What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 August 2022 15:38

အစာအိမ်ရောင်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ

အစာအိမ်ရောင်ရောဂါရှိသူများသည် ရံဖန်ရံခါမှသာ လက္ခဏာပြတတ်သည်။

အဖြစ်များသော ရောဂါလက္ခဏာများမှာ

အစာစားချင်စိတ် မရှိခြင်း

ပျို့ခြင်း၊ အန်ခြင်း

ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း

အစာစားပြီးနောက် ပြည့်တင်းခြင်း

အစာအိမ်ရောင်ခြင်း (Gastritis)

အစာအိမ်အမြှေးပါးတွင် သွေးထွက်ပါက အောက်ပါရောဂါလက္ခဏာများကိုပါ တွေ့ရပါမည်။

ဝမ်းမည်းသွားခြင်း

သွေးအန်ခြင်း၊ ကော်ဖီရောင် အရည်များအန်ခြင်း

အစာအိမ်ရောင်ခြင်းကို ဘာတွေကဖြစ်စေသလဲ

အဖြစ်များသော အကြောင်းရင်းများမှာ

Aspirin နှင့် အခြားစတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများ အသုံးပြုခြင်း

အရက်အလွန်အကျွံသောက်ခြင်း

Helicobactor pylori အစာအိမ်ပိုးကူးစက်ခြင်း

အခြားအကြောင်းရင်းများမှာ

ကိုယ်ခံအားစနစ်မှားယွင်းမှုကြောင့် မိမိခန္ဓာကိုယ်မှ ဆဲလ်များကို ပြန်လည်တိုက်ခိုက်သောရောဂါ (ဥပမာ – pernicious anemia)

အစာအိမ်အတွင်းသို့ သည်းခြေရည်များစီးဝင်ခြင်း

ကိုကိန်းအလွဲသုံးစားပြုခြင်း

telegram1.jpg

အစာအိမ်ရောင်ခြင်း ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အစာအိမ်ရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေသော အကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-

အကိုက်အခဲပျောက်ဆေးများ မကြာခဏအသုံးပြုခြင်း

အသက်ကြီးခြင်း

စိတ်ဖိစီးမှု

အရက်သောက်ခြင်း

အခြားကူးစက်ရောဂါများ (ဥပမာ-ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ အူလမ်းကြောင်းရောင်ရမ်းသောရောဂါ Crohn’s disease၊ အခြားဘက်တီးရီးယားကြောင့် ဖြစ်သောကူးစက်ရောဂါများ)

အစာအိမ်ရောင်ခြင်းကို ဘယ်လိုအတည်ပြုပါသလဲ

အစာအိမ်ရောင်ခြင်းကုသမှုသည် လူနာ၏ ရောဂါလက္ခဏာများအပေါ်တွင် မူတည်သည်။ တိကျမှုရရှိရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကိုအသုံးပြုလိမ့်မည်။

အစာအိမ်မှန်ပြောင်း ကြည့်ခြင်း

အစာအိမ်ပိုး Helicobacter Pylori စစ်ခြင်း

ရောဂါအဖြေရှာရန် အစာအိမ် တစ်ရှူးစယူခြင်း

သွေးစစ်ခြင်း

ဝမ်းတွင် သွေးပါသလားစစ်ခြင်း တို့ နဲ့ စစ်ဆေးအတည်ပြုပါတယ်။

Hello Sayarwon

Myanmar Health Products Guide

telegram.jpg

Read times
Rate this item
(8 votes)