What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 13 February 2020 11:59

သွေးတိုးရောဂါ ကုသနည်း

သွေးတိုးရောဂါက အခုချိန်တွင် လူတောတောများများ ရင်ဆိုင်နေတဲ့ ရောဂါတစ်မျိုးဖြစ်နေပါတယ်။

သွေးတိုးရောဂါဆိုတာ သွေးဖြတ်သန်းစီးဆင်းတဲ့ သွေးလွှတ်ကြောများက ပုံမှန်သွေးဖိအားထက်များပြီး သွေးပေါင်တတ်ခြင်း ကိုခေါ်ပါတယ်။ သွေးတိုးရောဂါက ကိုယ်လက် လေ့ကျင့်းခန်းနည်းတာ ၊အငံဓာတ်များတာ ၊ အဆီပါတဲ့ အစားအသောက်များ အလွန်အကျွံစားခြင်းဖြင့်လည် ဖြစ်ပေါ်နိုင်ပါတယ်။ သွေးတိုးရောဂါက လေဖြတ်တာ၊ နားတွေအူတာ ၊ နှလုံးဖောက်တာ နဲ့ ဦးနှောက်ကိုထိခိုက်လာပြီး အသက်ပါဆုံးရူံးနိုင်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်တဲ့အတွက် မပေါစသင့်ပါ။

သွေးတိုးရောဂါခံစားနေရတဲ့  ဝေသနာရှင်များအနေဖြင့် ဇက်ကြောထိုးတက်တာ ၊ ခေါင်းမူးတာ စတဲ့ဝေသနာများ ခံစားရနိုင်ပေမဲ့ ဒီဝေသနာခံစားသူတိုင်း သွေးတိုးရောဂါရှိကြောင်း အတည်မပြုနိုင်ပါ။  သွေးပေါင်တိုင်းစက်များ နဲ့  တိုင်းတာပြီး အမြဲတမ်း  အပေါ်သွေး ၁၄၀ ၊အောက်သွေး ၉၀  ကျော်နေမှ သွေးတိုးရောဂါရှိကြောင်း  အတည်ပြုနိုင်ပါတယ်။ သွေးတိုးရောဂါက ကျောက်ကပ် ၊ နှလုံး နဲ ဆီးချိုသွေးချိုစတဲ့ ရောဂါကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

သွေးတိုးရောဂါ လက္ခဏာများ

သွေးတိုးရောဂါကလည်း တခါတရံ အသက်အန္တာရယ်ကို ထိခိုက်လာနိုင်သည့်တိုင်အောင် ရောဂါလက္ခဏာ ဖော်ပြခြင်းမရှိတဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ ခေါင်းကိုက်တာ ၊ မောတာ ၊ နှာခေါင်းသွေးယိုတာ ၊ ခေါင်းမူးတာ ၊ အမြင်အာရုံပြောင်းလဲတာ ၊ ရင်ဘတ်အောင့်တာ နဲ့ ဆီးထဲသွေးပါတာ စတဲ့ လက္ခဏာများဖြစ် ပေါ်တတ်ပါတယ် ။ တခါတရံ မျိုးရိုးဗိဇကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတဲ့အပြင် အဆီဓာတ် ၊ အငံဓာတ် များများစားသုံးခြင်းကလည်း ဖြစ်ပေါ်နိုင်ပါတယ်။

 

သွေးတိုးရောဂါဖြစ်ခြင်းမှ လျော့ချနည်း

ကိုယ်လက်လေ့ကျင်းခန်းများပြုလုပ်တာ ၊ ပြေးတာ ၊ ရေးကူးတာ ၊ စက်ဘီးစီးတာ၊ အလေးအပင်မတာ နဲ့ စိတ်ဖိစီးမှုကိုလျော့ချတာ များကို ပြုလုပ်ခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ခြင်းမှ လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းကို မနက် ၄၅ မိနစ်နှုန်းဖြင့် တစ်ပတ်ကို ၅ ရက်ပြုလုပ်ပေးပါ။ ပုံမှန်အစားတာ နဲ့ ပုံမှန်အိပ်တာ များကိုလည်း ပြုလုပ်ပေးဖိုလိုတဲ့အပြင် အရက် ၊ ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကျဉ်ပါ။ အစားအစာများကိုလည်း အဆီနည်းတာ ၊ အရွက်စိမ်းများများစားတာ ၊ လတ်ဆတ်တဲ့ အသီးများစားတာ ၊ အငံဓာတ်နဲ့ အချိုဓာတ် အလွန်အကျွံစားခြင်းမှ လျော့ချခြင်းဖြင့် သွေးတိုးရောဂါဖြစ်ခြင်းကို လျော့ချနိုင်ပါတယ်။

Dentists & Dental Clinics (သွား နှင့် ခံတွင်း ဆေးကုခန်းပေါင်း ၇၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Dentists & Dental Clinics

