများ ဖောင်းပွခြင်းများကြောင်ြ့ဖစ်ပေါ်ရတဲ့ ရောဂါဝေဒနာတစ်ခုလည်းဖြစ်ပါတယ်။ ဒါအပြင်သွေးတိုးရောဂါကို ပေါ့ဆစွာနေထိုင်ခြင်းကြောင့် နှလုံးရပ်တန့်သွားတာ ၊ လေဖြတ်တာများကိုဖြစ်ပေါ်စေပြီး အသက်အန္တာရာယ်ကိုဆုံးရှုံးနိုင်တဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ် ။ ဒါကြောင့်သွေးတိုးဝေဒနာရှင်များအနေဖြင့် ဆောင်သင့်ရှောင်သင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

Laboratory (ဓာတ်ခွဲသုံး ပစ္စည်း ရောင်းချသော ဆိုင်ပေါင်း ၅၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Laboratory

ရှောင်ရန်

အငံဓာတ်များသော အစားအစာများ၊ သိုလှောင်ထားသော အသားငါးများ၊ အရက် ၊ ဆေးလိပ် ၊ အအီအစိမ့်များ ၊ အချိုဓာတ်များသော အစားအစာများ ၊ ဆော်ဒါ များစွာပါဝင်သော အစားအစာ၊ အကြောအလှော်များ ၊ အဆီဓာတ်များသော နို့ထွက်ပစ္စည်းများ၊ ကဖီးဓာတ်ပါဝင်သော အစားအေသောက်များ၊ ဆေးသကြားဖြင့်ပြုလုပ်ထားသော အစားအစာများကို သွေးတိုးဝေဒနာရှင်များအနေဖြင့် အထူးရှောင်ကျဉ်ပါ။

ဆောင်ရန်

ပိုတက်စီယမ်ကြွယ်သော အသီးအရွက်များဖြစ်တဲ့ မုန်လာဥဖြူ ၊ မုန်လာဥနီ ၊ တရုတ်နံနံ ၊ကိုက်လန် ၊ သခွားသီး ၊ ငှက်ပျော်သီး များ ၊ ပဲအမျိုးမျိုး၊ လတ်ဆက်ပြီး အဆီနည်းသော အသားငါးများ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာ ၊ စိတ်ကို လွတ်လပ်ပေါ့ပါးစွာနေထိုင်တာ ၊ ချောကလက်အနက်ကို တစ်ရက် တစ်အောင်စ စားသုံးပေးတာ ၊ စတော်ဘယ်ရီသီး ၊ ဘယ်ရီသီး ၊ ကြက်သွန်ဖြူစားနဲ လိမ္မော်သီး များကိုစားသုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေနိုင်ပါတယ်။

ဒါအပြင် ဆရာဝန်မှ သတ်မှတ်ပေးထားသော ဆေးဝါးများကို ပုံမှန်သောက်သုံးတာ ၊ ၆ လတစ်ကြိမ်သွေးစစ်ဆေးတာ များကို ပြုလုပ်ခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

Written By Health Products Directory

90165828 212716063139335 1462378197545910272 n


(Zawgyi)

====

ေသြးတိုးေရာဂါေ၀ဒနာရွင္မ်ား ေရွာင္သင့္ေဆာင္သင့္တဲ့ အစားအစာမ်ား

ယခုအခ်ိန္မွာဆိုရင္ေသြးတိုးေရာဂါကို လူေတာေတာမ်ားမ်ားခံစားေနရပါတယ္။ ေသြးတိုးေရာဂါက ျပင္းထန္းတဲ့ နာက်င္မႈကိုခံစားရတဲ့ ေရာဂါတစ္ခုေတာ့မဟုတ္ေပမဲ့ နာတာရွည္ေ၀ဒနာတစ္မ်ိဳး ျဖစ္ပါတယ္။ ေသြးတိုးေရာဂါကို ေပ်ာက္ကင္းႏိုင္တဲ့ေဆး၀ါးေတာ့ မရွိေသးေပမဲ့ ေသြးတိုးျခင္းကို ထိန္းခ်ဳပ္ႏိုင္တဲ့ ေဆးမ်ား ၊ အစာအစားမ်ား စားသံုးျခင္းျဖင့္ ေသြးတိုးေရာဂါကို သက္သာေစႏိုင္ပါတယ္။

