မနက်ခင်းစာ စားပေးခြင်းက နေ့လည်စာ၊ ညစာများ စားခြင်းထက် ကယ်လိုရင်း လောင်ကျွမ်းမှု ပိုကောင်းမွန်စေပါတယ်။
ဒါကြောင့် မနက်ခင်းစာ စားခြင်းက ကျန်းမာရေးအတွက်ကောင်းမွန်စေပြီး ၊ အစာအိမ်ရောဂါဖြစ်ခြင်းကိုပါ ကာကွယ်ရာရောက်ပါတယ်။ မနက်ခင်းစာစားသုံးခြင်းက တစ်ရက်လုံးခန္ဓာကိုယ် လှုပ်ရှားမှု ၊ ခံစားမှု နဲ့ စွမ်းအင်များကို အထောက်အကူပြုပါတယ်။ဒါအပြင် ခန္ဓာကိုယ်အတွက်လိုအပ်သော အင်ဆူလင်များကို ပိုမိုတိုးပွားစေပါတယ်။
လူတိုင်းနီးပါ အနက်ခင်းစာ စားပြီးမှ တစ်နေ့တာ လုပ်ငန်းများကို စတင်လုပ်ဆောင်တတ်ကျ တဲ့အပြင် မနက်စာစားခြင်းဖြင့် ဇီပျက်စီးမှုကိုလည်းလျော့ချနိုင်ပါတယ်။ မနက်စာမစားသောသူများက မနက်စာစားတဲ့လူများထက် ကျန်းမာရေးချို့ယွင်းပြီး ခံခုအားပိုနည်းပါတယ်။ ခန္ဓာကိုယ်က ညအချိန်များတွင် အစားချေလုပ်ငန်းကို လုပ်ဆောင်ရသောကြောင့် မနက်စာ မစားသော သူများအနေဖြင့် အစာအိမ်ရောဂါများဖြစ်ပွားနိုင်ပါတယ်။
အထူးသဖြင့် မနက်ခင်းလိုအချိန်များတွင် အသီးအရွက်များ ၊ ဥအမျိုးမျိုး ၊ ဒိန်ချဉ် ၊ အသားဓာတ်များ မျှသအောင် စားသောက်ပေးသင့်ပါတယ်။ ဒါပမေဲ့ အသင့်လုပ်ထားတဲ့ အစားအသောက်များကို ရှောင်ကျဉ်ပါ။ အသင့်ထုတ်လုပ်သော အစားအသောက်များက သွေးထဲရှိ အချိုဓာတ်ကို လျှင်မြန်စွာမြင့်တက်စေနိုင်ပါတယ်။
မနက်စာစားခြင်းဖြင့် အစာအိမ်အတွက် ကောင်းမွန်စယုံသာမက နှလုံးကိုပါကျန်းမာစေတာ၊ ခန္ဓာကိုယ်လေးချိန်ကို မျှတစေတာ ၊ သွေးထဲရှိ အချိုဓာတ်များကိုလည်း ထိန်းချိုပ်နိုင်တာ၊ တနေ့တာလုပ်ငန်းများကို ကောင်းမွန်စွာလုပ်ကိုင်နိုင်တာ စတဲ့ကောင်းကျိုးများရရှိ နိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
မနက်စာစားခြင်းက ခန္ဓာကိုယ်ကို ပိုပြီးကျန်းမာစေ
Opticians (မျက်စိ စမ်းသပ်ခန်းပေါင်း ၁၅၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)