What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 08 September 2022 14:32

ကိုဗစ်ရောဂါပြည်တွင်းကူးစက်မှုရက်ပိုင်းအတွင်း ရာချီတိုး၊ တစ်ပတ်အတွင်း သေဆုံးသူ ၃ ယောက် ရှိ

ကိုဗစ်ရောဂါပြည်တွင်းကူးစက်မှုရက်ပိုင်းအတွင်း ရာချီတိုး၊ တစ်ပတ်အတွင်း သေဆုံးသူ ၃ ယောက် ရှိ together.stjude.org

ကိုဗစ်ရောဂါကူးစက်မှုတွေရက်ပိုင်းအတွင်း ရာချီတိုးလာပြီး ရက်သတ္တပတ်အတွင်းသေဆုံးသူ ၃ ယောက်အထိရှိလာတာကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။

 

ထုတ်ပြန်တဲ့စာရင်းတွေအရ မနေ့စက်တင်ဘာ ၇ ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ ကိုဗစ်ကူးစက်သူပေါင်း ၂၂၃ ဦးရှိပြီး အဲဒီထဲမှာ ပြည်တွင်းကူးစက်မှု ၂၀၉ ဦးအထိရှိလာနေပါတယ်။

 

ကိုဗစ်နဲ့လူသေဆုံးမှုမရှိခဲ့တာ ရက်ပေါင်း ၁၂၆ ရက်ကြာမြင့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်မှာ သေဆုံးသူတစ်ဦးပြန်စရှိလာပြီး အဲဒီလထဲမှာပဲ သေဆုံးသူ ၄ ဦးအထိရှိခဲ့တာပါ။

youtube1.jpg

အခုစက်တင်ဘာလထဲမှာတော့ ပထမပတ်တစ်ပတ်တည်းမှာတင် သေဆုံးသူ ၃ ဦးအထိဖြစ်လာပြီး ကူးစက်မှုတွေဟာလည်း နေ့စဥ် ဆယ်ဂဏန်းရှိရာကနေတရိပ်ရိပ်တိုးလာပြီး ရက်ပိုင်းအတွင်း ၂၀၀ ကျော်အထိဖြစ်လာတာတွေ့ရပါတယ်။

 

ဒီစာရင်းတွေဟာဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ရရှိထားတဲ့စာရင်းတွေဖြစ်ပြီးကျန်းမာရေးဌာနတွေဆီမဆက်သွယ်ဘဲ နေအိမ်မှာတင် ကူးစက်မှုကို ကုသနေကြသူတွေရှိနေသလိုပြင်ပဆေးရုံဆေးခန်းတွေမှာလည်း ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးလာရောက်ကုသသူတွေရှိသလိုကူးစက်မှုတွေလည်းတွေ့နေရတယ်။

 

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နဲ့သူ့ရဲ့မျိုးစိတ်အသစ်တွေကို သတိထားဖို့ လိုအပ်ပြီးထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံဖို့ ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်နေသလို သမားတော်ကြီးတွေကလည်းတိုက်တွန်းထားပါတယ်။

 

​BBC  Burmese

Myanmar Health Products Guide

youtube.jpg

Read times Last modified on Thursday, 08 September 2022 14:45
Rate this item
(0 votes)