သွေးတိုးရောဂါ ကုသနည်း

သာမာသွေးတိုးရောဂါဖြစ်ပေါ်လာရင် "လက်ခလယ် " ရဲ့ထိပ်ပိုင်းကို ဘောပင်ထိပ်နဲ့ တစ်မိနစ်ခန့်ကြာအောင် ဖိထောက်တာ ၊ခြေဖျားကိုဆန့်ပြီး ခြေမ နဲ့ ခြေညိုးကြားထဲကို လက်ညိုးဖြင့် ထောက်ပြီး အောက်ဘက်သို့ ဖိဆွဲချခြင်း ပြုလုပ်တာ ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်တာ ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်တာများ ပြုလုပ်ပေးခြင်းဖြင့် သာမာသွေးတိုးရောဂါဖြစ်ပေါ်ခြင်းကို သက်သာစေနိုင်ပါတယ်။

 

သွေးတိုးရောဂါဆေး

သွေးတိုးရှိကြောင်း ဆရာဝန်များ နဲ့ပြသ တိုင်းတာ အတည်ပြုပြီးရင် သင့်တော်တဲ့ဆေးများကို ရွေးချယ် သောက်သုံး ဖို့လိုပါတယ်။ Beta - blockers Angiotensin II receptor blockers (ARBs) – ACEI ၊ Calcium channel blockers နဲ့ ALpha - 2 agonists စတဲ့ ဆေးဝါးများကို ဆရာဝန် ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပြီး သောက်သုံးဖြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပေါ်ခြင်းကို သက်သာစေနိုင်ပါတယ်။

Written By Health Products Directory

 

( Zawgyi)

======

ေသြးတိုးေရာဂါ ကုသနည္း

ေသြးတိုးေရာဂါက အခုခ်ိန္တြင္ လူေတာေတာမ်ားမ်ား ရင္ဆိုင္ေနတဲ့ ေရာဂါတစ္မ်ိဳးျဖစ္ေနပါတယ္။ ေသြးတိုးေရာဂါဆိုတာ ေသြးျဖတ္သန္းစီးဆင္းတဲ့ ေသြးလႊတ္ေၾကာမ်ားက ပံုမွန္ေသြးဖိအားထက္မ်ားၿပီး ေသြးေပါင္တတ္ျခင္း ကိုေခၚပါတယ္။ ေသြးတိုးေရာဂါက ကိုယ္လက္ ေလ့က်င့္းခန္းနည္းတာ ၊အငံဓာတ္မ်ားတာ ၊ အဆီပါတဲ့ အစားအေသာက္မ်ား အလြန္အကၽြံစားျခင္းျဖင့္လည္ ျဖစ္ေပၚႏိုင္ပါတယ္။ ေသြးတိုးေရာဂါက ေလျဖတ္တာ၊ နားေတြအူတာ ၊ ႏွလံုးေဖာက္တာ နဲ႔ ဦးေႏွာက္ကိုထိခိုက္လာၿပီး အသက္ပါဆံုးရံူးႏိုင္တဲ့ ေရာဂါတစ္မ်ိဳးလည္း ျဖစ္တဲ့အတြက္ မေပါစသင့္ပါ။

ေသြးတိုးေရာဂါခံစားေနရတဲ့  ေ၀သနာရွင္မ်ားအေနျဖင့္ ဇက္ေၾကာထုိးတက္တာ ၊ ေခါင္းမူးတာ စတဲ့ေ၀သနာမ်ား ခံစားရႏိုင္ေပမဲ့ ဒီေ၀သနာခံစားသူတိုင္း ေသြးတိုးေရာဂါရွိေၾကာင္း အတည္မျပဳႏိုင္ပါ။ ေသြးေပါင္တိုင္းစက္မ်ား နဲ႔ တိုင္းတာၿပီး  အၿမဲတမ္း အေပၚေသြး ၁၄၀ ၊ေအာက္ေသြး ၉၀ ေက်ာ္ေနမွ ေသြးတိုးေရာဂါရွိေၾကာင္း အတည္ျပဳႏိုင္ပါတယ္။ ေသြးတုိးေရာဂါက ေက်ာက္ကပ္ ၊ ႏွလံုး နဲ ဆီးခ်ိဳေသြးခ်ိဳစတဲ့ ေရာဂါကိုပါ ျဖစ္ေပၚေစႏိုင္ပါတယ္။ 

 

