What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 March 2020 10:27

သွေးတိုးဝေဒနာရှင်များအတွက် အကောင်းဆုံး အစားအစာများ

သွေးတိုးခြင်းက အသက်န္တာရာယ်ကိုပါ ထိခိုက်နိုင်တဲ့ အထိဖြစ်ပေါ်စေသော ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။

သွေးတိုးရောဂါကို အသက်၄၀ ကျော် အမျိုးသား၊ အမျိုးသမီးများတွင် အများဆုံးဖြစ်ပွားပြီး သွေးတိုးရောဂါကြောင့် ရင်ဘတ်အောင့်တာ၊ နှလုံးသွေးကြောကျဉ်းတာ ၊ ကျောက်ကပ်ပျက်စီးတာ ၊ အမြင်အာရုံေ၀ဝါးလာတာ ၊ လေဖြတ်တာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးဝေဒနာရှင်များ အနေဖြင့် ဖော်ပြပါအစားအစာများကို စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါကို လျော့ချနိုင်ပါတယ်။

 

ငှက်ပျောသီး

ငှက်ပျောသီးတွင် ပိုတက်စီယမ် နဲ့ ဗီတာမင် ပါဝင်ပြီး ပိုတက်စီယမ်က ဆိုဒီယမ်သက်ရောက်မှုကို လျှော့ချပေးပြီး သွေးကြောများပေါက်ပွမှု ဖြစ်ပေါ်ခြင်းကို လျော့ချနိုင်ခြင်းကြောင့် သွေးတိုးခြင်းကို လျော့ချနိုင်ပါတယ်။

 

ချောကလက်နက်

အနက်ရောင်ရှိသော ချောကလက်များတွင် cocoa 70 ရာခိုင်နှုန်း အနည်းဆုံး ပါဝင်သောကြောင့် တစ်ရက်ကို ၁ အောင်စ စားသုံးပေးခြင်းဖြင့် သွေးတိုးခြင်းကို လျော့ချနိုင်ပါတယ်။

 

ဖရဲသီး

ဖရဲသီးဆိုရင် ဈေးနှုန်းကလည်း သင့်တော်ပြီးလူတိုင်းနီးပါးကြိုက်နှစ်သက်သော အသီးတစ်မျိုးလည်းဖြစ်ပါတယ် ။ ဖရဲသီးမှာ အာမိုင်နိုအက်စ်ဆစ် ပါဝင်သောကြောင့် သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စွာ ထိမ်းချုပ်နိုင်သောကြောင့် သွေးတိုးဖြစ်ပေါ်ခြင်းကို လျော့ချနိုင်ပါတယ်။

 

Clinics (ဆေးကုခန်းပေါင်း ၁၀၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Clinics

 

ဒိန်ချဉ်

အချိုဓာတ်နည်းပြီး အရောင်စပ်မှုနည်းသော ဒိန်ချဉ်များကို သောက်သုံးပေးခြင်းက သွေးတိုးခြင်းကို လျော့ချနိုင်ယုံသာမက ဆီးဝမ်းလည်ပတ်မှုစနစ် နဲ့ ခန္ဓာကိုယ်အတွင်းရှိ အဆီများကိုလည်း လျော့နိုင်ပါတယ်။

 

ဘယ်ရီသီးများ

ဘယ်ရီသီး နှင့် စတော်ဘယ်ရီသီးများတွင် antioxidant ဓာတ်ပေါင်းများ ပါဝင်ပြီး ထိုဒြပ်ပေါင်းများက နှလုံး ကို ကျန်းမာစေတာ ၊ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောလည်ပတ်မှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် သွေးတိုးဝေဒနရှင်များအနေဖြင့် စားသင့်ခြင်းက သွေးတိုးရောဂါကို လျော့ချပေးနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====

ေသြးတိုးေ၀ဒနာရွင္မ်ားအတြက္ အေကာင္းဆံုး အစားအစာမ်ား

 

