What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 April 2020 20:28

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးထောင်ကျော်နှင့် ကူးစက်ခံရသူ နှစ်သိန်းကျော်လာ

90251442_832926683874316_4730726126572273664_n.png

 

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်သန်းနီးပါးအထိရှိနေစဉ်တွင် အမေရိကန်၌ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမှာ ၅၀၀၀ ကျော်ရှိလာပြီဖြစ်သည်။

 

နိုင်ငံအတွင်း၌ ၂၄ နာရီအတွင်း လူ ၈၈၄ ဦးသေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်းသေဆုံးမှုမှာ စံချိန်တင်ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များတွင် ဖော်ပြထားသည်။

 

၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူမှာလည်း ၂၅၀၀၀ ကျော်အထိရှိနေပြီး အဆိုးရွားဆုံးနေရာမှာ လူ ၄၇၅၀၀ ဗိုင်းရပ်စ်ကူးစက်ခံရကာ ၁၃၀၀ ကျော်သေဆုံးခဲ့သည့် နယူးယောက်မြို့တွင်ဖြစ်သည်။

 

နောက်ဆုံးသေဆုံးသူမှာ အသက်ခြောက်ပတ်သာ အရွယ်ရှိသည့် ကလေးငယ်တစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၆၀၀၀ ကျော်ရှိနေသဖြင့် ကမ္ဘာ့စံချိန်တင် အရေအတွက်ဖြစ်သည်။

 

အမေရိကန်သည် ဗိုင်းရပ်စ်ကြောင့် လူ ၁၃၀၀၀ ကျော်သေဆုံးခဲ့သည့် အီတလီနိုင်ငံကဲ့သို့သော အလားတူလမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း အမေရိကန်သမ္မတက သတိပေးပြောဆိုထားသည်။

 

ထို့ပြင် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါကြောင်း အမေရိကန်တွင် လူပေါင်း နှစ်သိန်းလေးသောင်းကျော်သေဆုံးနိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားကြသည်။

90165828_212716063139335_1462378197545910272_n.png

BBC Burmese

Read times
Rate this item
(0 votes)