What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 February 2020 13:15

ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားခြင်းကို ဘယ်လို လျော့ချမလဲ

ဆီးချိူသွေးချို ရောဂါဆိုတာ နာတာရှည် ခံစားရသော ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မ ရွေးဖြစ်ပွားနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။

 

ဆီးချိူသွေးချို ရောဂါကြောင့် သွေးအတွင်းမှာရှိတဲ့ သကြားဓာတ်ကို ထိန်းချုပ်မှုအားနည်းတာကြောင့် ဦးနှောက် ၊ ကျောက်ကပ်၊ မျက်လုံး ၊ နှလုံး ၊ ခြေလက် နဲ့ အာရုံကြောများကို ပါထိခိုက်လာနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

 

ကိုယ်ခန္ဓာအတွင်းရှိ အင်ဆူလင်ကို ထုတ်မလွှတ်ပေးနိုင်မှု နဲ့ ပန်ကရိယာတို့ ကောင်းမွန်စွာအလုပ်မလုပ် နိုင်တာကြောင့် သကြားဓာတ်များ မြင့်တတ်လာပြီး ဆီးချိုသွေးချိုရောဂါကို စတင်ဖြစ်ပေါ်စေတယ်။ ဒါကို ဆီးချိုသွေးချို ရောဂါ အမျိုးအစား (၂) မျိုး ဖြင့်သတ်မှတ်ပြီး ပထမ တစ်မျိုးမှာ ခန္ဓာကိုယ်အတွင်းရှိ အင်ဆူလင် (ဝါ) သကြားဓာတ်ကို ထုတ်လွှတ် မပေးနိုင်သော ဆီးချိုသွေးချို လို့ခေါ်ပါတယ်။ ပထမ ဆီးချိုရောဂါ အမျိုးအစားက စတင်ဖြစ်ပွားချိန်တွင် ကိုယ်အပူချိန်မှာ သာမန်လူအတိုင်းဖြစ်ပေါ်ပြီး လူကြီး ၊ ကလေးတွေကို ပါဖြစ်ပွား စေနိုင်ပါတယ်။ ဆီးချိုသွေးချို အမျိုးစား (၁) က လူငယ်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး တစ်နည်းအားဖြင့် ကလေးဆီချိုလို့ ခေါ်လေ့ရှိပါတယ်။

 

ဒုတိယ တစ်မျိုကတော့ လူတိုင်းဖြစ်ပွားနိုင်ပြီး ခန္ဓာကိုယ်အတွင်းမှ အင်ဆူလင် ဟော်မုန်းက ကောင်းစွာအလုပ်မလုပ်နိုင်တော့တာမျိုး ဖြစ်ပါတယ်။ အမျိုးစား (၂) ဆီးချိုက အင်ဆူလင် မရှိသော ဆီးချိုသွေးချို လို့ခေါ်ပါတယ်။ ဆီးချိုသွေးချို ရှိမရှိဆိုတာ ကိုယ်အလေးချိန် လျော့ကျလာခြင်း ၊ ဆီးသွားများခြင်း ၊ မအီမသာဖြစ်ခြင်း ၊ အနာများအကျပ်နှေးခြင်း နဲ့ အာရုံကြောအားနည်းလာခြင်းတို့က ဆီးချိုသွေးချိုရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဆီးချိုသွေးချိုရှိတဲ့ အမျိုးသမီးများ အနေနဲ့ ကိုယ်ခန္ဓာ ယားယံခြင်းများ ဖြစ်ပေါ်ပါက ဆရာဝန် နဲ့ ပြသသင့်ပါတယ်။

youtube1.jpg

ဆီးချိုသွေးချို ရောဂါက မျိုးရိုဗီဇာကြောင့်လဲ ဖြစ်လာနိုင်သလို ဆီးချိုသွေးချို ရောဂါဖြစ် ပြီးနောက် နှလုံး နဲ့ ကျောက်ကပ် ဆိုင်ရာရောဂါများကို လည်းဖြစ်ပေါ် စေနိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါက ကူးဆက်ရောဂါမျိုး မဟုတ်သလို လူအများစု ဖြစ်ပွားနေလေ့ရှိတဲ့ နှလုံးရောဂါ ၊ သွေးတိုး နဲ့ ကင်ဆာရောဂါ များအထဲမှာမှ ဆီးချိုသွေးချို ရောဂါအများဆုံးဖြစ်တတ်တဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။

 

ဆီးချိုသွေးချို ရောဂါ က ခန္ဓာကိုယ်အတွင်းပိုင်းတွင် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်တာကြောင့် အချိန်မီ မထိန်းချုပ်နိုင်ရင် ဆီးပူခြင်း ၊ ဆီးလမ်းကြောင့်းပိုးဝင်ခြင်း ၊ ကျောက်ကပ်အတွင်းရှိ သွေးကြောအုပ်စုငယ်များကို ပျက်စီးစေပြီး ကျောက်ကပ်ရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါ ဝေဒနာရှင် တစ်ယောက်အနေဖြင့် အစားအသောက်ပါလည်း အလွန်းအရေးပါလှပါတယ်။ သကြားဓာတ် ပါဝင်သော အစားအစာများကို လျော့စားခြင်း ၊ ဆေးလိပ်မသောက်ခြင်း ၊ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း နဲ့ ကျန်းမာရေး ပုံမှန်စစ်ဆေးတာတွေက ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားခြင်းမှ ရှောင်ကျဉ်နိုင်ပါတယ်။

 

ဂျူံဖြူ ၊ အချို ဓာတ်များများပါသော အစားစာများကို ရှောင်ကျဉ်ပြီး အသီးအရွက်များ ၊ ပဲ နဲ့ အိုမီဂါဓာတ်များပါရှိသော ဆာဒင်း ၊ ဆယ်လ်မွန် များကိုစားသုံးခြင်းဖြင့် ဆီးချိုသွေးချို ရောဂါဖြစ်ခြင်းကို လျော့ချနိုင်တယ်။

 

အဝလွန်ခြင်းကလည်း ဆီးချို သွေးချို ရောဂါဖြစ်နိုင်ချေ များတယ်ဆိုတာ သတိထားဖို့လည်း လိုပါတယ်။ ဒါ့အပြင် အစားအစာများ ကို ဗိုက်တင်းအောင် စားခြင်းထက် နည်းနည်းလေး နဲ့ ခဏခဏ စားသုံးခြင်းက လည်း ဆီးချိုသွေးချို ရောဂါ ဖြစ်ခြင်းမှ ရှောင်ကျဉ်နိုင်ပါတယ်။ လေ့စဉ် ကာယလေ့ကျင့်ခန်းမျာ ပြုလုပ်ခြင်းက သွေးအတွင်းရှိ အချိုဓာတ်များကို လျော့ချနိုင်ပြီး ဆီးချိုသွေးချို ဖြစ်ခြင်းကို လျော့ချနိုင်ပါတယ်။

 

ယခုအချိန်ထိတော့ ဆီးချိုသွေးချို ရောဂါ နှင့် ပတ်သက်ပြီး ပျောက်ကင်းအောင် ပြုလုပ်နိုင်တဲ့ ဆေးဝါးမျိုး မတွေ့ရှိသေးတာကြောင့် ဆီးချိုသွေးချို ရောဂါကို ဖြစ်ပွားခြင်းကို လျော့ချနိုင်တဲ့ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။

 

Written By Health Products Directory

Ref: BBC

youtube.jpg

Read times Last modified on Friday, 09 September 2022 15:52
Rate this item
(1 Vote)