What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 April 2020 10:52

မိမိဆန္ဒအလျောက် ဆေးစစ်ချက် အခမဲ့ ခံယူနိုင်မယ့် တောင်ကိုရီးယား ကိုဗစ်အစစ်ခံရုံငယ်များ

90251442_832926683874316_4730726126572273664_n.png

 

တောင်ကိုရီးယားဆေးရုံအချို့မှ ကိုဗစ်ဆေးစစ်ဖို့ ဖုန်းရုံလေးတွေ အစီအရီ ထားရှိပေးထားပြီး မည်သူမဆို မိမိဆန္ဒအလျောက် ဆေးစစ်ချက် အခမဲ့ ခံယူနိုင်ပါတယ်။ အစစ်ခံလိုသူက ဆေးဘက်ဆိုင်ရာဝန်ထမ်းနဲ့ ဦးစွာပထမ အင်တာကွန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးရပါတယ်။

 

ပြီးရင် ကျန်းမာရေးဝန်ထမ်းက လေလုံအောင် စီမံထားတဲ့ အပေါက်နှစ်ခုမှတစ်ဆင့် ရာဘာလက်အိတ်ရှည် အကာအကွယ်ယူကာ ဆေးစစ်ခံသူရဲ့ နှာခေါင်းနဲ့ လည်ချောင်းတို့မှ နမူနာ ရယူပါတယ်။ ဆေးစစ်ချက်ဟာ အချိန် ၇ မိနစ် ကြာမှာ ဖြစ်ပါတယ်။ ဖုန်းရုံတွေမှာ လေယိုစိမ့်မှု မဖြစ်ပွားအောင် ရုံအတွင်းလေဖိအားကို ထိန်းပေးထားတယ်။

 

လူတစ်ဦး စစ်ဆေးနမူနာ ပေးပြီးတိုင်း ရုံကို ပိုးသတ်တယ်။ လေထွက်လေဝင် လုပ်ပေးတယ်။ Yanji ဆေးရုံအုပ်က အခုလို ရှင်းပြတယ်။ ကျွန်တော်တို့ အခန်းကျယ်ထဲမှာ နမူနာယူတာကို လုပ်ခဲ့တယ်။ ပြီးရင် တစ်ခန်းလုံးကို ပိုးသတ်ကြရတာ အချိန်အတော်ကြာတယ်။ 

 

ကျွန်တော်တို့ တစ်နေ့ကို နမူနာ ရှစ်ဦး ကိုးဦးလောက်ပဲ ယူလို့ ပြီးစီးတယ်။ အခု ထိထိရောက်ရောက်လုပ်နိုင်လို့ ၁၀ ဆ နီးပါးတိုးသွားတယ်။ တစ်နေ့ကို လူ ၇၀ ဦးကနေ ၈၀ ဦးအထိ လုပ်ကိုင်ပြီးစီးတယ်။ အခန်းကျဉ်း ရုံထဲ တစ်ကြိမ်ကို လူတစ်ဦးသာ လက်ခံဆောင်ရွက်ပေးတာမို့ ပိုစိတ်ချရတယ်။

 

တောင်ကိုရီးယားက လူအမြောက်အမြားတို့ကို ဆေးစစ်ပေးခြင်းဖြင့် ပိုးကူးစက်တာကို ရပ်တန့်စေတာအတွက် ချီးကျူးခံရတယ်။ မတ်လ ၁၉ ရက်မှာ နှစ်သိန်း ကိုးသောင်းကျော်ကို စစ်ဆေးပေးပြီးပြီ။ 

 

တောင်ကိုရီးယားဟာ တစ်ချိန်တုန်းက တရုတ်နိုင်ငံပြင်ပမှာ ပိုးကူးစက်မှု အမြင့်မားဆုံး ဖြစ်ခဲ့ဖူးပါတယ်။ မတ်လ ၁၉ ရက်မှာ ကူးစက်သူအသစ် ၁၅၂ ဦး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က နေ့စဉ်နှုန်း အမြင့်ဆုံး ဖြစ်ခဲ့တာ ၉၀၉ ဦး ရှိခဲ့တာမို့ လျော့ကျလာတာ ဖြစ်ပါတယ်။ 

 

တိုင်းပြည်မှ မတ်လ ၁၉ ရက်အထိ ကူးစက်သူ ၈၅၆၅ ဦး ရှိပြီး သေဆုံးသူ ၉၁ ဦး ရှိပါတယ်။

90165828_212716063139335_1462378197545910272_n.png

Ref: South China Morning Post

Read times Last modified on Thursday, 02 April 2020 11:00
Rate this item
(0 votes)