ေသြးတိုးေရာဂါ လကၡဏာမ်ား

ေသြးတိုးေရာဂါကလည္း တခါတရံ အသက္အႏၱာရယ္ကို ထိခိုက္လာႏိုင္သည့္တိုင္ေအာင္ ေရာဂါလကၡဏာ ေဖာ္ျပျခင္းမရွိ္တဲ့ ေရာဂါတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ေခါင္းကိုက္တာ ၊ ေမာတာ ၊ ႏွာေခါင္းေသြးယိုတာ ၊ ေခါင္းမူးတာ ၊ အျမင္အာရံုေျပာင္းလဲတာ ၊ ရင္ဘတ္ေအာင့္တာ နဲ႔ ဆီးထဲေသြးပါတာ စတဲ့ လကၡဏာမ်ားျဖစ္ ေပၚတတ္ပါတယ္ ။ တခါတရံ မ်ိဳးရိုးဗိဇေၾကာင့္လည္း ျဖစ္ေပၚႏိုင္ပါတဲ့အျပင္ အဆီဓာတ္ ၊ အငံဓာတ္ မ်ားမ်ားစားသံုးျခင္းကလည္း ျဖစ္ေပၚႏိုင္ပါတယ္။

 

ေသြးတိုးေရာဂါျဖစ္ျခင္းမွ ေလ်ာ့ခ်နည္း

ကိုယ္လက္ေလ့က်င္းခန္းမ်ားျပဳလုပ္တာ ၊ ေျပးတာ ၊ ေရးကူးတာ ၊ စက္ဘီးစီးတာ၊ အေလးအပင္မတာ နဲ႔ စိတ္ဖိစီးမႈကိုေလ်ာ့ခ်တာ မ်ားကို ျပဳလုပ္ျခင္းျဖင့္ ေသြးတိုးေရာဂါ ျဖစ္ျခင္းမွ ေလ်ာ့ခ်ႏုိင္ပါတယ္။ ေလ့က်င့္ခန္းကို မနက္ ၄၅ မိနစ္ႏႈန္းျဖင့္ တစ္ပတ္ကို ၅ ရက္ျပဳလုပ္ေပးပါ။ ပံုမွန္အစားတာ နဲ႔ ပံုမွန္အိပ္တာ မ်ားကိုလည္း ျပဳလုပ္ေပးဖိုလိုတဲ့အျပင္ အရက္ ၊ ေဆးလိပ္ေသာက္ျခင္းကိုလည္း ေရွာင္က်ဥ္ပါ။ အစားအစာမ်ားကိုလည္း အဆီနည္းတာ ၊ အရြက္စိမ္းမ်ားမ်ားစားတာ ၊ လတ္ဆတ္တဲ့ အသီးမ်ားစားတာ ၊ အငံဓာတ္နဲ႔ အခ်ိဳဓာတ္ အလြန္အကၽြံစားျခင္းမွ ေလ်ာ့ခ်ျခင္းျဖင့္ ေသြးတိုးေရာဂါျဖစ္ျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။

Dentists & Dental Clinics (သြား ႏွင့္ ခံတြင္း ေဆးကုခန္းေပါင္း ၇၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Dentists & Dental Clinics

ေသြးတိုးေရာဂါ ကုသနည္း

သာမာေသြးတိုးေရာဂါျဖစ္ေပၚလာရင္ "လက္ခလယ္ " ရဲ႔ထိပ္ပိုင္းကို ေဘာပင္ထိပ္နဲ႔ တစ္မိနစ္ခန္႕ၾကာေအာင္ ဖိေထာက္တာ ၊ေျခဖ်ားကိုဆန္႔ၿပီး ေျခမ နဲ႔ ေျခညိဳးၾကားထဲကို လက္ညိဳးျဖင့္ ေထာက္ၿပီး ေအာက္ဘက္သို႔ ဖိဆြဲခ်ျခင္း ျပဳလုပ္တာ ၊ ကိုယ္လက္ေလ့က်င့္ခန္း ျပဳလုပ္တာ ၊ စိတ္ဖိစီးမႈကို ထိန္းခ်ဳပ္တာမ်ား ျပဳလုပ္ေပးျခင္းျဖင့္ သာမာေသြးတိုးေရာဂါျဖစ္ေပၚျခင္းကို သက္သာေစႏိုင္ပါတယ္။

 

ေသြးတိုးေရာဂါေဆး

ေသြးတိုးရွိေၾကာင္း ဆရာ၀န္မ်ား နဲ႔ျပသ တိုင္းတာ အတည္ျပဳၿပီးရင္ သင့္ေတာ္တဲ့ေဆးမ်ားကို ေရြးခ်ယ္ ေသာက္သံုး ဖို႔လိုပါတယ္။ Beta - blockers Angiotensin II receptor blockers (ARBs) – ACEI ၊ Calcium channel blockers နဲ႔ ALpha - 2 agonists စတဲ့ ေဆး၀ါးမ်ားကို ဆရာ၀န္ ရဲ႕ လမ္းညႊန္ခ်က္အတိုင္း လိုက္နာေဆာင္ရြက္ၿပီး ေသာက္သံုးျဖင္းျဖင့္ ေသြးတိုးေရာဂါ ျဖစ္ေပၚျခင္းကို သက္သာေစႏိုင္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(0 votes)