ေသြးတိုးျခင္းက အသက္ႏၱာရာယ္ကိုပါ ထိခိုက္ႏိုင္တဲ့ အထိျဖစ္ေပၚေစေသာ ေရာဂါတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ေသြးတိုးေရာဂါကို အသက္၄၀ ေက်ာ္ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားတြင္ အမ်ားဆံုးျဖစ္ပြားၿပီး ေသြးတိုးေရာဂါေၾကာင့္ ရင္ဘတ္ေအာင့္တာ၊ ႏွလံုးေသြးေၾကာက်ဥ္းတာ ၊ ေက်ာက္ကပ္ပ်က္စီးတာ ၊ အျမင္အာရံုေ၀၀ါးလာတာ ၊ ေလျဖတ္တာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေသြးတိုးေ၀ဒနာရွင္မ်ား အေနျဖင့္ ေဖာ္ျပပါအစားအစာမ်ားကို စားသံုးေပးျခင္းျဖင့္ ေသြးတိုးေရာဂါကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးတြင္ ပိုတက္စီယမ္ နဲ႔ ဗီတာမင္ ပါ၀င္ၿပီး ပိုတက္စီယမ္က ဆိုဒီယမ္သက္ေရာက္မႈကို ေလွ်ာ့ခ်ေပးၿပီး ေသြးေၾကာမ်ားေပါက္ပြမႈ ျဖစ္ေပၚျခင္းကို ေလ်ာ့ခ်ႏိုင္ျခင္းေၾကာင့္ ေသြးတိုးျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

ေခ်ာကလက္နက္

အနက္ေရာင္ရွိေသာ ေခ်ာကလက္မ်ားတြင္ cocoa 70 ရာခိုင္ႏႈန္း အနည္းဆံုး ပါ၀င္ေသာေၾကာင့္ တစ္ရက္ကို ၁ ေအာင္စ စားသံုးေပးျခင္းျဖင့္ ေသြးတိုးျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

ဖရဲသီး

ဖရဲသီးဆိုရင္ ေစ်းႏႈန္းကလည္း သင့္ေတာ္ၿပီးလူတိုင္းနီးပါးႀကိဳက္ႏွစ္သက္ေသာ အသီးတစ္မ်ိဳးလည္းျဖစ္ပါတယ္ ။ ဖရဲသီးမွာ အာမိုင္ႏိုအက္စ္ဆစ္ ပါ၀င္ေသာေၾကာင့္ ေသြးလည္ပတ္စီးဆင္းမႈကို ေကာင္းမြန္စြာ ထိမ္းခ်ဳပ္ႏိုင္ေသာေၾကာင့္ ေသြးတိုးျဖစ္ေပၚျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

Clinics (ေဆးကုခန္းေပါင္း ၁၀၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Clinics

 

ဒိန္ခ်ဥ္

အခ်ိဳဓာတ္နည္းၿပီး အေရာင္စပ္မႈနည္းေသာ ဒိန္ခ်ဥ္မ်ားကို ေသာက္သံုးေပးျခင္းက ေသြးတိုးျခင္းကို ေလ်ာ့ခ်ႏိုင္ယံုသာမက ဆီး၀မ္းလည္ပတ္မႈစနစ္ နဲ႔ ခႏၶာကိုယ္အတြင္းရွိ အဆီမ်ားကိုလည္း ေလ်ာ့ႏိုင္ပါတယ္။

 

ဘယ္ရီသီးမ်ား

ဘယ္ရီသီး ႏွင့္ စေတာ္ဘယ္ရီသီးမ်ားတြင္ antioxidant ဓာတ္ေပါင္းမ်ား ပါ၀င္ၿပီး ထိုျဒပ္ေပါင္းမ်ားက ႏွလံုး ကို က်န္းမာေစတာ ၊ ခႏၶာကုိယ္အတြင္းရွိ ေသြးေၾကာလည္ပတ္မႈစနစ္ကို ထိန္းခ်ဳပ္ႏုိင္ေသာေၾကာင့္ ေသြးတိုးေ၀ဒနရွင္မ်ားအေနျဖင့္ စားသင့္ျခင္းက ေသြးတိုးေရာဂါကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(1 Vote)