ဒီလို ဆိုးရွားတဲ့ နှလုံးရောဂါ စတင်လာနေပြီ၊ အစပျိုးနေပြီ ဖြစ်ကြောင်း ကြိုတင်သိရှိနိုင်တဲ့ နိမိတ်လက္ခဏာတွေ ရှိပါတယ်။ ဒါတွေကို မျှဝေပေးချင်ပါတယ်။
လက္ခဏာတွေကတော့
၁။ အိပ်နေစဉ် အသက်ရှူရပ်ခြင်း၊
၂။ အဝါရောင် အင်ပြင်များ ထခြင်း၊ (တကယ်တော့ ဒါတွေက ကိုလက်စထရောတွေပါ)
၃။ မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်း၊
၄။ လက်သည်းတွင် အမည်းစက်များ ပေါ်လာခြင်း၊
၅။ မကြာခဏ မူးဝေခြင်း၊
၆။ လိင်မှု စွမ်းဆောင်ရည် ကျဆင်းခြင်း၊
၇။ အသားအရေ နဲ့ အသားအရောင် ပြောင်းလဲလာခြင်း၊
၈။ သွားဖုံး သွေးယိုခြင်း၊
၉။ အရေပြားပေါ်တွင် အညိုအမည်း စွဲခြင်း၊
၁၀။ အသက်ရှူရ ခက်ခဲခြင်း၊
၁၁။ ခြေထောက်များ ယောင်ကိုင်းလာခြင်း၊
၁၂။ မောပန်းနွမ်းနယ်လာခြင်း၊ စတာတွေဖြစ်ပါတယ်။
ဒီလက္ခဏာတွေထဲက တချို့တလေ ရှိလာပြီဆိုရင် နှလုံးရောဂါ ဝေဒနာ စွဲကပ်ဖို့ အစပြုနေပြီဆိုတဲ့အကြောင်း ခန္ဓာကိုယ်ဆီက အသိပေးနေတဲ့ နိမိတ်စကားပဲဖြစ်ပါတယ်။
မိမိမှာ ဒီ လက္ခဏာတွေ ရှိနေပြီဆိုရင် သတိထားဖို့ လိုအပ်မှာ ဖြစ်ပြီးတော့ ပြင်းထန်တဲ့ ရောဂါအဆင့်ကို ရောက်မလာစေဖို့ ကာကွယ် ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ
နှလုံးရောဂါ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေ အများအပြား ရှိပါတယ်။ အဓိက အကြောင်းအရင်းတွေကတော့ ဆေးလိပ်၊ အရက် သောက်သုံးတာ၊ သွေးတိုး ရှိတာ၊ အဝလွန်တာ၊ မျိုးရိုးလိုက်တာ စတာတွေ ပါပဲ။
ဒါ့အပြင် သွေးထဲမှာ အဆီဓာတ် (Cholesterol) တွေ တအားများနေရင်လည်း နှလုံးရောဂါ ပုံစံ တစ်ခု ဖြစ်တဲ့ သွေးကြောများ မာပြီး ပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေး ဆိုတာဟာ နှလုံးကို အောက်စီဂျင် သယ်တဲ့ တာဝန်ကို လုပ်တယ် ဆိုတာ သိထားပြီးသား ဖြစ်ပါတယ်။ ထို့ကြောင့် တကယ်လို့ နှလုံးက လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ သွေးကို မရပါက ရင်ဘတ်အောင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးတာ၊ သင့်လျော်တဲ့ လေ့ကျင့်ခန်း ပြုလုပ်တာ၊ ဆေးဝါး ပုံမှန် မှီဝဲတာနဲ့ ကိုယ်အလေးချိန် လျှော့ချတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဆေးလိပ်နဲ့ အရက်သောက်သုံးတာ၊ ကွမ်းနဲ့ ဆေးရွက်ကြီး သုံးစွဲတာတွေကလည်း နှလုံးရောဂါ စွဲကပ်နိုင်ခြေ ကို တိုးစေတာမို့ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် နေထိုင်မှု ပုံစံမျိုးကို ပြောင်းလဲ နေထိုင်တာဟာ နှလုံးရောဂါ စွဲကပ်နိုင်ခြေ ကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်တယ် ဆိုတဲ့ အကြောင်းလည်း သိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Source: Hello Sayarwon
Myanmar Health Products Guide