ေသြးတိုးေရာဂါဆိုတာ ေသြးလႊတ္ေၾကာတြင္း ေသြးစီးဆင္းမႈကပံုမွန္ထက္မ်ားတာ ၊ ေသြးလႊတ္ေၾကာမ်ား ေဖာင္းပြျခင္းမ်ားေၾကာင္ျ့ဖစ္ေပၚရတဲ့ ေရာဂါေ၀ဒနာတစ္ခုလည္းျဖစ္ပါတယ္။ ဒါအျပင္ေသြးတိုးေရာဂါကို ေပါ့ဆစြာေနထိုင္ျခင္းေၾကာင့္ ႏွလံုးရပ္တန္႔သြားတာ ၊ ေလျဖတ္တာမ်ားကိုျဖစ္ေပၚေစၿပီး အသက္အႏၱာရာယ္ကိုဆံုးရံႈးႏိုင္တဲ့အထိ ျဖစ္ေပၚႏိုင္ပါတယ္ ။ ဒါေၾကာင့္ေသြးတိုးေ၀ဒနာရွင္မ်ားအေနျဖင့္ ေဆာင္သင့္ေရွာင္သင့္တဲ့ အစားအစာမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Laboratory (ဓာတ္ခြဲသံုး ပစၥည္း ေရာင္းခ်ေသာ ဆိုင္ေပါင္း ၅၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Laboratory

ေရွာင္ရန္

အငံဓာတ္မ်ားေသာ အစားအစာမ်ား၊ သိုေလွာင္ထားေသာ အသားငါးမ်ား၊ အရက္ ၊ ေဆးလိပ္ ၊ အအီအစိမ့္မ်ား ၊ အခ်ိဳဓာတ္မ်ားေသာ အစားအစာမ်ား ၊ ေဆာ္ဒါ မ်ားစြာပါ၀င္ေသာ အစားအစာ၊ အေၾကာအေလွာ္မ်ား ၊ အဆီဓာတ္မ်ားေသာ ႏို႕ထြက္ပစၥည္းမ်ား၊ ကဖီးဓာတ္ပါ၀င္ေသာ အစားေအေသာက္မ်ား၊ ေဆးသၾကားျဖင့္ျပဳလုပ္ထားေသာ အစားအစာမ်ားကို ေသြးတိုးေ၀ဒနာရွင္မ်ားအေနျဖင့္ အထူးေရွာင္က်ဥ္ပါ။

ေဆာင္ရန္

ပိုတက္စီယမ္ႀကြယ္ေသာ အသီးအရြက္မ်ားျဖစ္တဲ့ မုန္လာဥျဖဴ ၊ မုန္လာဥနီ ၊ တရုတ္နံနံ ၊ကိုက္လန္ ၊ သခြားသီး ၊ ငွက္ေပ်ာ္သီး မ်ား ၊ ပဲအမ်ိဳးမ်ိဳး၊ လတ္ဆက္ၿပီး အဆီနည္းေသာ အသားငါးမ်ား၊ ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္တာ ၊ စိတ္ကို လြတ္လပ္ေပါ့ပါးစြာေနထိုင္တာ ၊ ေခ်ာကလက္အနက္ကို တစ္ရက္ တစ္ေအာင္စ စားသံုးေပးတာ ၊ စေတာ္ဘယ္ရီသီး ၊ ဘယ္ရီသီး ၊ ၾကက္သြန္ျဖဴစားနဲ လိေမၼာ္သီး မ်ားကိုစားသံုးျခင္းျဖင့္ ေသြးတိုးေရာဂါကို သက္သာေစႏိုင္ပါတယ္။

ဒါအျပင္ ဆရာ၀န္မွ သတ္မွတ္ေပးထားေသာ ေဆး၀ါးမ်ားကို ပံုမွန္ေသာက္သံုးတာ ၊ ၆ လတစ္ႀကိမ္ေသြးစစ္ေဆးတာ မ်ားကို ျပဳလုပ္ျခင္းျဖင့္ ေသြးတိုးေရာဂါကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။

Written By Health Products Directory

Read times Last modified on Tuesday, 24 March 2020 15:03
Rate this item
(0 votes)