What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 January 2020 17:06

သင့် လက်သည်းက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေများ

သင့် လက်သည်းက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေများ Web MD

သင့်ရဲ့ လက်သည်းတွေက သင့်ကျန်းမာရေးအတွက် သဲလွန်စပေးနိုင်တယ်ဆိုတာကို သင်သတိထားမိပါသလား။ သင့်ရဲ့ အသည်း ၊ အဆုတ် နဲ့ နှလုံးတို့မှာ ပြဿနာ ရှိနေပြီးဆိုရင် လက်သည်းက ထုတ်ဖော်ပြလေ့ရှိပါတယ်။

ဖြူဖက် ဖြူရော် လက်သည်း (Pale Nails)

Pale fingernail beds on woman's hand
Pale Nails က ရံဖန်ရံခါ အဖျားကြီးတဲ့အခါ ဖြစ်တတ်လေ့ရှိပါတယ်။ ဒါ့အပြင် သွေးအားနည်းရောဂါ ၊ အသည်းရောဂါ နဲ့ အာဟာရချို့တဲ့ခြင်း ဖြစ်တဲ့အခါတွေမှာ တွေ့ရတတ်ပါတယ်။

ဖြူဖွေးနေသော လက်သည်း (White Nails)

Fingernail beds that are almost completely white
တကယ်လို့ သင့်ရဲ့ လက်သည်းတွေက အဖြူရောင် ဒါမှမဟုတ် မဲနေမယ်ဆိုရင် သင့်အနေနဲ့ အသည်းရောဂါကဲ့သို့ ပြဿနာတွေ ရှိနေနိုင်တယ်ဆိုတာကို ညွှန်ပြပေးမှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ ပုံအရဆိုရင်တော့ အသည်းရောအသားဝါရောဂါ ဒါမှမဟုတ် တခြားသော အသည်းနဲ့ ပတ်သတ်တဲ့ ပြဿနာ ရှိနေနိုင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

 

အဝါရောင် လက်သည်း (Yellow Nails)

Yellow fingernails on a woman's hand
များသောအားဖြင့် အဝါရောင် လက်သည်း က မှို ဘတ်တီးရီးယား ရောဂါပိုး (မှိုပိုး) ကူးစက်ခံရရင် ဖြစ်ပေါ်လေ့ရှိပါတယ်။ ရောဂါ ကူးစက်မှု ပိုဆိုးလာတာနဲ့ လက်သည်းထူးခြင်း ၊ ဝါလာခြင်း တို့ ဖြစ်ပေါ်စေပါတယ်။ ဒီလက်သည်းဝါလာခြင်း ပိုမိုဆိုးရွားတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ သိုင်းရွိုက်ရောဂါ ၊ အဆုတ်ရောဂါ ၊ ဆီးချို သွေးချို ရောဂါ နဲ့ အရေပြားရောဂါတွေကို ညွှန်ပြလေ့ရှိပါတယ်။

 

ပြာလဲ့လဲ့ လက်သည်း (Bluish Nails)

Essential acrocyanosis of the hands
သင့်ခန္ဓာကိုယ်မှာ အောက်ဆီဂျင် လုံလုံလောက်လောက် မရတော့တဲ့ အခါ သင့်ရဲ့လက်သည်းတွေက ပြာသွားမှာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော ရောဂါလက္ခဏ တစ်ခုဖြစ်တဲ့ အဆုတ်လေအိတ် ပျက်စီခြင်း(Emphysema) ဖြစ်တဲ့အခါမှာလည်း တွေ့ရတတ်ပါတယ်။

ဖောင်ကြွလက်သည်း (Rippled Nails)

fingernail pitting from psoriasis
ဖောင်ကြွလက်သည်းတွေက များသောအားဖြင့် နှင်းကူရောဂါ ဒါမှမဟုတ် အဆစ်ရောင် ရောဂါ ဖြစ်တဲ့အခါတွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် လက်သည်း အရောင်ပြောင်သွားတာ ဒါမှမဟုတ် လက်သည်းအောက်ရှိ အရေပြား အရောင်းပြောင်းသွားရင်လည်း Ripples Nail ပုံစံအတိုင်း ဖြစ်ပေါ်နိုင်ပါတယ်။

Ref: Webmd

Aung Win (Health Products Directory)

 

(Zawgyi)

======


 


 





 



 





 

Ref: Webmd


Read times
Rate this item
(1 Vote)